မတူညီမှုတွေပေါ် စုစည်းနိုင်ရင် အင်အားဖြစ်ပါတယ်

preview_player
Показать описание
မတူညီမှုတွေပေါ် စုစည်းနိုင်ရင် အင်အားဖြစ်ပါတယ် (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅


မြန်မာနိုင်ငံမတည်ငြိမ်မှုတွေနဲ့ပြည်တွင်းစစ် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးမှုရလာဒ် ငွေဆောင်သဘောတူညီချက် ၇ ချက်ဆိုပြီး ထွက်ပေါ် လာခဲ့တဲ့အပေါ် နိုင်ငံရေး အင်အားစုတွေအကြား ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ရှိလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး နဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေး အပါအဝင် အချက် ၇ ချက်ပါဝင်တဲ့ ငွေဆောင်သဘောတူညီချက်ဆိုတာ ပြည်သူလူထုကို ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မဟုတ်ဘူးလို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။

ဆွေးနွေးပွဲရလာဒ်အပေါ် ဝေဖန်မှုတွေ၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရေးတောင်းဆိုမှုတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးကို မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #ဦးမြအေး #၈၈ကျောင်းသားခေါင်းဆောင်ဟောင်း #ငွေဆောင်သဘောတူညီမှု #ဒေါ်အောင်ဆန်းစုကြည် #စစ်ပွဲ
Комментарии
Автор

စကစ ဘက်ကဖြစ်ခဲ့သမျှတေကို ဝန်ခံပီး အပြစ်တေခံယူ ပီးမှ စစ်တန်းလျားပြန်ဆိုရင်တော့ okပါတယ်...ဦးမြအေး မအလကို အရင်ဆွေးနွေးစေချင်တယ်

FamilyMobile-br
Автор

ဦးမြအေး ကို လေးစားပါတယ် ဒါမယ့် ငြိမ်းချမ်းစွာတောင်းဆိုခဲ့တာ နှစ်၇၀ကျော်ပြီ အခုထိမရခဲ့ဘူး ပြည်သူတွေပဲအသက်သေခဲ့ရတာ

kyawkonaing
Автор

ကိုမြအေး ရေ သက်သက်ညှာညှာဝေဖန်ရရင်
ခင်ဗျာ့ ဒဿနတွေ မြောင်းထဲပစ်လိုက်ပါလို့။ ဘာဖြစ်လို့လဲ သိပါသလားလို့မေးရရင်တော့ ဒီနေ့

minnminn
Автор

ဦးမြအေးရယ်ဆရာဟာ
၈၈မျိုးဆက်တစ်ယောက်
ဆိုတာကိုကျနော်တို့သိပါတယ် ဆရာတို့အနေနဲ့လည်း
ဒီစစ်ခွေးတွေနဲ့ဆွေးနွေးလည်း
အစကတော့မီးကျောင်းလိုလို
ဘာလိုလိုနဲ့ကြာလာတော့
ဖွတ်လို့ပဲမြင်လာမိပြီ

TunSoe-zczs
Автор

ကိုမြအေးတို့ရဲ့ အချိန်မဟုတ်သေးပါဘူး။
ဘာမှမပြောရင် ပိုကောင်းပါတယ်။
တိတ်တိတ်နေခြင်းဖြင့် ကူညီ‌ပါ ကိုမြအေးရေ။

CaptWizard
Автор

စစ်ပွဲတွေရပ်ဖို့ ပြောသလို ပြည်သူကို ဗုံးကျဲနေတာတွေ ရပ်ဖို့ အရင်ပြောပါ

thethtetsone
Автор

စကစ ကို အမြစ်နုတ်ပြိးမှ
ကျန်တာကိုဆက်လုပ်ကြပါ...
ခွေးပုလ္လင်ပေါ်ရှိနေသ၍ ဘာလုပ်လုပ်
အဆင်မပြေနိုင်ဘူး... 2:21
ဒီကနေ့ အခင်းကျင်းက နားလည်အောင် နာနာရိုက်ပြီး အမှတ်ရှိအောင် အစွယ်ချိုးရမဲ့ တိုက်ပွဲပါ.. ကျက်သရေခန်းမှာခွေး၀ဲစားတွေ ရှိနေရင်

ThaZinNwe-uj
Автор

ခများကြီး ဒါကြောင့်အနားယူပါတော့ လူငယ်တွေတာဝန်ထားပါ စိတ်မပူပါနဲ့လို့

AnnoyedPottery-rikg
Автор

ဘဘကြီးမင်းအောင်လှိုင်ကို အရင်စည်းရုံးပါဗျ

ilovebeingBuddhist
Автор

လုပ်ရင်လဲးအေးဆေးလုပ်ပါ စစ်ခွေးအကြိုက်တော့မလုပ်နဲ့ ကိုယ်တိုင်လုပ်ယူရမဲ့ ဒီမိုကရေစီလား

nwayookhing
Автор

စကစနဲ့ဆွေးနွေးတာအဖြေမဟုတ်ဘူး နိုင်ငံတော်သစ်မှာ

notesofhistory-st
Автор

စကားပြောတဲ့လူကအလုပ် !!!လုပ်တဲ့သူက စကားသိပ်မပြောကြဘူးး !!

hsihlwann
Автор

အဲ့ဒီလိုလုပ်လိုက်ရင် ပြည်သူတွေရဲ့ဆန္ဒနဲ့ လွဲချော်သွားပါလိမ့်မယ် ပြည်သူလိုချင်တာ

PyaeSone-lo
Автор

ဦးမင်းကိုနိုင်တို့ ဦးဇာဂနာတို့လို မြအေးတို့ ကိုကိုကြီးတို့မှာ စိတ်ဓာတ်မခိုင်မာဘူး ဟိုကူး ဒီကူးလုပ်ချင်နေတဲ့ သဘောတွေ ပါတယ်

kokokyaw
Автор

ခဗျား နားသင့်နေပြီ။ လူငယ်တွေကိုနေရာပေးပါ

CyberBroGaming
Автор

လက်ရှိ တိုင်းပြည်ရဲ့အချေအနေနဲ့ တွေးပုံတွေးနည်းတွေမတူညီတာတွေက သဘာဝပါ၊ဒါကိုအပြစ်လို့မြင်ပြီး ဖေးဖေးမမနဲ့ လက်တွဲကြပြီး

UKyaw-mlwe
Автор

ဝဲဂယက်မှာ လည်နေတယ်၊ ရှေ့လဲ မလျှောက်နိုင်ဘူး ဆိုရင် ဘေးထိုင်လိုက်ပါ၊၊

kyawkyawminn
Автор

ဘာမှပြောမနေနဲ့ကွာ အာဏာရှင်ကို အမြစ်ဖြုတ် မယ်ကွာ အနိုင်တိုက်မှ ကိုရမှာ ရှင်းရှင်းလေး မင်းတို့ ပါချင်ရင် ကိုမင်းကိုနိုင်လို လုပ် ဒါပဲ

yarzar
Автор

နောက်ဆုံးစကားလေးကအသက်ပါ ကိုမြအေးရေ။ မတူညီတာတွေကိုစုစည်းနိုင်ကြရင် အင်အားဖြစ်လာမှာပါ။ အမြင်ကျယ်ဖို့ပဲလိုတယ်

kyawkokowin
Автор

မတူညီတဲ့ကိစ်စ
ဘယ်လိုစုစည်းလို့ရမှာလည်း
တူညီမှစုစည်းလို့ရမှာပေါ့
ကြိုဆိုပါတယ်

ThanOo-xc