filmov
tv
video1712650369

Показать описание
Dummies
Printing Designs တွေအတွက် Dummy ဟာအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
Dummy ချိုးတယ် Dummy ခေါက်တယ် စသည်ဖြင့်ပြောကြတာကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် မလုပ်ဖြစ်ကြတာများပါတယ်။ အသုံးဝင်မှန်းသိပေမယ့် အချိန်မရလို့ မလိုအပ်ဖူးထင်လို့ဆိုပီး မေ့ထားတတ်ကြပါတယ်။ များသောအားဖြင့်တော့ Designs လုပ်မယ်ဆို Sketch ချတာ Dummies ခေါက်တာလုပ်နိုင်ရင်ပိုကောင်းပါတယ်။
စာရွက်ပေါ်မှာတင် Design တစ်ခုလုံးကို နေရာချထားပီး အညွှန်းတွေထည့်ထားလိုက်ရင် တကယ် Software ထဲမှာလုပ်ပီဆို အင်မတန်အထောက်ကူဖြစ်ပါတယ်။ အဲ့ချိန်မှာ ဘယ်လိုပုံစံလုပ်မယ် ဘယ်ပုံနဲ့စာနဲ့တွဲမယ် ဘာကာလာသုံးမယ်စသဖြင့်စဉ်းစားစရာသိပ်မလိုတော့ပဲ Application ကိုပဲ အာရုံစိုက်ဖို့လိုတော့တယ်။ စာရွက်ပေါ်မှာ ဘယ်လိုလုပ်ထားတယ်ဆိုတာကို ပုံဖော်ရုံပါပဲ။
နောက်တခုက ချိုးလိုင်းနဲ့ Margin ပေါ့
တကယ်လို့ Design တစ်ခုဟာ ပုံနှိပ်စက်နဲ့ Print ထုတ်မယ်ဆိုရင် ကာလာမှာ CMYK, Resolution မှာ 300 Dpi ဖြစ်ရမယ့်အပြင် ကိုယ့် Design ဟာဘယ်လို Paper နဲ့ထုတ်မလဲပေါ်မူတည်ပီးပြင်ဆင်ရပါသေးတယ်။ ဥပမာ သုံးခေါက်ချိုး Pamphlet တခုကို 300gsm ArtCard နဲ့ထုတ်မယ်၊ အလယ်မှာ ချိုးလိုင်း 2 ခုထည့်ရမယ်။ အဲ့ဒီမှာ ချိုးလိုင်းအကွာအဝေးအတူတူထားရင် ညာဘက်အစွန်ကအကန့်ကိုခေါက်လိုက်တော့ အလယ်မှာသွားထောက်နေတတ်တယ်။ ဘယ်ဘက်အစွန်ကအကန့်ကို ခေါက်လိုက်ပြန်တော့ အလယ်မှာထောက်နေတဲ့အတွက် ညာဘက်အစွန်ကို မဖုံးမိပဲ တိုနေတတ်တယ်။ အဲ့ဒါ စာရွက်အထူမှာ ချိုးလိုင်းပေးရင် အကွာအဝေးတူတူထားလို့ဖြစ်တာ။ A Side ရဲ့ ဘယ်ဘက်ဆုံးအကန့်နဲ့ B Side ရဲ့ ညာဘက်ဆုံးအကန့်ကို နဲနဲကျဉ်းထားပီး ကျန်နှစ်ကန့်ကို နဲနဲကျယ်ထားမှအဆင်ပြေမယ်။ ဥပမာ တစ်ပိုင်းကို အကျယ် 4 လက်မဆို အခုနပြောတဲ့ကျဉ်းရမယ့်အကန့်တွေမှာ .2 in လျှော့ပီး 3.8 in ထား၊ကျန်တဲ့အကန့်တွေကို 4.1 ထားရင်ရပီ။ Size လည်းမလျော့တော့ဘူး ဖြန်ပစ်ရင်ဆိုဒ်လျော့မယ်။ Local Clients ဆိုကိစ္စမရှိဘူး။ Foreign ဆိုတချို့က ဆိုဒ်မှန် မမှန် ပေတံနဲ့ထိုင်စောင့်နေတာ 😁 ကာလာငြိမ် မငြိမ်စာရွက်ကို ထွေကြည့်သေးတာ 😥 ဒါကချိုးလိုင်းကိစ္စ။
Margin ချန်တာလည်း စာရွက်အထူကို အလယ်ချုပ် နဲ့ Booklets Printing လုပ်ပီးဆို စာရွက်များရင် အလယ်ကခေါက်လိုက်တော့ အတွင်းစာရွက်တွေကဘေးလျောထွက်လာတယ်။ စာရွက်ကလည်း ကတ်ထူဆို ပိုဆိုးတယ်။ အဲ့မှာချုပ်ပီးတော့ ဘေးတိရပီဆို အလယ်ကစာရွက်တွေကမလွတ်တော့ဘူး 😢 အဲ့ဒါမျိုးကျ ဘယ်ညာ Margin တွေကို သုံးပိုင်းခွဲထားလိုက်တယ်။ ဥပမာ A4 24 Pages ဆို A3 6 ရွက်ထပ်ရမယ်။ အဲ့မှာ ပထမ 4 မျက်နှာတစ်စုကို Margin .5in ထားရင် ကျန်တဲ့ ကျန်တဲ့ဒုတိယ 4 မျက်နှာကို .6in နဲ့ တတိယ 4 မျက်နှာကို .75in ထားလိုက်တယ်။ နောက်ထပ် ဘေးကချုပ်တဲ့ Tape, Ring စသည်တို့အတွက်တော့ Margin ကို မ ဂဏန်း စာမျက်နှာတွေက ဘယ်ဘက်မှာထားရပီး စုံဂဏန်းစာမျက်နှာက ညာဘက်မှာထားရတယ် Multi Margin လုပ်တယ်ခေါ်တာပေါ့ အဲ့ဒါမှကျောကပ်ထုတ်ရင် တထပ်တည်းကျမယ်လေ ... အဲ့လိုလုပ်တတ်တာဘာကြောင့်လဲဆိုတော့ လျော်ခဲ့ရလိုပဲ 😁။ အဲ့ပြဿနာကို များသောအားဖြင့် Menu တွေနဲ့ Company Profile၊ Catalogues တွေထုတ်တာမှာအဖြစ်များတယ်။