Metaverse က Digital Marketing အပေါ်ဘယ်လိုသက်ရောက်မှုရှိမလဲ?

preview_player
Показать описание
Metaverse က Digital Marketing အပေါ်ဘယ်လိုသက်ရောက်မှုရှိမလဲ?

Crypto တွေ၊ NFT တွေကိုသိလားတော့မသိဘူး။ Metaverse က NFT နဲ့ ချိတ်သွာမှာ။ NFT ကိုမလေ့လာရသေးတဲ့သူတွေအတွက် ကျွန်တော် အကျဉ်းချုပ်ရှင်းပြမယ်။ ကျွန်တော့်မှာ ပန်းချီကားတစ်ချပ်ရှိတယ်ထားပါတော့ အဲ့ ပန်းချီကားက တစ်ကမ္ဘာလုံးမှာတစ်ချပ်ဘဲရှိမှာ right? အဲ့ပန်းချီကားကို Digital ပေါ်မှာတင်လိုက်မယ်ဆိုရင် Digital ပေါ်မှာလည်း အဲ့ပန်းချီကားတစ်ချပ်ပဲရှိလိမ့်မယ် copy လုပ်လို့ရတာတွေ မရတာတွေ ကျွန်တော်မပြောဘူးနော်။ Digital ပေါ်တင်လိုက်မယ်ဆိုရင် ကျွန်တော့်ပန်းချီကားအတွက် serial code လိုမျိူးရှိလိမ့်မယ် ကျွန်တော် ဒီပန်းချီကားကို ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အထောက်အထားမျိုးပေါ့ အဲ့ serial code ထုတ်ပေးတာကို NFT လို့ခေါ်တာ။ ပြီးတော့ NFT ကိုပိုင်တယ်ဆိုတာကလည်း Digital ပေါ်မှာ အဲ့ code ပိုင်တာကိုပြောတာ။ Digital Metaverse မှာလည်း ကျွန်တော့အိမ်ထဲမှာ အဲ့ပန်းချီကားရှိလိမ့်မယ်။ ဆိုတော့ NFT ဆိုတာ အဲ့တာကိုပြောတာ။ Meta ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်မြင်တာက ကျွန်တော်တို့ရဲ့ ဉီးထုပ်တို့၊ Laptop တို့၊ Computer တို့၊ ပြီးတော့ ကျွန်တော်တို့ ကားတွေ၊ ဆိုင်ကယ်တွေ စတဲ့ physical object တွေအကုန်လုံးက physical object ကနေ digital object ဖြစ်လာမယ်လို့ယူဆတယ်။ ဆိုတော့ digital ပေါ်မှာ lifestyle တစ်ခုဖြစ်လာမယ်လို့မြင်တယ်။ ပြီးတော့ ငယ်ငယ်က ကျွန်တော်တို့ဆော့ဖူးတဲ့ The Sim ထဲမှာ ကိုယ့် game character ကိုပြန်ပြီး decorate လုပ်သလိုမျိုး ဒီဘက်မှာတော့ real world မှာ real cash နဲ့ ဝယ်လို့ရမယ် ရောင်းလို့ရမယ်လို့တော့ မြင်တယ်။ နောက်တစ်ခုက အခု platform တွေမှာ ကျွန်တော်တို့ရတဲ့ experience က အမြင်ရယ်၊ အကြားရယ်ဘဲရှိတယ်။ ကျွန်တော် Zuckerberg ရဲ့ Metaverse ကိုကြည့်တဲ့အချိန်မှာ အထိအတွေ့ပါ ပါလာတယ်။ အဲံ့တော့ Meta တစ်ကယ်ဖြစ်လာနိုင်ရင်တော့ Ready Player One ထဲကလိုပေါ့ အထိအတွေ့က အစလုပ်လို့ရလာနိုင်တယ်။ ပြီးတော့ ကျွန်တော် အပေါ်ကပြောခဲ့သလိုဘဲ ခုက screen ကရတဲ့ အမြင်အာရုံရယ်၊ speaker ကရတဲ့ အကြားအာရုံရယ်ဘဲရှိတယ်။ Zuckerberg ပြောတဲ့အထဲမှာ Meta က 3D World တစ်ခုထဲရောက်သွားတာကြောင့် ကျွန်တော်တို့ Brand တွေဘက်နေ customer ကိုပေးချင်တဲ့ experience ကိုအများကြီးပိုပေးလို့ရသွားပြီ။ ဥပမာ - ကျွန်တော်တို့ အခု Beer Brand တစ်ခုကို ကမ်းခြေ vibe နဲ့ကြော်ညာမယ်ဆိုရင် ဖုန်းထဲမှာ ကမ်းခြေကို လှတပတလေးမြင်ရမယ်။ VR နဲ့ဆိုရင် ကျွန်တော်တို့ ကိုယ့် enviroment တစ်ခုလုံးက ကမ်းခြေကိုရောက်သွားမယ်။ ကျွန်တော့်တို့ နားထဲမှာ လှိုင်းသံတွေကြားနေရမယ်။ စဉ်းစားကြည့်။ ကမ်းခြေမှာလူတွေက Beer ပုလင်းလေးတွေကိုင်ပြီး ပျော်နေတဲ့ပုံနဲ့ဝင်လာမယ်။ ပြီးတော့ ကိုယ်က အဲ့လူတွေကို အနီးကနေလည်းကြည့်လို့ရမယ်။ အဝေးကနေကော ကြည့်လို့ရမယ်။ အဲ့တော့ VR ထဲမှာက အပြင်ကလိုမျိူး တကယ့် experience တစ်ခုကို ကြုံနေရတာ။ ဆိုတော့ အဲ့လိုမျိုးအရာတွေကို Meta မှာ ကျွန်တော်တို့ Marketing အနေနဲ့လုပ်လို့ရမယ်လို့တော့မြင်ပါတယ်။ အကျိူးကျေးဇူးအနေနဲ့က ကျွန်တော်တို့ အခုလို ပုံနဲ့စာနဲ့ အသံနဲ့တင်မဟုတ်တော့ဘဲနဲ့ တကယ့်လက်တွေ့ customer experience တစ်ခုကို ပေးလာနိုင်မယ် ရလာနိုင်မယ်လို့တော့ ထင်ပါတယ်။

#digitalmarket #digitalmarketer #market #marketing #youtubecontent # nft #newvideo #metaverse #tips #virtalreality #myanmar #ygn #askalex #askalexmm
visit shbcf.ru