မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာပြီး ရေလျှံသည့်အပြင် လေပြင်းတိုက်ကာ မိုးသီးများပါ ကြွေကျ

preview_player
Показать описание
မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာပြီး ရေလျှံသည့်အပြင် လေပြင်းတိုက်ကာ မိုးသီးများပါ ကြွေကျ
* * * * *

မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံဖြစ်သည့်အပြင် လေပြင်းတိုက်၍ မိုးသီးများပါ ကြွေကျသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ (၁၅)ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ သွားလာရခက်ခဲသည့် အခြေအနေဖြစ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် မြို့နယ်တချို့တွင်လည်း လေပြင်းတိုက်၍ မိုးသီးများ ကြွေကျခြင်းကြောင့် နေအိမ်တချို့ အမိုးလန်ကာ ပျက်စီးသွားသည်ဟု သိရသည်။

"လေပြင်းတိုက်လို့ နေအိမ်အကုန် ပျက်စီးသွားတယ်။ မိုးသီးက ကြွေလို့ နေစရာ နေရာတောင် မရှိတော့ဘူး။"ဟု မန္တလေး ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မန္တလေးမြောက်ဘက် ဆည်တော်ကြီးဒေသအတွင်း ဧပြီလ (၁၆)ရက်နေ့ ညနေ (၅)နာရီမှ ဧပြီလ (၁၇)ရက်နေ့ ညနေ (၅)နာရီ(၂၄ နာရီအတွင်း) မိုးအလွန်သည်းထန်နိုင်မည့်အခြေအနေတွေ့ရ၍ သတိပြုပြင်ဆင်နိုင်ကြရန် ယနေ့ ညပိုင်းတွင် အသိပေးဖော်ပြထားသည်။

မန္တလေးမြို့သည် မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေရဆဲကာလဖြစ်သည်။

#TachileikNewsAgency
Photo:RVA Myanmar

▬▬▬Tachileik News Agency▬▬▬
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Комментарии
Автор

ရွှေမန်းသူ/သားတွေ ဖြစ်ညှစ်ပြီး fighting 💪🤗အားတစိမှမငယ်နဲ့သိလား

YinThuThu
Автор

အဲလိုဖြစ်ရတာ လမ်းပေါ်ထွက် အကြောင်းရှိလို့အကျိုးဖြစ်လာတာ တာတောင်အသိတရားကမရကြသေးဘူး

NangNang-py
Автор

ဪ, ဒုက္ခ, ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုဖြစ်နေပါပေါ့လား😮

MickeyMickey-iqyc
Автор

မတရားအာဏာသနမ်းပြီး အိမ်မီးရှို့ လူသတ် ဗုံးကြဲလုပ်နေတဲ့ လူယုတ်မာတွေကို လစဉ်ကြေးမပေးကြနဲ့
မဆက်ဆံကြနဲ့
အလိုတူအလိုပါဖြစ်ပြီး အကုသိုလ်အမျှ ရကြလိမ့်မယ်။

AungOo-ji
Автор

သဘာဝဘေး.ကဘာသူကဘာသားများ ဘုရားသနားခြင်းအတူ ဖြေရှင်းပေးပါ.အဖ.နာမတော်၌. Amen.ထပ်တူခံစားရသည်. ဘေးအမျိုးမျိုး. အမြန်ဆုံးလွှတ်မြောက် ကင်းဝေးစေပြီ. Amen.Thanks.😮.

lwinlwintun
Автор

လမ်း ပေါ် နေ ရ
လမ်း ပေါ် အိပ် နေ ရ ပါ တယ် ဆို မှ

မိုး ကြီး ရေ

ဆိုး ဝါး လှ ။ ။

မ ညှာ မ တာ ။ ။

MinkhaungGyi-rlyu