ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ်

preview_player
Показать описание
ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ် (ရုပ်/သံ)

အာရက္ခအိပ်မက်က တော်တော်လေး ခရီးရောက်လာခဲ့ပြီ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၄

အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ထောက်ပံ့ပြီး စစ်ဆင်ရေးပူးပေါင်း ဆောင်ရွက်တာတွေရှိနေတယ်လို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ စစ်ဆင်ရေးအတွင်းမှာ AA က ရိုဟင်ဂျာ အရပ်သားတချို့အပေါ် တိုက်ခိုက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော် က ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ထွန်းမြတ်နိုင် #ရခိုင်ပြည်နယ် #မောင်တော #AA #ARSA #RSO #ARA
Комментарии
Автор

သိပ်ကောင်းတဲ့ အင်တာဗျူးပါ..AA ခေါင်းဆောင်ကို လေးစားပါတယ်..ဧရာဝတီ အနေနဲ့ ကျေးဇူးပြုပြီး ကမ္ဘာက သိအောင် English လို ကျေးဇူးတင်ပါတယ် 🥰

TruthFinder-Dhama
Автор

ရှင်းပြလို့ ဧရာဝတီနဲ့ AAစစ်ဦးစီးချုပ်ကို ကျေးဇူးအထူးပါ

aungmyokhent
Автор

ဒီဗိုလ်ချုပ်လို မင်းအောင်လှိုင်သာ တိုင်ပြည်နဲ့ လူမျိုးအပေါ် ချစ်မြတ်နိုးတတ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ မင်းအောင်လှိုင်နေရာမှာ ဒီဗိုလ်ချုပ်သာဆိုရင် မြန်မာနိုင်ငံဟာ ဆယ်နှစ်မကြာ ကျားတစ်ကောင် ဖြစ်လာမှာ မလွယ်မသွေးဆိုတာ ရဲရဲအာမခံရဲတယ် ရခိုင်လူမျိုးတွေ အရမ်းကံကောင်းတယ် ❤❤❤

ziezar
Автор

ကွန်းမန့်တွေကြည့်ရတာ ပြည်မက ဗမာညီကိုတွေကို ကျေးဇူးတင်ပါတယ်ဗျာ ခုလို နားလည်ပေးလို့ အတုိင်းမသိဝမ်းသာရပါတယ် ဝမ်းသာမျက်ရည်တောင် ကျမိပါတယ် တကယ်လည်း အတုိင်းမသိဝမ်းသာ ကျေးဇူးတင်ပါတယ် ရွှေဗမာညီကို့တွေရယ်❤❤❤

koLay-oo
Автор

လေးစားပါတယ် ညီလေး ထွန်းမြင့်နိုင် မင်းအရမ်းတော်ပါတယ် စနစ်ကျတယ်
စည်းကမ်းရှိတယ် စာအရမ်းဖတ်တယ် လက်တွေ့ဆန်တယ် ပိုနာကျဥ်းတယ်

KohlaMin-ejdg
Автор

ကိုထွန်းမြက်နိုင်ဟာ အရမ်းကောင်းအတွေးဆတွေက လေးစာစရာကောင်းပါတယ်

ZawZaw-jn
Автор

ရခိုင်မျိုးနွယ်စု မြိုတိုင်းရင်းသားတယောက်အနေနဲ့ ဦးထွန်းမြတ်နိုင်ကို respect 🫡 ပါတယ် 🫡🫡🫡

aungzawlinn
Автор

ကျွန်တော်တို့ ဗမာတွေကလဲ ဗိုလိချုပ်ကို ဗမာတွေ ရဲ့ ခေါင်းဆောင် အဖြစ်အနေနှင့်လဲ တွေ့ခြင်ပါတယ်။ ဒါဟာ ဗမာ လူမျိုးတစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ စကားပါ။

baganexplorertravel
Автор

ကိုထွန်းမြတ်နိုင်ကို ထောက်ခံပါတယ် ကျ​ေနာ်မူဆလင် ပါ တလွဲရပ်တည်မှုတွေရှိတာကို ကိုထွန်းနားလည်တာကို တကယ့်ကိုလေးစားပါတယ်...

