filmov
tv
The River, Our Ayeyarwaddy (Documentary Film)

Показать описание
▪️ ရဲဘော် ဖေမောင်စိမ်း နဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေ ရိုက်ကူးခဲ့တဲ့ The River , Our Ayeyarwaddy
မြန်မာဓာတ်ပုံဆရာတွေ၊ သတင်းထောက်တွေနဲ့ ကဗျာဆရာတွေဟာ ဧရာဝတီမြစ်ရိုးအတိုင်း သင်္ဘောတစင်းနဲ့ ဆန်တက်လာကြတယ်။ မြစ်ဟာ မြောက်ဖျားပိုင်း မြစ်ဆုံကနေစလို့ ဧရာမဆည်ကြီးတွေဆောက်ဖို့ စိုင်းပြင်းခြင်းခံနေရပြီဖြစ်ပါတယ်။
လူလွန်မသားတွေက
အမေ့ရင်ဘတ်ထဲက နှလုံးသားနဲ့တူတဲ့
အဖိုးတန်သယံဇာတတွေ
အငမ်းမရ ခေါ်ထုတ်ကြ
ပက်ပက်စက်စက်သွေးစုပ်ကြ
လောဘကြောမတက်နေကြပြီ … အမေ …
လူဆိုးလူမိုက် ဓားပြမုဒိမ်းတွေကို
အိမ်ဦးခန်းထားမိတဲ့ မြစ် …
အသည်း အူ နှလုံး ကျောက်ကပ်တွေ
ဆွဲနှုတ်ခံနေရပေမယ့်
သက်ဆိုးရှည်နေတဲ့ မြစ် …
အမေရေ … အမေ့မှာတော့ ငါးခုံးမတကောင်ကြောင့်
တမြစ်လုံး ပုပ်ခဲ့ရပြီ။
ကင်မရာကရိုက်ချက်တွေနဲ့ ကဗျာဆရာရွတ်ဖတ်လိုက်တဲ့ ကဗျာသံတို့ဟာ ကဗျာဆရာညွှန်းဖွဲ့တဲ့ အားလုံးရဲ့ မိခင် ဧရာဝတီရဲ့ မြစ်ရိုးအတိုင်းသွားနေရင်း အဲဒီမြစ်ပေါ် စီးပွားရှာနေတဲ့ ဝိသမလောဘသားတွေအကြောင်း၊ သူတို့ကြောင့် နာတာရှည်ရောဂါသည်ဖြစ်လာတဲ့ မြစ်ကြီး နဲ့ အန္တရာယ်ကျရောက်လာနေတဲ့ သန်းပေါင်းများစွာသော လူ အစ ငါးအဆုံး သက်ရှိသတ္တဝါတွေအားလုံးရဲ့ အခြေအနေ တစိတ်တဒေသတို့ကို ပြောပြလို့နေပါတယ်။
The River, Our Ayeyarwaddy အမည်ရ မှတ်တမ်းရုပ်ရှင်ကားကို ရဲဘော် ဖေမောင်စိမ်း နဲ့ သူ့ရဲ့ ရဲဘော်ရဲဘက် တေဇာဝင်းထွန်းတို့ အတူတူရိုက်ကူးခဲ့ကြပြီး အဓိကကင်မရာရိုက်ကူးချက်တွေနဲ့ တည်းဖြတ်မှုအပိုင်းတွေကို ရဲဘော် ဖေမောင်စိမ်းက အစအဆုံး တာဝန်ယူဖန်တီးခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းကို ၂၀၂၂၊ မေလ ၂၈ ရက်နေ့က ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဖမ်းဆီးခဲ့ပြီး မတရားထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ အကျဉ်းထောင်ထဲမှာ စစ်ကြောရေးကာလ ညှင်းပမ်းနှိပ်စက်ခံရမှုဒဏ်တွေကြောင့် ကျန်းမာရေးချို့တဲ့ခဲ့ပေမယ့် ပုံမှန်ဆေးကုသခွင့်မရဘဲ ရောဂါကျွမ်းချိန် ဩဂုတ် ၁၆ ရက်နေ့ရောက်မှ ထောင်ကနေလွှတ်ပေးခဲ့ပါတယ်။ ထောင်ကလွတ်ပြီး ၃ ရက်အကြာ ၂၀၂၄ ဩဂုတ် ၁၉ ရက်နေ့ မှာ ဆေးကုသမှုခံယူနေတုန်းမှာဘဲ ရဲဘော်ဖေမောင်စိမ်း ကျဆုံးခဲ့ရပါတယ်။
ဒီ မှတ်တမ်းရုပ်ရှင်ဖြစ်မြောက်ရေးမှာ သွေးတပိုင့်ချွေးတပြိုက် ပါဝင်ရင်းနှီးခဲ့ကြတဲ့ ရဲဘော်ရဲဘက်အပေါင်းကို ကျေးဇူးမှတ်တမ်းတင်ရင်း ကျဆုံးသွားပြီဖြစ်တဲ့ ရဲဘော်ဖေမောင်စိမ်း ကို ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်။
#SpringRevolution
#PVTV
#Documentary
#TheRiver,OurAyeyarwaddy

Комментарии