စိတ်ပြောင်းမူးယစ်ဆေးနဲ့ ညပျော်လူငယ်တွေဘဝ (ရုပ်/သံ)

preview_player
Показать описание
စိတ်ပြောင်းမူးယစ်ဆေးနဲ့ ညပျော်လူငယ်တွေဘဝ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅

စိတ်ပြောင်းမူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့က ညပျော်လူငယ်တွေ ကြားမှာ တဖြည်းဖြည်းအမြစ်တွယ် ကျယ်ပြန့်လာနေပါပြီ။ အထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာတဲ့ Hi ခန်းတွေထဲမှာ လူငယ်တွေဟာ ဒီမူးယစ်ဆေးတွေနဲ့ ပျော်ပိုက်လာကြတာပါ။

Hi ခန်းဆိုတာကတော့ entertainment အမည်ခံ ဖွင့်ထားတဲ့ KTV တွေက သီးသန့်အလုံပိတ် ခန်းတွေကို ခေါ်တာပါ။ ဒီလိုအခန်းတွေကို အချိန်နဲ့ ငှားရမ်းပြီး လက်ရှိ ခေတ်စားနေတဲ့ K၊ E နဲ့ Happy Water လို့ခေါ်တဲ့ စိတ်ပြောင်းမူးယစ်ဆေးတွေကို သုံးစွဲနေကြတာဖြစ်ပါတယ်။

ရောင်စုံဆလိုက်မီးတွေ၊ စိတ်လှုပ်ရှားစရာ DJ Music တွေနဲ့ ကခုန်ပျော်မြူးနိုင်ဖို့ စိတ်ပြောင်းမူးယစ်ဆေးတွေကို သုံးကြတာလို့ ကိုယ်တိုင်သုံးစွဲသူတွေက ပြန်ပြောပြပါတယ်။ ဒီဆေးတွေကို နိုက်ကလပ်၊ ဘားနဲ့ KTV ဝန်ထမ်းတချို့မှာ ဝယ်ယူနိုင်သလို အပြင်ချိတ်လို့ ခေါ်တဲ့ မူးယစ်ဆေး ရောင်းသူတွေဆီက နေလည်း ဖုန်းနဲ့ချိတ်ဆက်မှာယူနိုင်ပါတယ်။

စိတ်ပြောင်းမူးယစ်ဆေးတွေကို သုံးစွဲနေမှုတွေဟာ ရန်ကုန်တမြို့ထဲမှာပဲဖြစ်နေတာမဟုတ်ပါဘူး။ မန္တလေး၊နေပြည်တော်နဲ့ မော်လမြိုင်လိုမြို့တွေ အပါအဝင် ကျေးလက်တွေအထိ လူငယ်တွေ တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာ ပါဝင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ အရာရှိ တချို့ကပြောပါတယ်။

စိတ်ပြောင်းမူးယစ်ဆေးတွေကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု ပြဿနာတွေ လူငယ်အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ ကြုံနေရတာတွေရှိသလို ခိုးဆိုးလုယက်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒီအကြောင်းအရာတွေ ဖော်ပြနိုင်ဖို့အတွက် ဧရာဝတီက Night Club၊ ဘားနဲ့ ကေတီဗွီတွေကို ကွင်းဆင်း စုံစမ်းဖော်ထုတ် မှတ်တမ်းယူခဲ့ပါတယ်။ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေ အပြင် တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိတချို့နဲ့ CDM ရဲအရာရှိ တချို့ကိုလည်း မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #စိတ်ပြောင်းမူးယစ်ဆေး #Night Club #Ecstasy #Ketamine #SpecialK #KTV #Hiခန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

လူငယ်တွေမှာ ၂ပိုင်းကွဲနေပြီ bar သွား club တက်ပဲ လုပ်နေတဲ့ ဆောက်ရူးတစ်သိုက်ရယ် အနာဂတ်အတွက် သေချာရုန်းကုန် ကြိုးစားနေတဲ့ လူငယ်တွေရော ၂ဖွဲ့လုံးကို ယှဥ်ကြည့် ရင် ဘာမှမဆိုင်ဘူး မိုးနဲ့မြေလိုပဲ

kkiujking
Автор

ဦးလေး က ဟီးရိုးအင်း သုံးပါတယ်၊ သူ့ အဖော်တွေက တရုတ် သူဋေးရဲ့ သားတွေ၊ နေ့စဉ် အိမ်မှာ မစားမသောက်ပဲ ရှူကြ ထိုးကြပါတယ်၊ ဦးလေး က ပြတယ် ဒါ ဟီးရိုးအင်း လို့ခေါ်တယ် ကြည့်ထား သိဖို့ပဲ လုံးဝ မစမ်းသတ်နဲ့ ရုန်းမထွက်နိုင်တဲ့ ငါ့ဘဝလို ဖြစ်သွားမယ် တဲ့၊ ကျေးဇူးပါ ဦးလေး၊ ကျုပ် အခု ၆၇ နှစ် နဲ့ သန့်စင်တဲ့ ဘဝမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပါ 😊

MG-tics
Автор

ဦးနှောက်မရှိဘူးထင်တယ် မပျော်တာနဲ့ပဲ မူးယစ်ဆေးသုံးတယ်ဆိုတော့ brain level တော်တော်နိမ့်တာပဲ

aunglay
Автор

I'm being thankful & greatful to have my parents who raised me & still so far in the right way while listening this video.

