Kpop ရဲ့ အရှက်ရစရာအဖြစ်အပျက် (သို့) Burning Sun အရှုပ်တော်ပုံ စ-ဆုံး - Scandal Saturday #ep3

preview_player
Показать описание
၂၀၁၉ ခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ Kpop လောကကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့တဲ့ Burning Sun Scandal or Burning Sun Gate ဆိုတဲ့ အမှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအမှုကနေပြီး တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ဒီကလပ်နဲ့ ပတ်သက်ဆက်စပ်နဲ့တဲ့ အမှုတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအမှုတွေကို စီပြီးပြောပြရမယ်ဆိုရင်ဖြင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှု၊ နောက် အလိုမတူဘဲ သားမယား ပြုကျင့်မှု၊ အမျိုးသမီးငယ်တွေမသိမရှိရအောင် ဗီဒီယိုတွေ ရိုက်ကူးမှု၊ ဖြန့်ဝေမှု၊ နောက်ပြီးတော့ ကိုရီးယားရဲတွေရဲ့ အကျင့်ပျက် လာဘ်စားမှု အစရှိတဲ့ အကြောင်းအချက်တွေပါ စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအမှုမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ နာမည်ကြီးတွေထဲမှာ တောင်ကိုရီးယား Kpop အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ဆုန်ရီနဲ့ ဆောင်ဂျွန်ယောင်း ဖြစ်တဲ့ အတွက်ကြောင့် တောင်ကိုရီးယားနိုင်ငံကိုသာမက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ Kpop ကို အခိုင်အမာ အားပေးနေကြတဲ့ ပရိသတ်တွေ ကိုပါ အံ့အားတုန်လှုပ်သွားစေခဲ့တာဖြစ်ပါတယ်။

အခုနောက်ပိုင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ အထူးသဖြင့် BBC ရဲ့ Burning Sun Documentary ရုပ်ရှင် ထွက်ပေါ်လာပြီးခဲ့တဲ့ နောက်ပိုင်းမှာတော့ Kara အမျိုးသမီးအဆိုတော်အဖွဲ့က Goo Hara က ဒီအမှုမှန် ပေါ်ပေါက်ရေးအတွက် အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဝင်ကူညီပေးခဲ့တယ်ဆိုတာ လူတွေ သိရှိခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ Kpop လောကရဲ့ အမှောက်ဘက်ခြမ်းကို ဖွင့်လှစ်ဟပြသလိုက်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပြီးတော့ ခွင့်ပြုချက်မရဘဲနဲ့ ဗီဒီယိုရိုက်ကူးမှု ဖြန့်ဝေမှု ပြဿနာကို မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျူးလွန်ခံရတဲ့ သားကောင်တွေကို အပြစ်တင်တာထက် ဒီဗီဒီယိုတွေကို ရိုက်ကူးဖြန့်ဝေသူတွေကို ဘယ်လိုအရေးယူမယ် တာဝန်ခံစေမယ်ဆိုတဲ့ အကြောင်းအရာတွေကို ပိုအလေးပေး ဆွေးနွေးစေခဲ့တဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ အရှုပ်တော်ပုံအတွက် တရားစီရင်မှုတွေက ၂၀၂၁ -၂၀၂၂ အထိ ကြာရှည်ခဲ့တာ ဖြစ်ပြီးတော့ အမှုနဲ့ ပတ်သက်ပြီး တရားစီရင်ချက်တွေကလည်း တော်တော့်ကို ရှုပ်ထွေးပွေလီခဲ့တာ ဖြစ်ပါတယ်။ ကလပ်က တာဝန်ရှိသူ တချို့နဲ့ ရဲအရာရှိတချို့က စည်းကမ်းလိုက်နာဖို့ ပျက်ကွက်မှုလိုမျိုး စွဲချက်တွေနဲ့ အပြစ်ပေးခံခဲ့ရတာတွေရယ်၊ နောက် မူးယစ်ဆေးဝါးမှုတွေနဲ့ပတ်သက်ပြီး အပြစ်ပေးခံရတာမျိုးတွေ ရှိခဲ့ပေမယ့် ကလပ်ရဲ့ အဓိက ပိုင်ရှင်ဆိုသူတွေကတော့ သက်သေလုံလုံလောက်လောက် မရှိတဲ့အတွက်ကြောင့် အမှုကနေ အပြစ်ပေး မခံခဲ့ရပါဘူး။

