၁၃၈၇ - နှစ်သစ် ကို ကြိုဆို မေတ္တာပို့ ဆုတောင်း🙏🌹

preview_player
Показать описание
၁၃၈၇ခုနှစ် မြန်မာနှစ်သစ်ကူး သြဝါဒကထာ
▬▬▬▬▬▬▬▬▬▬▬▬▬

အရဟံ ဗဟိ-အန္တ -ဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိ-ဘဝူပ-သမံ ယမကံ၊
သုခ ဒံ သရဏံ ပဏမာမိ ဇိနံ။
ဧတေန သစ္စ ဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စ ဝဇ္ဇေန၊ သုခိနော ဝ ခေမိနော ဟောန္တု။

ဒီနေ့ နှစ်‌ဟောင်းကုန်လို့ နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာနှစ်သစ်ကူးကို ကြိုဆိုတဲ့နေ့မှာ ဒုက္ခအပေါင်း လွတ်ငြိမ်းပြီးတော့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာဖြင်း နှစ်ပါးတို့နှင့် လူတိုင်းပြည့်စုံပါစေလို့ ဦးစွာပထမဆုံး ရတနာသုံးပါးရဲ့ဂုဏ်တော်ကို ဦးထိပ်ထားပြီးတော့ မေတ္တာပို့ ဆုတောင်းပေးပါတယ်။

ပြီးခဲ့တဲ့ မြန်မာသက္ကရာဇ်နှစ်တစ်နှစ်လုံး ဘုန်းဘုန်းတို့ မြန်မာနိုင်ငံ ရေဘေးလည်း ကြီးခဲ့တယ်၊ အခု မကြာသေးခင်က မြေငလျင်လည်း အကြီးအကျယ်လည်း လှုပ်ခဲ့တယ်။ နှစ် ၁၀၀ အတွင်းမှာ အကြီးအကျယ်ဆုံး အင်အား အပြင်းထန်ဆုံး မြေငလျင်လို့လည်း ပြောကြတယ်။

အခုအချိန်အထိ အသေအပျောက်တွေ အတိအကျ သိချင်မှသိအုန်းမယ် ဘာဖြစ်လို့တုန်းဆိုတော့ အိမ်တွေ ကျောင်းတွေ တိုက်တွေ ပြိုကျတဲ့နေရာမှာ ရှာလို့မတွေ့သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်သေးလို့။ ပြန်ပြီးတော့ ပြိုကျတာတွေ မဖယ်ရှားရသေးလို့။ စာရင်းအတိအကျ မသိသေးတာလည်း ရှိတယ်။

ဆိုလိုတာက ဒုက္ခအတိနဲ့ကျော်လွှားခဲ့တဲ့နှစ်ပေါ့။ အဲဒီလို သဘာဝဘေးဒဏ်တင်မကဘူး၊ စိတ်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်လို့ စိတ်မချလို့ မေတ္တာပျက်ပြားလို့ ဖြစ်ခဲ့ရတဲ့ ဘေးတွေလည်း အများကြီးရှိခဲ့တယ်။

ကမ္ဘာအနေနဲ့ကြည့်မယ်ဆိုရင်လည်းပဲ ကမ္ဘာကုန်သွယ်ရေးစစ်ပွဲ၊ ရုရှား ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းစစ်ပွဲ အစရှိသဖြင့် စစ်ပွဲအကြီးကြီးတွေ ကမ္ဘာကြီးရဲ့ အရေးအခင်း အကြီးတွေလည်း တောက်လျှောက်လိုလိုဖြစ်ခဲ့တယ်။ အသေးစားတွေလည်း ရှိတာပေါ့နော်။ သေးတယ်လို့တော့ မဟုတ်ပါဘူး စူတန်တို့ အီသီယိုးပီးယားတို့ အဲဒီစစ်တွေလည်း သေးတာတော့ မဟုတ်ပါဘူး အကြီးကြီးပါပဲ။ အဲဒီလို ပဋိပက္ခတွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီး ဒါ ပြီးခဲ့တဲ့နှစ်မှ ဖြစ်တာလားဆိုတော့ ဒီလိုလည်းမဟုတ်ပါဘူး။

ကမ္ဘာကြီးဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သုံးသပ်ချက်အရဆိုရင်ပေါ့ ဒါ စက္ကဝတ္တိသီဟနာဒသုတ်ထဲမှာ အသက်တွေတိုတိုလာတာလား၊ အသက်တွေ ရှည်ရှည်သွားတာလား၊ စီးပွားရေးတွေ ကျကျသွားတာလား၊ တက်တက်သွားတာလား၊ ငြိမ်းချမ်းလာတာလား၊ ငြိမ်းချမ်းမှုတွေ တဖြေးဖြေးလျော့နည်းတာလား၊ အဲဒါတွေအားလုံးဟာ “မနောသေဋ္ဌော မနောမယာ” လူရဲ့စိတ် လူရဲ့နှလုံးသားက ဖန်တီးတာပါတဲ့။

လူရဲ့နှလုံးသားက ဖန်တီးတာ၊ စိတ်က အဓိကလို့ ပြောချင်တာ။ စိတ်သာ ရှင်စော ဘုရားဟော ဆိုတဲ့အတိုင်း။ ဒါကြောင့်မို့လို့ ဒုက္ခတွေ အများကြီးတွေ့တဲ့အခါမှာ ကိုယ့်ရဲ့ဒုက္ခကိုလည်း ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ self-compassion - ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ကရုဏာဖြစ်ရတယ်။

ကိုယ့်ကိုယ်ကိုယ် ကရုဏာဖြစ်ဖို့ သတိမေ့ရင် ဒေါသဖြစ်တယ်။ ဒေါသဖြစ်တယ်၊ မကျေနပ်တဲ့စိတ်တွေဖြစ်တယ်။ နောင်တရတဲ့စိတ်တွေဖြစ်တယ်။ တခါတခါကျတော့ အမုန်တးရားတွေဖြစ်တယ်ပေါ့။ ဒေါသဖြစ်တယ်ပေါ့ အကျဥ်းချုံးအားဖြစ်တော့။ အဲဒါကြောင့်‌ ဒေါသမဖြစ်အောင် ဒုက္ခနဲ့တွေ့တိုင်း ကရုဏာဖြစ်ပါ၊ ဗုဒ္ဓမြတ်စွာဘုရားက ညွှန်ကြားတော်မူတယ်။

ကရုဏာဖြစ်တယ်ဆိုတာလည်း မှန်ကန်တဲ့အမြင်လည်း ပူးတွဲပါတာပေါ့။ မှန်ကန်တဲ့အမြင်ဆိုတာကတော့ ဒီလိုဒုက္ခ ဒို့ခေတ်ကျမှ ဖြစ်တာ မဟုတ်ပါဘူး၊ ရှေးခေတ်တုန်းကလည်း မီးတောင်တွေ ပေါက်ကွဲလို့ ဆူနာမီတွေ ဖြစ်ပွားလို့ ဥရောပတိုက်မှာရော အာရှတိုက်မှာရော ဒီလိုပဲ ဒုက္ခရောက်ကြတယ်။

... ✅
Комментарии
Автор

ဘုန်းဘုန်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေဘုရား

Waihnin-vd
Автор

ဆရာတော်ဘုရား ပေးသောဆုနဲ့ပြည့်ရပါစေဘုရား🙏🙏🙏
သာဓု သာဓု သာဓုပါ ဘုရား🙏

thanthtoozin
Автор

ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ အရှင်မြတ်ဘုရား 🙏🙏🙏

KhaingKhaing-zoim