Mi Sandi, Su Hlaing- မေးမြန်းခြင်းသည်းခံပါ (Official Music Video)

preview_player
Показать описание
Directed, music produced, mixed & mastered by JCZ
Written by: Mi Sandi
CAST: Mi Sandi, Su Haing : KJ, Fan Lay
AD & color : Milo
Makeup : Hello, Yaung

Location Sponsors: Sika Lounge & Restaurant, Emerald Bay
Комментарии
Автор

Lyrics
“မေးမြန်းခြင်း သည်းခံပါ “

V1: မတန်ဘူးကွာ နင့်ကနဲ့ငါ
ရင်ကိုလှံစိုက်သလိုကွယ်
ငါဆွံ့အ နင်စကားများ
အရာရာဝေဝါးကုန်တယ်
ပြိုလဲကာပျက်စီးသွား

စုတ်ပြတ်နေပြီကွာ
ဘယ်အချိန်ထဲက ထွက်သွားဖို့
ဘယ်လိုနင် တိတ်တခိုးပြင်လဲ
မတည်နိုင်ဘူးဆို ဘာကြောင့်များ
အကြိမ်ကြိမ် ကတိပေးတာလဲ
သာယာမှုကို ဒီမေတ္တာရှုံးကာ
အနိုင်မယူနိုင်ဘူး ပြောခဲ့ပေးပါ
ဘယ်လိုအသက်ဆက်ရမလဲကွာ

Cho: မေးမြန်းစုံစမ်းခြင်းများ သည်းခံပါကွယ်
အသည်းများ အပိုင်းပိုင်းအစစ ကွဲနေပါတယ်
အချိန်အများကြီး ချစ်ပြီးမှ
သူပြောင်းလဲသွားတာ မယုံနိုင်သေးတုန်းငါ
အဆင်မပြေသေးလို့ပါ
မေးမြန်းစုံစမ်းခြင်းများ သည်းခံပါကွယ်
အသည်းများ အပိုင်းပိုင်းအစစ ကွဲနေပါတယ်
ငါအိပ်မရ ငါစားမရ ရင်ထဲကဗြောင်းဆန်
မဖြေနိုင်သေးလို့ငါ စကားလုံးမရှိလို့ပါ

Rap1:အကုန်သွားပြီ မျှော်လင့်ထားသမျှအကုန်တခြားစီ
ဖတ်ထားသမျှ အိမ်မက်များပြိုကြပြီ
ပုံအောလို့ချစ်ခဲ့သမျှ အကုန်မှားသည်
အနာဂတ်လဲကျိုးပဲ့လို့ အကုန်တစ်စစီ
မာနသိက္ခာတွေ ချိုးနှိမ်ထားပြီး
ရှိခိုးဒူးထောက်မတတ် တောင်းပန်လို့တားသည်
အရာရာခွင့်လွှတ်တယ် ပြန်ခဲ့ပါငါ့ဆီ
အဲလိုပြောလည်း သူထားသွားသည်

နင်ကစချစ်ခဲ့သူ ငါကဆက်ချစ်ရသူ
နင်ကချန်ခဲ့တော့ ရင်ကွဲကျန်ခဲ့ရသူ
ငါလေမတောင်းဆိုပဲနဲ့ နင်လေပေါင်းစုံပေးတယ်
ကတိအတုတွေကြားမှာ လှည့်စားခံခဲ့ရသူ
အသဲကွဲလို့လူတော့မသေဘူးပေါ့ ဒါပေမယ့်
ဘဝကသေမလိုခံရတာ ဘာနဲ့မှမတူ
အများကြီး အတူတူကျော်ဖြတ်ပြီးမှ
ဘယ်လိုစိတ်နဲ့လုပ်ရက်ခဲ့တာလဲ
ငါ့ကိုမညှာပဲသွားသူ
you said you will always fight for me
ဘာကြောင့်မှ တို့နှစ်ယောက်ဝေးဖို့
လက်တွဲဖြုတ်စရာအက​ြောင်းမရှိ
အတူတူနီးစပ်ဖို့ ကြိုးစားမယ်ဆိုပြီး
အတိတ်မေ့လို့သွားတာလား

ပြောစရာစကားလုံးတွေ ရှာမတွေ့ဘူး
ငါကြားသမျှ မြင်သမျှတွေ မယုံကြည်နိုင်ဘူး
တစ်ကိုယ်လုံးကိုခွေယိုင် တုန်ရီလိုက်မူး
သိမ်ငယ်မွမ်းကြပ် ဘယ်လိုမှငါ အသက်မရှူနိုင်ဘူး