KhitThit-phom
Автор

တရုပ် နဲ့ထိုင်းကတော့ဘက်ပေါင်းစုံက မြန်မာပြည်ကိုဖျက်စီးနေတာ လောင်းကစား မူးယစ်ဆေးဝါး မြန်မာတွေပျက်စီး ပညာမတတ် မြန်မာလူငယ်လေးတွေ အသိသတိရှိကြစေချင်တယ်

chanmyanmar
Автор

အံ့သြပါ့ နိုင်ငံကောင်းဖို့အတွက် အသက်ပေးတိုက်နေတဲ့ သူတွေမှ အားမနာ
စိတ်ညစ်စရာရှိနေလို့ သုံးတယ်တဲ့
သေတဲ့အထိသုံးလိုက်

tintinnwe
Автор

တရားထိုင်၊ပုတီးစိပ် ရင်ပိုတောင်စိတ်ငြိမ်သေးတယ် အဓိကက ကိုယ်ရဲ့စိတ်ပဲ

kyawzinsunsun
Автор

ဒါမျိုး သတင်းတွေက မိဘတွေအတွက် ဗဟုသုတ ရစေပါတယ် ဧရာဝတီသတင်း နောက်ဆက်တွဲဆိုးကျိုးတွေကိုလဲ ရှာဖွေနေရချိန်မှာ ဒီဆေးဝါးတွေအကြောင်းကို မသိကြပါဘူး။

htoonhtoon
Автор

ခံယူချက်၊ပန်းတိုင်း၊ ဦးတည်ရာ၊ အပိုအလုပ်တွေလို့မြင်မိတယ်၊

KoToo-cf
Автор

စိတ်ပူလောင် ပင်ပန်း ဆင်းရဲ ညစ်ထေးမှုဟူသမျှကို
ပြေပျောက်သွားအောင် ဖြေဖျောက်ပေးနှိုင်တဲ့
တစ်ခုတည်းသော မဟာသြဓထဆေးတော်ကြီးက
မြတ်ဗုဒ္ဓ ဟောညွန်ပြထားတဲ့ သစ္စာအသိတရားပဲဖြစ်‌ေတာ့တယ်
လောကလောကီထဲမှာ ဘယ်နေရာ ဘယ်မှာမှ လုံးဝမရှိဘူး
ကိုယ်စီကိုယ်တိုင် လေ့လာရှာဖွေ လိုက်နာကျင့်သုံးကြပါဗျာ
ကိုယ့်တွေ့သိမြင် ခံစားလာရလိမ့်မယ်လို့ လုံးဝအာမခံတယ်ဗျို. ့

tai
Автор

​ပျောိချင်ရင်ဖာခံပါလား
ပိုက်ဆံ​တောင်ရ​သေး

kothitaung
Автор

ဘန်ကောက်တို့ စင်္ကာပူတို့ တံငါရွာ မြန်မာပြည် ရန်ကုန် တက္ကသိုလ်ဆိုတာ တက္ကသိုလ်ကြီးပါ
မြန်မာလူငယ်တွေဟာ နိုင်ငံခြားသားဆရာတွေနဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ အဆင့်မြင့်မြင့်ပြောဆိုသင်ယူ ခဲ့ကြတယ်
အခုတော့
လူငယ်တွေက မပျော်ရလို့ ပျော်ရအောင် ဆေးသုံးရတာပါ လို့ပြောရတဲ့အဆင့်အထိ မြှောင်းထဲရောက်သွားကြပြီ လား

UAungMyint-hc
Автор

ငါပျော်ရဖို့ထက် ငါတို့ဘာလို့မပျော်ရလည်းဆိုတာ အဖြေရှာပြီး မအလစကစကို ဖယ်ရှားဖို့ဘယ်လိုပါဝင်ရမလိုတာ စဉ်းစားစေချင်တယ် ကိုယ်က အခုမဖယ်ရှားရင် ကိုယ့်ရဲ့နောင်လာမယ့် မရောက်သွားအောင် တစ်ဖက်တစ်လှမ်းကနေ ပါဝင်ထမ်းဆောင်ပါ

thatmyat
Автор

အပျော်အပျက်
အပျော် အပျက်
ရယ်မောစရာ
ရယ်

LORD-ptmu
Автор

မှတ်မိပါတယ် အကြီးကြီးမိလိုက်ရင် ပိုင်ရှင်မဲ့ဆိုပီးးး နိုင်ငံကိုကာကွယ်မယ် ဆိုတဲ့ အရှက်မရှိ ပြောတဲ့ သူတွေက ပိုင်ရှင်တွေပါပဲ😅

KyawThuRa-gtrp
Автор

ရွံတာကွာ တောထဲမှာ ကိုယ်အကျိုးမပါဘဲ အလုပ်လုပ်နေကြတဲ့ တော်လှန်ရဲဘော် ရဲမေတွေက စိတ်မညစ်ဘဲ Club တက် Bar သွားနေတဲ့သူက စိတ်ညစ်လို့ဆိုပါလား ကိုယ်သုံးချင်လို့ သုံးတယ်ပြောပါကွာ

ZawnaingOo-jzvu
Автор

ငါလည်း 20 ကျော်လောက်ပဲရှိပါသေးတယ်။
စိတ်မပျော်ရင် ဘုရား တရား လုပ် စိတ်အေးချမ်းတယ်။
ဆေးသုံးတယ်ဆိုတာ အဖြေမှ မဟုတ်တာ။
ခုလည်းမလုပ်ဖူး နောက်လည်းလုပ်မှာမဟုတ်ဖူး

avocadozy
Автор

မြန်မာပြည်က အတော်ဆိုးနေပါပြိ စိတ်မကောင်းစရာပါ

thandarwin
Автор

ငါတို့ဖားကန့်မှာတော့ k ကြိုက်တဲ့စော်တွေ လော်ပန်းစာဖြစ်နေပီ။

KoNaing-le
Автор

ရေပေါ်ဆီတွေ ရှောတာ ရှောပါစေ
ကမ္ဘာကြီးပေါ့သွားတာပေါ့

gugu