အစ္စလမ်ဘာသာ ဖြစ်ပေါ်လာပုံ အကြောင်း

preview_player
Показать описание
=====================================================================
ဤဗီဒီယိုတင်ဆက်မှုတွင် လိုအပ်ချက်နှင့် အားနည်ချက်အချို့းရှိခဲ့မှုအပေါ်
Update ဗီဒီယိုဖိုင် ဖြင့် ပိုမို၍ပြည့်စုံကောင်းမွန်အောင်
" ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း "ဆိုပြီး
ခေါင်းစီးတပ်ကာ အပိုင်း (၁) နှင့် (၂) အား
အချက်အလက် တိကျ ပြည့်စုံမှန်ကန်အောင်
ဝီကီပီဒီးယားမှ ကိုးကားကာ တင်ဆက်ပေးထားပါသည်။

Update ဗီဒီယိုအား ကြည့်ရှုနားဆင်ရန်
အောက်တွင်လင့် (၂)ခု ထည့်သွင်းပေးထားပါသည်။
ဆက်လက်၍ ဖွင့်ကြည့်ပေးပါရန်။

ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း အပိုင်း ( ၁ )
(အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ)

ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာများအကြောင်း အပိုင်း ( ၂ )
( ဟိန္ဒူဘာသာ ၊ ဆစ်ခ်ဘာသာ ၊ တရုတ်ရိုးရာဘာသာ ၊
ရှင်တိုဘာသာ ၊ ဇင်ဗုဒ္ဓဘာသာ )
=======================================================================

" ပရိတ်သတ်များသို့ အသိပေးလွှာ "

မိမိတို့ ချန်နယ်သည် ဘာသာရေးဆိုင်ရာ အသိပညာ ဗဟုသုတ အကြောင်းအရာများကို
အဓိကထားကာ အစဉ်တစိုက် မျှဝေခဲ့သော သီးသန့်ချန်နယ်တစ်ခု ဖြစ်ပါသည်။

ပြင်ပမည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ် တစ်စုံတစ်ယောက်စေခိုင်းချက်ကြောင့်မဟုတ်ဘဲ
ကိုယ်ထူကိုယ်ထ စေတနာသပ်သပ်ဖြင့် အသိပညာဖလှယ်ဝေငှပေးပြီး
သီးခြားရပ်တည်နေသော dhamma education channel တစ်ခုသာဖြစ်ပါသည်။

တင်ပေးသည့်အကြောင်းအရာများအားလုံးသည်လည်း
အင်တာနက် လူမှုကွန်ယက် ၊ ဆိုရှယ်မီဒီယာစာမျက်နှာများနှင့် ပုံနှိပ်စာအုပ်စာပေများမှတဆင့်
ထပ်ဆင့်ပြန်လည်၍ မျှဝေတင်ဆက်ပေးနေခြင်းသာဖြစ်ပါသည်။

(ထို့ကြောင့် အနည်းငယ်သော အချို့အကြောင်းအရာများမှာ
အင်တာနက်ကွန်ယက်ပေါ်မှာ မူရင်းစာကူးယူတင်ပြသူများ၏
အားနည်ချက်များကြောင့် လိုအပ်ချက်အချို့ရှိကောင်းရှိနိုင်ပါသည်။

သို့သော် ထိုစာမူများအားလုံးကို အများနှင့်လိုက်လျောညီထွေ
အဆင်ပြေကိုက်ညီနိုင်တာတွေကိုပဲ
တတ်နိုင်သမျှ စိစစ်၍ တင်ပေးလျက်ရှိနေပါသည်။)

မည်သည့် နိုင်ငံရေး ၊ ဘာသာရေး လှုံ့ဆော်လိုခြင်း ရည်ရွယ်ချက် အလျဉ်းမရှိခဲ့သည်မှာ
သာသနာတော်စောင့်နတ်အပေါင်းအားတိုင်တည်၍ သစ္စာပြုဝံ့ပါသည်။

ယခု တင်ပေးလိုက်သည့် ဘာသာကြီး (၄)ဘာသာနှင့် ပတ်သတ်သော
အကြောင်းအရာအားလုံးမှာ မိမိတို့ မတင်ဆက်ပေးမှီ
လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက ရှေးဦးစွာ Public တွင်
ပြန့်နှံ့နေပြီးဖြစ်သော လူအများနှင့် ရင်းနှီးပြီးဖြစ်သော အကြောင်းအရာများသာ ဖြစ်ပါသည်။