thatnaing-jdqx
Автор

ခေါင်းဆောင်ကောင်းရရှိထားတဲ့ ရခိုင်ပြည်သူများ ကံကောင်းလိုက်ကြတာ❤❤❤❤❤❤❤❤

AnnaRosy-dx
Автор

ကျွန်တော်က ယခုလက်ရှိ ရခိုင်ပြည် ပေါက်တောအပိုင်းမှာနေတဲ့ ရိုဟင်ဂျာလူငယ်တစ်ယောက်ပါ အခု ကျွန်တော် နေတဲ့နယ်‌မြေထဲမှာ Arakan Army (AA) က အပြည့်အဝ အုပ်ချုပ်နေပါတယ် ကျွန်တော် လူငယ်တစ်ယောက်အမြင်အရ ပြောရရင် ဒီ Arakan Army (AA) က တစ်စုံတစ်ခု လုပ်ခဲ့တာမျိုးတော့ ယခုအချိန်ထိ မတွေ့ရှိခဲ့ပါသော‌ကြောင့် ကျွန်ုပ်အနေနဲ့ Arakan People's Government ဖြစ်သော အစိုးရကို အရမ်းကိုမှ ဂုဏ်ပြုအပ်ပါသည် ဒီလိုဆက်လက် တည်ရှိပါမည်လို့လည်း မျှော်လင်းပါတယ်။

abdulhashim
Автор

လှုမှုရေး ဘာသာရေးတွေ ရှုပ်ထွေးတဲ့ ရခိုင်ပြည်နယ်ကို ဉီးစီးနေတဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေးစားပါတယ် စစ်ခွေးတွေ ယုတ်မာ ကောက်ကျစ်တဲ့ အကြောင်းကို ပြည်သူတွေ သိပြီးသားမို့ ဗိုလ်ချုပ် ပြောစကားကို ယုံကြည်ပါတယ် အောင်မြင်ပါစေ ရခိုင်ပြည်နယ်

OhnmarAung-ft
Автор

ဒီဗိုလ်ချုပ် စကားပြောတာ ကြိုက်လိုက်တာ ကျွန်တော် ဗမာပါ

linlintun
Автор

ကြောက်စရာတောင် ကောင်းတယ် အတွေးအခေါ်တွေ... respect ပါ

razar
Автор

မြန်မာပြည် တိုင်းပြည်နယ်တွေထဲမှာ
ရခိုင်ပြည် ပြဿနာက ပိုကြီးပြီး
ကိုင်တွယ်ရ ခက်တဲ့ စိန်ခေါ်မှုတွေပိုများနေတာကို အဆင့်ချင်း ဖြေရှင်းနေတဲ့ အတွက်
လေးစားပါတယ် ဗိုလ်ချုပ်

nunuwai
Автор



ဟိုတုံးကတော့ ကျုပ်တို့လည်း
ဂျင်းအမျိုးမျိုးမိခဲ့ကြတော့ တကယ်မသိခဲ့ရိုးအမှန်ပါ

ရခိုင်ညီအကိုတွေအတွက် သာလိစွပါဗျ။
ဒီလိုခေါင်းဆောင်မျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ
အင်မတန်မှ ရတောင့်‌ရခဲတဲ့
အခွင့်အရေးဖြစ်ပါတယ်

ကိုယ့်လူတို့ အလွန်ကံကောင်းလှပါတယ်။ ခေါင်းဆောင်ကောင်းရဲ့နောက်မှာ


အောင်မြင်မှုသရဖူကို အမြန်ဆုံးရယူနိုင်ကကပါစေလို့
ဆုတောင်းရင်း---

ပြည်မက ဗမာအဖိုးကြီး

ulin
Автор

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တကယ်တော်ပြီး ထက်မြတ်တဲ့ လက်တွေ့သမားပါလား။ရခိုင်တွေ ခေါင်းဆောင်ကောင်း ရထားတာပဲ။ ရခိုင်ပြည် လွတ်လပ်ပါစေ

kelvinchan
Автор

ကျွန်တော်ဗမာ ပါ။
ရခိုင် မြေမှာ ဗမာနိုင်ငံရေး သမားတွေ
အမြတ်ထုတ်ခဲ့တာ သမိုင်းလဲကြေခဲ့
တစ်ကယ်တော်သည့် ခေါင်းဆောင်ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေအတွက် -ကံကောင်းပါတယ်။ ဗမာနိုင်ငံရေးသမားတွေထဲမှာ

thunaysoe
Автор

ရခိုင်လူမျိုးတွေရဲ့
တော်လှန်ရေးခရီး အောင်မြင်ရခြင်းမှာ သမိုင်းကြောင်းဆိုင်ရာ
နာကျဥ်းချက်တွေလည်းပါမယ်။

daaung
Автор

ကျွန်မ ပအိုဝ်းလူမျိုးတစ်ယောက်ပါ AAဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို လေးစားရပါတယ် အားကျဖို့လဲကောင်းပါတယ်

NangBwar-gxms