မွှေးမွှေးအီအီ ငှက်ပျောလုံးကြော် Crispy banana ball

preview_player
Показать описание
မွှေးမွှေးအီအီလေးနဲ့ စားကောင်းတဲ့ မလေးရှားစတိုင် ငှက်ပျောလုံးကြော်လေးပါ။ အစမ်းကြော်ကြည့်ပြီး စားကောင်းတဲ့အတွက် ကျွန်တော် ခဏခဏ ကြော်စားဖြစ်တဲ့ ငှက်ပျောလုံးကြော်လေးလည်းဖြစ်ပါတယ်။

သီးမွှေးငှက်ပျောသီးလိုပါတယ်။ ဖြစ်နိုင်ရင် မှည့်နေတဲ့ ငှက်ပျောသီးကို ရွေးပေးပါ။ ငှက်ပျောသီး ၄ လုံး ထဲကို သကြား စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ပဲ ထည့်ပါ။ ငှက်ပျောသီးက ချိုပြီးသားဖြစ်တာကြောင့် သကြားက ငှက်ပျောသီးတွေ ပျော်သွားအောင် လုပ်ပေးတဲ့သဘောနဲ့ ထည့်ခြင်းသာဖြစ်ပါတယ်. ဂျုံမှုန့်ကို ၁ ခွက် ထည့်ပါ (နို့ဆီဗူး ၁ ဗူးလောက်ပါ)။
ဆန်မှုန့်က ခွက် တဝက်ပဲထည့်ပေးပါ။ (နို့ဆီဗူး တဝက်လောက်ပါ)
လတ်လတ်ဆတ်ဆတ်ခြစ်ထားတဲ့ အုန်းသီး ကို ခွက်တခွက် ထည့်ပေးပါ။ (Ready made အုန်းသီးခြောက် ဆို စားမကောင်းပါ)
ဆား အနည်းငယ် နဲ့ ဘိတ်ကင်းပေါင်ဒါ Baking powder ကို လက်ဖက်ရည်ဇွန်းလေး ၁ ဇွန်းလျော့လျော့ထည့်ပါ။ ပြီးရင် အားလုံးနှံ့စပ်အောင် နယ်ပေးပါ။ နှံစပ်သွားပြီဆိုရင် အနံ့မရှိတဲ့ ဆီ ၁ ဇွန်းထည့်ပြီး မွှေပြီးရင် နာရီဝက်လောက်နှပ်ပေးပါ။
နှပ်ထားတဲ့အခါ အပေါ်တလွာက အရောင်ပြောင်းသွားပေမယ့် ‌ပြန်မွှေပြီးရင် စပြီးကြော်လို့ရပါပြီ။
(သတိထားရမှာက ငှက်ပျောသီးထဲကို ရေမထည့်ပါ)
ဆီပူလာပြီဆိုမှ ငှက်ပျောသီးမုန့်နှစ်ကို ဇွန်းလေးနဲ့ခပ်ပြီး ထည့်ပေးပါ။ ကြော်တဲ့အခါ ငှက်ပျောလုံးတွေ ပုံစံကျလာပြီဆိုမှ နောက်တဖက်လှန်ပေးပါ။
ရွှေရောင်လေးသန်းလာပြီရင်‌တော့ အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။ ပူပူလေးပိုပြီးစားကောင်းတဲ့အတွက် ပူတုန်းလေး စားတာက ပိုပြီးအရသာရှိပါတယ်။
သီးမွှေးငှက်ပျောသီး - ၄ လုံး
သကြား - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဂျုံမှုန့် - ၁ ခွက်
ဆန်မှုန့် - ခွက် တဝက်
ဆား - အနည်းငယ်
ဘိတ်ကင်းပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်းလျော့လျော့
ဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ကြော်ရန်ဆီ များများ
တို့လိုအပ်ပါတယ်။
Комментарии
Автор

လွယ်လွယ်လေးဆိုတော့စားအူးမယ်, ကျေးဇူးပါသူငယ်ချင်း💐💐💐💐

lewahaye
Автор

ကျေးဇူးပါ😻😊👍
အရမ်းကြိုက် လုပ်စားမယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

dawpaukpauk
Автор

ကျမ်းမာပါစေ အောင်မြင်ပါစေ ကျေးဇူးတင်ပါတယ်

dawmarmarsan
Автор

ဘယ်လိုတွေတောင်လား 😮😍😻 အရမ်းကြိုက်တာ ။ အလုံးလိုက်ကြော်တာပဲသိခဲ့တာ။
Thanks always 😻

hninphyukaung
Автор

သမီးလေး အတွက် သူ့ Day off ရင် လုပ်ကျွေးလိုက်ပါဦးမယ် ကျေးဇူးပါ

ayeayetun
Автор

Please…. I would like to learn how to cook simple Chee Cheong Fun, Singapore street food.
Thank you so much 🙏

hninphyukaung
Автор

ကျနော်တို့ အညာမှာ အာ့လို ကြော်ရောင်းကြတယ် ကြိုက်တယ်

thinthin
Автор

Baking sodaအစား ဘာ ထည့်လို့ရသေးလဲရှင့်🍀

mayyee
Автор

တဆေးကိုUsမှာဘယ်လိုအထုပ်လဲ
ဘယ်လိုအချဥ်ဖောက်ပြီး လုပ်ရတာလဲ? ပွပွလေးနဲ့စားချင်လို့😊

estherpwint