အဆိုပါ ဘာသာကြီး (၄)ဘာသာအကြောင်းနှင့် ပတ်သတ်၍လည်း အောက်ပါ ဝဘ်ဆိုက်တွင်
၂၀၁၇ ခုနှစ် အောက်တိုဘာလ မှာ
" ဘာသာကြီး ၄ ဘာသာ အကြောင်း " တရားဝင် ဖော်ပြထားပြီးဖြစ်ပါသည်။

ဓမ္မလုလင် ချန်နယ်လ်နှင့် ရင်းနှင်းပြီးဖြစ်သော ဗုဒ္ဓဘာသာဝင်များမှာ
မိမိတို့ ဘာသာအကြောင်းကို ဖော်ပြရာ၌ အထွေအထူး ငြင်းဆိုဖွယ်အကြောင်းတစိုးတစိမျှမရှိသော်လည်း
အခြား ဘာသာဝင်များ ဝင်ရောက် လေ့လာနားထောင်ကြသည့်အခါ
၎င်းတို့၏ ဘာသာနှင့်ပတ်သတ်၍ ဖြည့်စွက်တင်ပြပေးစရာများ ပေါ်ပေါက်လာသည်ကို သိရှိရပါသည်။

ယခင်က ချန်နယ် ပရိတ်သတ်များထဲမှ အချို့က
"ဘာသာကြီး (၄) ဘာသာ " အကြောင်း တင်ပေးဖို့ရန် တောင်းဆိုခဲ့ဖူးပါသည်။
ထိုစဉ်က အခါအခွင့်မသင့်သဖြင့် မတင်ဆက်ပေးနိုင်ခဲ့ပါ။

ယခုတင်ဆက်ပေးရန် အကြောင်းအရာများ ရှာဖွေသောအခါ ဤဝဘ်စာမျက်နှာတွင်သာ
ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရပြီး အခြားမည်သည့် ဝဘ်စာမျက်တွင်မှ
ထိုမျှ အချက်အလက်စုံလင်အောင် ဖော်ပြထားသည်ကို ရှာ၍မတွေ့ခဲ့ပါ။

အကယ်၍ အခြားဘာသာဝင်များအနေဖြင့် မိမိတို့ ဘာသာအကြောင်းကို
အသံသွင်းလျှင် မိနစ် (၂၀) စာပြောထက် မပိုအောင် စာကြောင်းရေကိုကန့်သတ်၍
လိုရင်းများကို အဓိကထားရေးသားပေးပို့နိုင်ပါကြောင်း
အစ္စလာမ်၊ ဟိန္ဒူ နှင့် ခရစ်ယာန် ဘာသာဝင်များအား လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

ယခုကဲ့သို့ လိုအပ်ချက်များ ရှိခဲ့သည်မှာလည်း တမင်သက်သက်
အခြားဘာသာများအား စော်ကားခြင်း ၊ ပုတ်ခတ်ခြင်း ၊ ရှုံ့ချလိုခြင်း ၊ လိမ်လည်လှည့်ဖျားလိုခြင်း အလျဉ်းမရှိပါကြောင်း
လောကစောင့်ကြပ်နတ်အပေါင်းတို့အား
အသိသက်သေထားကာတိုင်တည်၍
လေးလေးနက်နက် သစ္စာဆိုစကား ပြုလိုက်ပါရစေ ...။

ကမ္ဘာပေါ်ရှိ လူသားအားလုံး လူမျိုး ဘာသာမရွေး ငြိမ်းချမ်းကြပါစေ ...။

ရိုသေ လေးစားစွာဖြင့်
Dhamma Lulin Team

မှတ်ချက် ။
ဘာသာကြီး (၄) ဘာသာနှင့်ပတ်သတ်၍ အကိုးအကားယူထားသောဝဘ်လိပ်စာ လေ့လာရန်လင့်ကို
community ထဲမှာ တင်ထားတဲ့ post အောက်တွင်ထည့်ပေးထားပါသည်။

=========================================================================

#တရားေတာ္မ်ား
#တရားတော်များ 2021
#တရားတော်များ 2022
#တရားတော်များ
#ဗုဒ္ဓဘာသာ
#အစ္စလာမ်ဘာသာ
#dhammalulin ဓမ္မလုလင်
Комментарии
Автор