ဒါပေမယ့် ဒီအရှုပ်တော်ပုံရဲ့ အဓိက တရားခံနှစ်ယောက်လို့ ဆိုရမယ့် Big Bang အဖွဲ့သား ဆုန်ရီ၊ နောက် သူ့ရဲ့ သူငယ်ချင်း အဆိုတော် ဆောင်ဂျွန်ယောင်းနဲ့ တချို့ဝန်ထမ်းတွေကတော့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

ဒီအမှုအကြောင်းကို ခြုံပြီးပြောရမယ်ဟေ့ဆိုရင် ငွေရှိသူတွေ၊ အာဏာရှိသူတွေ၊ တာဝန်ရှိသူတွေနဲ့ ဒီဖျော်ဖြေရေးလောကထဲက အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ဘယ်လိုဘယ်ပုံ သဘောထားပြီး အမြတ်ထုတ်ကြတယ်ဆိုတဲ့ အကြောင်း Kpop လောကရဲ့ အမှောင်ဘက်ခြမ်းကို လူတွေ မြင်သာအောင် ဖော်ထုတ်ပြလိုက်တဲ့ အမှုတစ်ခုဖြစ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒီလူတွေက ဘယ်လိုဘယ်ပုံ အရှုပ်ထုပ်တွေနဲ့ ပြဿနာတွေကို ဖန်တီးခဲ့သလဲ၊ ဆုန်ရီနဲ့ ဆောင်ဂျွန်ယောင်းတို့နှစ်ယောက်က ဒီ အရှုပ်တော်ပုံမှာ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေသလဲ၊ နောက်ပြီးတော့ ဒီထဲမှာ ပါဝင်နေတဲ့ တာဝန်ရှိသူ အာဏာ ရှိသူတွေက ဘယ်သူတွေလဲ၊ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေသလဲဆိုတာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ Goo Hara က ဒီအမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုမျိုး ကူညီပေးခဲ့သလဲဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Scandal Saturday အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
Комментарии
Автор

တင်ဆက်‌နေတဲ့အစ်ကိုတောင် မမောမပမ်းအားပါးတရတင်ဆက်နေတာ နားထောင်သူကျနော်တို့က ဘာကြောင့်‌မောရမလဲဗျာ ‌သေချာအာရုံစိတ်နားထောင်ပါတယ် သိပ်မရှင်းတဲ့နေရာဆို ပြန်ရစ်ပြီးပြန်ကြည့်တယ် 8နာရီလောက်ကစကြည့်တာ 10နာရီခွဲမှအဆုံးသတ်တယ်

soehtethtet-rt
Автор

ကျေးဇူးတင်ပါတယ်
ရှင်းရှင်းလင်းလင်းသိရပါပြီ
စိတ်ဓာတ်မကောင်းတဲ့ အနုပညာရှင်တွေကို လုံးဝအားမပေးသင့်ပါ

nathti
Автор

နားထောင်ရတဲ့လူကမမောပါဘူး ပြောပြပေးတဲ့သူကိုပဲအားနာမိ ကျေးဇူးတင်ပါတယ် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်
စေတနာထားပြီးပြောပြပေးနေတာကို အပိုင်းဘယ်လောက်ရှည်ရှည် အဆံုးထိကြည့်ပါတယ်

thunnme
Автор

ဒီအကြောင်းတွေကို taxi driver အချိန်ရရင်ကြည့်ကြည့်ပါ အရမ်းကောင်းတဲ့ series ပါ

nokihiyo
Автор

အစ်ကို ပြောပြတဲ့အကြောင်းရာတွေက စိတ်ဝင်စားဖို့ကောင်းသလို နားထောင်လို့လည်းကောင်းတယ် အားပေးလျက်ပါ...👍👍👍

KofighterY
Автор

ကျေးဇူးတင်ပါတယ် ခင်ဗျ.
အကိုလည်း သေချာ research လုပ်ပီး ပြောပြပေးထား အကိုလည်း အများကြီး ပင်ပန်း သွားပါပီ ခင်ဗျ. ရှေ့လျှောက်လည်း Video တွေ အများကြီး လုပ်နိုင်ပါစေချငိဗျ.

