၂၄-၈-၂၀၂၄ ညနေပိုင်းသတင်း

preview_player
Показать описание
◾ရှမ်းပြည်နယ်တောင်ပိုင ဆီဆိုင်မြို့နယ်က တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၈ ဦးကတော့ အသီးသီး သေကုန်ကြပြီး စစ်သားတွေရဲ့ အလောင်း ၃၁ လောင်းကိုရရှိခဲ့သလို ၊ လက်နက် ၁၅ လက် ၊ ဒရုန်း ၂ စီးနင့် ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ PNLA ကသတင်းထုတ်ပြန်ထားပါသည်။

◾ပဲခူးတိုင်း သုံးဆယ်မြို့ အနောက်သပြေကုန်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့လုံခြုံရေးကြီးကြပ်ရေး ဖွဲ့စည်းဖို့ အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးကို ရွေးချယ်လိုက်ပြီး သာယာ၀တီ ခလရ ၃၅ မှာ စစ်သင်တန်း ၁ လ စတက်ရ တော့မှာဖြစ်တယ်လို့ အနောက်သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်သိန်းက အသိပေးပြောဆိုလိုက်ပါသည်။

◾ရခိုင်ပြည်နယ်မှာ အာရက္ခတပ် AA ကို အကြမ်းဖက်စစ်ကောင်စီ နှင့် မွတ်စလင်လက်နက်ကိုင် အာဆာအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့အပြင် ဘူးသီးတောင်မြို့မှာ အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ဗိုလ်မှူး လှိုင်ဝင်းထွန်း ဆိုသူက ဝန်ခံထွက်ဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမည်။

နေ့စဉ်ထူးခြားသတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို ရှာဖွေတင်ဆက်ပေးနေပါသည်။
ခိုင်လုံသော သတင်းအချက်အလက်များကိုသာ တင်ဆက်နေသောကြောင့်ယုံကြည်စိတ်ချစွာ Subscribe လုပ်ထားနိုင်ပါသည်။
Like ,comment and share များဖြင့် ကူညီအားပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ဝေဖန်အကြံပြူလိုသော အကြောင်းအရာများကို comment တွင် ရေးသားဖော်ပြနိုင်ပါသည်။comment အားလုံးကိုဖတ်ပြီး အ‌ကြောင်းပြန်ပေးနေပါသည်။
အားပေးကူညီကြည့်ရှု့သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။

#khitthitvoice #khitthit #ခေတ်သစ်