အစ်စလာမ်တစ်ယောက်ပါပဲ တစ်ခြားလူမျိုးဘာသာဝင်များနဲ့ မှားတာတွေလဲမပြောစေချင်သလို ဘာမှလဲ ဖြစ်စရာမလိုပါဘူး ဘာလို့ဆိုရင် တင်ပြသူကိုယ်တိုင်က အစ်စလာမ်ဘာသာဝင်မဟုတ်လို့ အမှားဆိုတာပါမှာပါပဲခင်ဗျာ နားလည်မှုနဲ့ ပဲ ကို့အနေနဲ့ ❤️🙏

ZawZaw-eorn
Автор

မမရေ တင်ပြထားတာတွက်တော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် islam ဘာသာဝင်မို့ မမမှားတာ ကိုသိပေမယ့် တစ်ခြားဘာသာဝင်တွေကတော့ နားလည်မှာမဟုတ်ဘယ် အထင်လွဲသွားနိုင်ပါတယ်နော် ။ သဘောပေါက်နားလည်မှာပါ နော်။ ငြိမ်းချမ်း အဲ့ခေတ်ကာလက islamဘာသာဟာ ပြန့်ပြူးခဲ့တာပါ ။ ။ မစော်ကားပါနဲ့ ​ေနာ်အောက်က comment များ။ ဘယ်အရာမဆို။ သိချင်ရင်လေ့လာပါနော် ကျေးဇူးပြုပြီး မဆဲကြပါနဲ့ ကျမတို့islam ဘာသာဝင်တွေလည်းလူသားပါ ။ တစ်ယောက်မကောင်းတာနဲ့ ဘူးနော်။ဘာသာတရားတိုင်းဟာ ။ လိုက်နာကျင့်သုံးသူရှိသလို သေချာပေါက် တမန်တော်မြတ် မကောင်းသောသူလုံးဝမဟုတ်ပါ။ အပေါ်ယံ ထပ်ပြီးပြောပါမယ်နော်

soesoe
Автор

ဗုဒ္ဓဘာသာမှလွဲ၍ အခြားသောဘာသာများမှာ ဝေဖန်ဆန်းစစ်မှုပညာမပါ

ထိုက်သူရစေ
Автор

အမှန်က ၃ပုံ ၁ပုံ လောက်ဘဲ ပါတယ် ခင်ဗျားတင်ပြတာက လွဲနေသေးတယ် ဆက်လေ့လာပါအုံး ဓမ္မ လုလင် ကျွန်တော် အစ္စလာမ်ဘာသာပါ ခင်ဗျား လေ့လာချင်တယ်ဆို ကုရ်အန် ဘာသာပြန်တွေ ရှိပါတယ် သေချာစွာလေ့လာပါပြီးမှ (မျှဝေပါ) ကျေးဇူးပါ

jokerjoker
Автор

အဓိကတော့ အလာဘုရားသခင်ရဲ့အမိန့်ကို သက်ရှိနေသမျှကာလပတ်လုံး နားခံရမယ်။ အဲဒီထဲမှာ အတိုးလုံးဝ စားလို့မရဘူး။ ချွေးနည်းစားကိုဘဲရှာဖွေ စားသုံးရမှာဖြစ်တယ်

ayelwin
Автор

အာရဗီစာပေဘာသာစကား၌
အစ္စလာမ်ဟူသည် စလာမ်ဟူသောပုဒ်မှဖြစ်၍
အဓိပ္ပါယ်အမှန်မှာ ငြိမ်းချမ်းရေး ဖြစ်၏

ကာယကံ ဝစီကံ မနောကံ ဟူသော
ကံသုံးပါးစလုံးကို
မွတ်စလင်၏ အဓိပ္ပါယ်က
ကံသုံးပါးလုံးငြိမ်းချမ်းအောင် ခိုင်းစေထားသော
မည်သည့်ဘာသာမှမဆို အမိန့်ကိုနာခံသောသူ (ဝါ) အမိန့်နာခံသူကို မွတ်စလင်ဟုခေါ်၏။
အချုပ်ကိုဆိုရသော်

၎င်းသည် အစ္စလာမ်မဟုတ်တော့ပေ
အမည်ခံသက်သက်ဖြစ်လေ၏
သြဝါဒဝိနည်း ဝိနယသိက္ခာများချိုးဖောက်လျှင်
၎င်းသည် မွတ်စလင်မဟုတ်တော့ပေ

