စစ်တပ် အာဏာသိမ်းပြီးကတည်းက NCA ကိုပျက်ပြယ်သွားပြီလို့ လက်မှတ်ထိုးအဖွဲ့ ၃ ဖွဲ့ ထုတ်ပြန်

preview_player
Показать описание
NCA စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာစစ်တပ်က အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်သွားပြီဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ အဖွဲ့သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းမှုက NCA အခြေခံမူတွေကို ဖျက်ဆီးပစ်သလို ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေလို့ NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ် နဲ့ ဆွေးနွေးပွဲ လမ်းကြောင်းတွေ ရပ်တန့်သွားပြီ လို့ ဘုံသဘောထားကြေညာချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်တပ်က မြေပြင်တင်မက လေကြောင်းကနေပါ အင်အားသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ NCA ကို ပျက်ပြယ်စေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကို စွန့်လွှတ်လိုက်တာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့က ဆိုပါတယ်။
NCA ရဲ့အခြေခံမူတွေထဲမှာ နိင်ငံရေးပြဿနာကို စစ်ရေးနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့တွေ ပါဝင်ခဲ့ပေမယ့် စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ရေးအရဆက်ပြီး တိုက်ခိုက်ခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဘုံရည်မှန်းချက်အနေနဲ့ အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းကာ ရွေးကောက်ခံ အစိုးရ လက်အောက်မှာထားဖို့၊ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ ဥပဒေအသစ် ရေးဆွဲဖို့၊ ပဋိပက္ခကာလမှာ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရဖို့ အသွင်ကူးပြောင်းတဲ့ ကာလမှာ တရားမျှတမှုအတွက် ဖော်ဆောင်ပေးဖို့၊ အကောင်အထည်ဖော်တဲ့ အဆင့်တိုင်းမှာ နိုင်ငံတကာရဲ့ ကြားဝင်ညှိနှိုင်းတာ၊ နည်းပညာပံ့ပိုးပေးတာ၊ ဘဏ္ဍာရေးထောက်ပံ့ ပေးတာနဲ့ လေ့လာစောင့်ကြည့်တာတွေအပေါ် သဘောတူပေးဖို့ စတဲ့ အချက်ငါးချက် ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းရာမှာ အမျိုးသားစည်းလုံးညီညွတ်မှုပုံစံကိုအခြေခံပြီးအနာဂတ်အစိုးရတွေကို ဖန်တီးပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲတွေလိုအပ်တယ် ဆိုတာကိုတော့ ဒီသုံးဖွဲ့က လက်ခံထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ အဓိက ပဋိပက္ခ မိတ်ဖက်သာဖြစ်ပြီး အသွင်ကူးပြောင်းရေး အာဏာပိုင်မဟုတ်ဘူး လို့ ဒီသုံးဖွဲ့က ချမှတ်ထားတဲ့ ဘုံနိုင်ငံရေးရပ်တည်ချက်မှာ ပါဝင်ပါတယ်။
စစ်ကောင်စီ က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခတွေကို ရှည်လျားအောင် လုပ်နေတာသာ ဖြစ်တယ်လို့ ဒီသုံးဖွဲ့က ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက်မဆွေးနွေးတော့ပါဘူး။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က NCA ကို ဆက်လက်ကိုင်စွဲပြီး ဆက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။
NCA ထိုးထားတဲ့အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေမှာမပါဝင်ဘဲ KNU ၊ ABSDF နဲ့ CNF တို့ရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ဖော်ဆောင်ရေးမှာ ပံ့ပိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။

#PoliticalNews
#Mizzima

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

Subscribe our channel:

Follow us:
Website :
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.