htutkhaungmyat
Автор

Polar Bear ကြီးရေ--- ပုံပြောတာထက် မှုခင်းတစ်ရပ်လုံးကို ခုလို သေသေချာချာ လေ့လာပြီး ခရေစေ့တွင်းကျ ရှင်းပြပေးတာအတွက် ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊ ကျားဖြန့် အပါအဝင် ဆက်စပ်ရာ ကိစ္စရပ်တိုင်းမှာ သင့်ရဲ့ အပြုသဘောဆောင် အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖေါ်ပြပေးတာကလည်း နှစ်သက်စရာပါ။ သားကောင်ဖြစ်သွားရတဲ့ မိန်းကလေးတွေဟာ သနားငဲ့ညှာစရာ ကောင်းသလိုပဲ တကယ့်မြေပြင်မှာ ယောက်ျားကလေးတွေဟာလည်း သားကောင်ဖြစ်သွားနိုင်တဲ့ အခွင့်အလမ်းတွေ အရမ်းများလာပါတယ်။ အ‌ရေးကြီးဆုံးကတော့ တရားဥပဒေစိုးမိုးမှုပဲ ဖြစ်မှာပါ။ စာရိတ္တသီလ မရှိ, ဝါရိတ္တသီလ မစောင့်ထိမ်းတဲ့ အပြင် စိတ်ရင်းခံ ယုတ်ညံ့သူတွေက ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာတွေကို ရောက်လာတာ၊ ထင်ရှားကျော်ကြားသူ(Public Icon) အချို့ကလည်း အဲ့ဒီလို ယုတ်ညံ့သူတွေ ဖြစ်လာတာက လူ့ဘောင်အဖွဲ့အစည်း အတွက် စိတ်မောစရာပါ။

phoenixnhn
Автор

ကျေးဇူးတင်ပါတယ် သိချင်တာ ခုမှ သေချာ သိလိုက်ရတယ် ။

Zinnixella
Автор

ကျေးဇူးတင်ပါတယ်
စိတ်ဝင်စားစရာ အင်မတန်ကောင်းပါတယ်။
မြန်မာပြည်က အွန်လိုင်း လိမ်လည်မှုတွေနဲ့ ဆက်စပ်ပြောလာတော့ ပ်ုစိတ်ဝင်စားစရာကောင်းပါတယ်။

HninziKhaing
Автор

❤🎉အစ်ကိုပြောမှပဲ ကျွန်တော်တော့ သိတော့တယ်ဗျာ ကျေးဇူးအထူးပါ ဘယ်လောက်ရှည်ရှည်ဗျာ ရှည်လေပိုကောင်းလေးပဲ❤🎉

htitchone
Автор

မျက်ခွက်လေးတွေကသနားကပါးနဲ့ အကျင့်တွေက ကြောက်ဖို့ကောင်း ဆော်တွေကလည်း ကြိုက်ကြတာ😂😂

hanlin
Автор

မြန်မာပြည်မှာလည်း burning sun လို ကိစ္စရှိမယ်ထင်တယ်

SunooKyu-ri
Автор

အ မြဲ သန်း အား ပေး နေ ပါ တယ် အ ကို ကြီး ရှင့် ❤❤❤

OpPo-iost
Автор

ပျင်းစရာ လုံးဝ မကောင်းပါ၊ ကျေးဇူးပါ ပိုလာ ဘဲ။

choyadana
Автор

You are one of my favourite channel thank you for presenting amazing news❤

Tcreator
Автор

သိချင်နေတာသိရလို့ကျေးဇူးပါ စိတ်၀င်စားစရာကောင်းပါတယ်

kaythwesoeaung
Автор

ဂိုဟရ သတ်သေတယ် ဆိုတာရော ပြောကြသလို ရိုးရဲ့လား။

choyadana
Автор

နန္ဒာလှိုင်နဲ့မျိးမျိုးခင် အသံဖိုင် နားမထောင်ဖူးဘူး ဘယ်မှာရှိလဲ❤😂 ပိုပေးကြပါလား❤❤😊😅

nweoo
Автор

ကျမလည်း ၉၃ မွေးတာ စိုင်းထီဆိုင် လွှမ်းမိုး ကိုင်ဇာ နားထောင်တာ😅😅😅

thaeaung
Автор

Ohh 😮 Horrific Bad Eggs K - pop DEMONS . They are bright in their dark side.
Thank you so much for sharing about that.

hdsgrace