တနည်းဆိုရသော် မည်သည့်ဘာသာဝင်ဖြစ်နေပါစေ ဘာသာမဝင်ထားသူဖြစ်နေပါစေ ၎င်း၌
၎င်းသူသည် အမိန့်သြဝါဒများကို လိုက်နာလျှင်
မည်သည့်ဘာသာဝင်ဖြစ်နေပါစေ
ဘာသာမဲ့ဖြစ်နေပါစေ
ဝိနယသိက္ခာအမိန့်သြဝါဒများကို
နာခံကျင့်သုံးသောကြောင့်

Video ၌ ပြောပြခြင်းများကွဲလွဲနေသဖြင့်
သေခြာနားလည်စေရန်
Shah Maung Maung
PABE(Dip, ..); PSE 1year.
Buddhism University Of Mandalay.

mandalarthway
Автор

ဖန်ဆင်းရှင် ဘာသာတွေမှာ
လောက က လွတ်မြောက်ဖို့
ကျင့်စဥ် မရှိကြဘူး
ယုံကြည်ချင်းမှာ လမ်းဆုံးကြတယ်

sawdanial
Автор

ကဘာ့လူသားအားလုံးရဲ့ က ဆပ်ပေး ခံရတဲ့ စစ်မှန်တဲ့ ဘုရားဟာ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ရစေနိုင်သူဟာ ငရဲရောက်မှ အကျိုးမရှိတဲ့ နောင်တ ရသူ မဖြစ်ဖို့ စစ်မှန်တဲ့ဘုရား၊ကယ်တင်ရှင် ယေရှုခရစ်ကို ယခုပင် ယုံကြည်လက်ခံလိုက်ပါ၊ ကျမ်းစာက သင့်ကိုသတိပေးနေပါတယ်၊* ယခုပင် နှစ်သက်ဘွယ်သောအချိန်၊ယခုပင် *ကယ်တင်ရာနေ့ရက်ဖြစ်၏ * တဲ့။သင့် တမလွန်အရေးကို သင် ယနေ့ ရွေးယူလိုက်ပါ။ ငရဲကျ မှ ရတဲ့နောင်တက သင့်ကိုမကယ်တင်နိုင်ပါ။ သင် ကြောက်ပါပြီ၊ယုံကြည်ပါပြီ* လို့ပြောနေလို့ ဘာအကျိုးမှ မရှိတော့ပါ။အဲချိန်မှာတော့ နောင်တ မရတဲ့လူ နောင်တ က သင့်ကို ငယ်သံပါအောင် အော်ဟစ်နေလဲ အကျိုးမရှိတော့ပါ။ သင့်ရဲ့ တမလွန်အရေးကို ယခုအချိန်ဟာ သင့်ရဲ့ တမလွန် ကိုအဆုံးအဖြတ်ပေးလို့ရတဲ့ အချိန်ဖြစ်ပါတယ်။ သင် ယေရှုခရစ် ကို ယခုလက်ခံယုံကြည်လိုက်ပါ။ သင် ကိုယ့်အစွမ်းအစနဲ့ မလုပ်နိုင်တဲ့အရာ ကို ယေရှုခရစ်က လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ပိုသိလိုပါက ဆရာကြီး ဘုရားရှိခိုးကျောင်း၊ဆရာကြီး ဦးမုန်သောင် တက်ရောက်ပါဝင်ကြည့်ပါ။ ‌သေခြင်းတရားကိုအောင်မြင် ထမြောက်၊ယခုအသက်ရှင်လျက်ရှိတဲ့ ယေရှုဘုရားက သင့်ကို ငရဲကျခါမှ ရတဲ့ နောင်တ က ဘာအကျိုးမှ အပယ်ငရဲဝင်စာရင်းကနေ ရုန်းထွက်လိုက်ပါ မိတ်ဆွေ။

