filmov
tv
ပျူခေတ် ဂီတပညာရှင် အရုပ်တွေပါ၊ (Pyu Musicians) ပြည်မြို့၊ in Pyay, Sri Ksetra ၊ Pyu ancient city.

Показать описание
ပျူခေတ် ဂီတပညာရှင် အရုပ်တွေပါ၊ (Pyu Musicians) ပြည်မြို့၊
in Pyay, Sri Ksetra ၊ Pyu ancient city.
၁၉၆၇ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် သုတေသန ဝန်ထောက် ဦးစိန်မောင်က ဦးစီးသော အဖွဲ့သည် သရေခေတ္တရာ မြို့ဟောင်း အရှေ့မြှောက်ဘက် မြို့ရိုး၏ အပြင်ဘက်ရှိ ဘုရားမာ ဘုရားအနီးရှိ ကုန်းအမှတ်(၈) ကို တူးဖော်ရာ ကျက်သရေ မဂ်လာအမှတ် သက်ေတ သီရိဝစ္ဆပုံနှင့် ကြာပန်း ကြာခက်တို့ဖြင့် ခြယ်လှယ်ထားသော အမြင့် (၁၁) လက်မခန့်ရှိသော ကြေးလောင်းတစ်လုံးကို တွေ့ရှိခဲ့ပါတယ်၊
ထိုကြေးခေါင်းလောင်းအတွင်းမှ ထူးခြားသော ပျူခေတ် ကြေးရုပ် (၅) ရုပ်ကို တွေ့ခဲ့ကြ ပါတယ်၊ ထိုကြေးရုပ် (၅) ရုပ်သည် ပျူခေတ်၏ တီးမှုတ်ကခုန်သည့် သဘင်ပညာသည် တို့၏ ပုံသဏ္ဍာန်ကို ဖော်ပြနေသည်ကို တွေ့ရှိရပါတယ်၊ ပျူခေတ် ကြေးရုပ် (၅) ရုပ် အဓိပ္ပါယ်က (၁) အကသမား (Dancer) (၂) လက်ကွင်းတီးသူ(ခွက်ခွင်းတီးသူ) (Cymbal Clapper) (၃) လူရွှင်တော် (Clown) (၄) ပလွေမှုတ်သူ (Flutist) (၅) ဗုံတီးသူ (Drummer) စသည်ဖြင့် ပျူခေတ် ဂီတပညာရှင်(Pyu Musicians) ဖြစ်ကြပါတယ်၊ )
ထိုပျူခေတ် ကြေးရုပ် (၅) ရုပ်နှင့် အခြားသော ပျူခေတ် ပစ္စည်းတစ်ချို့တို့ကို ပြည်မြို့နယ် ရှိ သရေခေတ္တရာ ရှေးဟောင်း သုတေသနပြတိုက်၌ ပြသထားခဲ့ပါတယ်၊ ၁၉၆၇ ခုနှစ် မတ်လ (၆) နေ့ ညတွင် ပျူခေတ် ကြေးရုပ် (၄) ခု အခိုးရပြီ၊ လူရွှင်တော်(လူပြက်၊ ပျော်တော်ဆက်) အရုပ်သာ ကျန်ခဲ့ပါတော့တယ်၊
ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှ သည် ပျူခေတ် ကြေးရုပ်များ အခိုးခံရကြောင်းကို ဆောင်းပါရေးက အားလုံးကို အသိပေးခဲ့ပါတယ်၊ အမေရီကန်က သူဌေး သူကြွယ် မစ္စတာ ရောဘတ် အယ်လ်စဝပ် (Robert Ellsworth) သူများထံကနေ ပျူခေတ် ကြေးရုပ် (၄) ရုပ်ကို ဒေါ်လာ (၅) သိန်းပေးကာ ဝယ်ခဲ့တယ်လို့ ဆိုပါတယ်၊ မြန်မာပြည်က ပျူခေတ် ကြေးရုပ်တွေ ခိုးခံရတယ်လို့ ဖတ်ရတဲ့ မစ္စတာ ရောဘတ် အယ်လ်စဝပ် (Robert Ellsw orth) ၏ သူငယ်ချင်း မိတ်ဆွေတွေ ပြောြပချက်အရ မစ္စတာ ရောဘတ် အယ်လ်စဝပ် (Robert Ellsworth) သည် သူဆီမှာ ရှိနေသော ပျူခေတ် ကြေးရုပ် (၄) ရုပ်ကို ပြန်ပေးမယ်လို့ ဆုံးဖြတ်ပြီ၊ ၁၈/၁၁/၁၉၈၃ ခုနှစ်တွင် မြန်မာပြည်က တာဝန်ရှိသော ပုဂ္ဂိုလ်များကို ပျူခေတ် ကြေးရုပ် (၄) ရုပ်ကို ပြန်လည် ပေးအပ်ခဲ့ပါတယ်၊ မြန်မာပြည်က တာဝန်ရှိသူများကလည်း ပျူခေတ် ကြေးရုပ်(၅) ရုပ်ကို လက်ဆောင် ပေးပါ ကျေးဇူး အထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်၊
လူရွှင်တော် ကြေးရုပ်သည် (၁၆) နှစ်လုံးလုံး တစ်ရုပ်တည် အထီးကျန်စွာ နေခဲ့ရာကနေ ပျူခေတ် ကြေးရုပ်များနဲ့ ပြန်လည်း ပေါင်းစည်းခွင့် ရခဲ့ပါတယ်၊ ပျူခေတ် ကြေးရုပ် (၅) ရုပ် အနက် လူရွှင်တော် ကြေးရုပ်သည် အမြင့် ပေ (၃) လက်မခန့်ရှိပြီး အခြားသော ပျူခေတ် ကြေးရုပ် (၄) ရုပ်သည် အမြင့် ပေ (၄) လက်မခန့် ရှိတယ်လို့ ဆိုကြပါတယ်၊
ပျူခေတ် ကြေးရုပ် (၅) ရုပ်ကို ပြန်လည် ရရှိတာဟာ ပျူခေတ် သမိုင်းအတွက် တန်ဖိုး မဖြတ်နိုင်သလို မြန်မာပြည်အတွက်လည်း တကယ့်ကို တန်ဖိုးကြီးသော သမိုင်းတွေကို ပြန်လည် ရရှိခဲ့လို့ ဝမ်းသာ မဆုံး ဖြစ်ခဲ့ရပါတယ်၊
#ပျူခေတ် ဂီတပညာရှင် အရုပ်တွေပါ
#Pyu Musicians
#Pyay
#Sri Ksetra
#Pyu ancient city
#ပြည်မြို့
#သရေခေတ္တရာ မြို့ဟောင်း
#ပျူမြို့ဟောင်း