Cho: မေးမြန်းစုံစမ်းခြင်းများ သည်းခံပါကွယ်
အသည်းများ အပိုင်းပိုင်းအစစ ကွဲနေပါတယ်
အချိန်အများကြီး ချစ်ပြီးမှ
သူပြောင်းလဲသွားတာ မယုံနိုင်သေးတုန်းငါ
အဆင်မပြေသေးလို့ပါ
မေးမြန်းစုံစမ်းခြင်းများ သည်းခံပါကွယ်
အသည်းများ အပိုင်းပိုင်းအစစ ကွဲနေပါတယ်
ငါအိပ်မရ ငါစားမရ ရင်ထဲကဗြောင်းဆန်
မဖြေနိုင်သေးလို့ငါ စကားလုံးမရှိလို့ပါ

Rap2: သူ့တွေအကြောင်းတွေငါ့ကို မမေးကြပါနဲ့
မပြောကြပါနဲ့
ရင်ထဲပူကာ မောလှပါတယ်
သောကအမှောင်ထဲ မတ်တပ်မရပ်နိုင်
လမ်းပျောက်ယောင်လည်
ငါလည်းသိချင်တာတွေ အများကြီး
သူ့ကိုမေးပေးပါကွယ်
သူကငါ့ထက် ဘာတွေသာနေလဲ
သူကနင့်အပ​ေါ် ဘယ်လိုတွေကောင်းလို့လဲ
သူကငါ့ထက်ပိုပြီး ရင့်ကျက်လို့လား အရမ်းလှလို့လား
သူကငါ့လောက်မင်းအပေါ် ပေးဆပ်လို့ သိတတ်ပါ့မလားကွယ်
ပြောခဲ့ပြောခဲ့ baby ငါ့အခန်းနဲ့ကားထဲမှာ
မင်းအငွေ့အသက်တွေချည်း
ရှေ့ဆက်သွားဖို့ အဖြေမရှိ
ဘယ်လိုမေ့ရမလဲဆိုတာ နည်းလမ်းလေးဖြေကြည့်
wedding dress တွေကြည့်ပြီးရူးခဲ့သမျှ
ရက်ကောင်းလေးတွေရွေးလို့ ငါရူးခဲ့သမျှ
ငါ့မျှော်လင့်ချက်များ ငါ့ပြန်ဟားတိုက်သွား
ချိုမယ်ထင်တဲ့အချစ်က တကယ်တော့
ခါးလိုက်တာ

Cho: မေးမြန်းစုံစမ်းခြင်းများ သည်းခံပါကွယ်
အသည်းများ အပိုင်းပိုင်းအစစ ကွဲနေပါတယ်
အချိန်အများကြီး ချစ်ပြီးမှ
သူပြောင်းလဲသွားတာ မယုံနိုင်သေးတုန်းငါ
အဆင်မပြေသေးလို့ပါ
မေးမြန်းစုံစမ်းခြင်းများ သည်းခံပါကွယ်
အသည်းများ အပိုင်းပိုင်းအစစ ကွဲနေပါတယ်
ငါအိပ်မရ ငါစားမရ ရင်ထဲကဗြောင်းဆန်
မဖြေနိုင်သေးလို့ငါ စကားလုံးမရှိလို့ပါ

Shmyint
Автор

အခုလက်ရှိခံစားနေရတာနဲ့ကွက်တိ 💔 love u two girl 💞 Su hlaing & Mi Sandi collab;

chitthirizaw
Автор

Mi Sandi နဲ့ collab တော့ အရမ်းပေါ့ 😭🖤 two girl is on 🔥

ChitNgonePhoo-pi
Автор

အရမ်းကြိုက်တဲ့ Rapper Misandi ပြန်လည်တွေ့ရလို့ကျေနပ်😍

ရေခဲရိုက်အပြံုးကနေစကြိုက်တာ Rap

kamlemkhaiofficial
Автор

သချင်းလေးကောင်းတယ်အေးအေးလေး အားပေးနေပါတယ်😢❤

YinYinAye-hy
Автор

Cover songs တွေစဆိုကတည်းကအားပေးနေတာ
အခုထိပဲ။❤❤❤❤

shinnthant-eg
Автор

အချိန်တွေအများကြီးချစ်ပြီးမှ သူပြောင်းလဲသွားတာ မယုံနိုင်သေးလို့ပါ
အဲ့စာသားလေး ထိရှ🥹

SuMon-zz
Автор

မေးမြန်းးစုံစမ်းးခြင်းများ သည်းခံပါကွယ်

blisspinksoo