filmov
tv
ဝက်သားနဲ့သရက်သီးသနပ် လိုက်ဖက်တဲ့ဟင်းလျာလေးကို ဘယ်လိုချက်ကြမလဲ
Показать описание
ဂျပန့်ခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း စစ်ရုံးအဖြစ် ရုံးထိုင်ခဲ့တဲ့ ပဲခူးကလပ်နားက အဆောက်အအုံဟောင်းဟာ အခုတော့ House of Memories ဆိုတဲ့နာမည်နဲ့ စားသောက်ဆိုင် ဖွင့်ထားပါတယ်။ ဒီဆိုင်မှာ ဝက်သားနဲ့ သရက်သီးသနပ်ကို လိုက်ဖက်အောင်ချက်ထားတဲ့ လက်ရာလေး လက်တို့ချင်ပါတယ်။
ဝက်သားနဲ့သရက်သီးသနပ်ကို လိုက်ဖက်အောင် စားဖိုမှူး စောခူဆဲကိုယ်တိုင် လက်တွေ့ချက်ပြုတ်ပေးသွားမှာပါ။ ပြင်ဆင်ရမှာကတော့ ဝက်သား ၂ဝကျပ်သား၊ ဆီ နှစ်ဇွန်း၊ လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ပါတဲ့ဆား၊ ကြက်သွန်နီ ၁ဝသား၊ ကြက်သွန်ဖြူနည်းနည်း၊ ကြက်သားမှုန့် ၂ဇွန်း၊ ချင်းနည်းနည်း၊ သရက်သီးသနပ် ထမင်းစားဇွန်း ၂ဇွန်း၊ သကြားအနည်းငယ်နဲ့ ရေကို လိုသလောက်သုံးဖို့ ပြင်ထားပါ။