ရန်ကုန်မှာ ညမထွက်ရအမိန့် စပြီ

preview_player
Показать описание
ရန်ကုန်မှာ ညမထွက်ရအမိန့် စပြီ

ဧပြီ-၁၈၊ ၂၀၂၀

ဒီနေ့ ဧပြီ၁၈ရက်ကစပြီး ရန်ကုန်တိုင်းမှာ ည၁၀နာရီကနေ မနက်၄နာရီအတွင်း ညမထွက်ကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

COVID-19ကြောင့် အများပြည်သူရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်စေပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားလာနိုင်တာကြောင့် အခုလို အမိန့်ထုတ်ပြန်တာလို့ သိရပါတယ်။

ဒီအမိန့်ကို ပျက်ကွက်ပါက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ရန်ကုန်မှာ ဒီနေ့ကစပြီး အသက်ဝင်မယ့် ညမထွက်ရအမိန့်က ဘယ်အချိန်ကာလထိဆိုတာကိုတော့ မသိရသေးဘဲ အခြေနေတွေပေါ်မူတည်ကာ ထပ်ပြီးထုတ်ပြန်မယ်လို့လည်း ဦးနိုင်ငံလင်းက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း Stay At Home နေကြဖို့ ညွှန်ကြားချက်ကလည်း မနက်ဖြန် ဧပြီ၁၉ရက်နေ့ထိဖြစ်ပြီး ဒီကာလကျော်လွန်ပါက အလုပ်ရှိတဲ့သူတွေအနေနဲ့ အလုပ်သွားနိုင်တယ်လို့လည်း ဦးနိုင်ငံလင်းက ပြောပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19ရောဂါကူးစက်ခံရမှုက ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်နေတာပါ။

ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်

Connect with us at our social media handles:
Комментарии
Автор

ည ဆိုတာ အိပ်တဲ့အချိန် ...များသောအားဖြင့် သူခိုးတွေပဲ အပြင်ထွက်တာ။

htunmaung