LalZaHmung-ef
Автор

လက်ရှိမြန်မာနိုင်ငံအရေးက တကယ် အရေးကြီးနေတာပါ။ နိုင်ငံ ပြန်လည်ထူထောင်တဲ့အခါ လူမျိူးဘာသာမခွဲခြားကြပဲ တယောက်လက်တယောက်တွဲပီး ကြိုးစားကြမှ မြန်မာ ဟာ ပြန်လည်သာယာကောင်းမွန်မှာပါ။

swezinoo
Автор

စိတ်ဝင်ဖို့ကောင်းတယ် ဗဟုသုတ ရတာပေါ့ကျေးဇူးပါ🙏🙏🙏

ZawZaw-fgwf
Автор

khadeja သခင်မအသက်40
50 မဟုတ်ပါ။
တမန်တော်အသက် 25 နှစ်ပါရှင်

sisimar
Автор

ကောင်းကင်တမန် ဂေဘရီရယ် မဟုတ်ဘူးဗျ
ဂျစ်ဗ်ရာအီးလ်ပါ ဆရာလုပ်ခြင်းမဟုတ်ပါ
အသံထွက်လေးမှားနေလို့ပါ

htetmyataung
Автор

Islam ဖြစ်ပေါ်လာပုံ ကိုမပြောနဲ့ lol ကျောက်ရုက်တေက .... ဘိ့လပ်မြေ ကနေ ဖြစ်ပေါ်လာပုံကိုပြော ok ✓

Zuex-jcjz
Автор

တစ်ခုတော့ မှတ်ချက် ပေးချင်ပါတယ်
တမန်တော် မုဟမ္မဒ် လို့ပြောတဲ့အခါ အပုံမထည့်ပါနဲ့ အပုံထည့်လိုက်တဲ့အတွက် တမန်တော် မုဟမ္မဒ်ကို အပုံထဲကလူလို့ ထင်သွားလိမ့်မယ် ပြီးတော့ တမန်တော် မုဟမ္မဒ်က စစ်တပ်တွေစုဆောင်းပြီး ပြန်ခုခံခဲ့တယ်ဆိုပေမဲ့ အစ္စလာမ်ကို ဒီနည်းနဲ့ဖြန့်ဖြူးခဲ့တယ်ဆိုတာ မှားပါတယ် အစ္စလာမ်က သာသနာ ဖြန့်ဖြူးခဲ့တုန်းက ဓားနဲ့မဖြန့်ဖြူးခဲ့ပါဘူး နောက်တစ်ခုက အစ္စလာမ်ဆိုတာ ငြိမ်းချမ်းခြင်း လို့ အဓိပ္ပါယ်ရပါတယ်

zawmyintoozawmyintoo
Автор

ယခုတင်ဆက်သွားတာတွေတာ
အစ္စလာမ်သာသနာကို အမြင်ရှုဒေါင့်
တစ်မျိုးကနေ တင်ဆက်နေတာ
သိသာပါတယ်။
အစ္စလာမ်သာသနာအကြောင်း
ဃဂနဏ သိချင်သူတွေ
မူရင်း ကုရ်အာန်ကျမ်းနှင့် ဆွဟီဟဒီးဆ် ၆ ကျမ်းကို လေ့လာပါ။ တမန်တော်မြတ်၏ ထေရုပ္ပတ္တိစာအုပ်ကို လေ့လာပါ။ ဆယ်မိနစ်စာ အသံဖိုင်ကိုနားထောင်ရုံနဲ့ ကုရ်အာန်ကျမ်း၏ ၆၆၆၆ နုက္ခပတ်တော်တွေနဲ့ တမန်တော်မြတ်၏ ဟဒီးဆ်သြဝါဒတော် ၆ သိန်းကျော်ကို ဂဃနဏ သိမှာမဟုတ်သလို။ မြတ်ဗုဒ္ဓရဲ့ ၄၅ ဝါပတ်လုံးဟောခဲ့တဲ့ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ပါဝင်တဲ့ ပိဋကသုံးပုံကို မလေ့လာမဖတ်ရှုဖူးပဲနဲ့ ဗုဒ္ဓဘာသာရဲ့အကြောင်း ဂဃနဏ သိမှာမဟုတ်ပါဘူး။
စာဖတ်မပျင်းကြပါနဲ့ ဘာသာကြီးလေးခုအနှစ်ချုပ်ဆိုတာ တချို့အစီအစဥ်တင်ဆက်သူတွေရဲ့ အာဘော်တွေ အယူအဆတွေ ထင်ကြေးတွေ ဖြစ်ဟန်တူပါရဲ့ဆိုတဲ့ ထင်ကြေးခန့်မှန်းယူဆချက်တွေ သူတစ်ပါး ပါးစပ်ဖျားမှာလမ်းဆုံးနေမှာပါ။ စာမဖတ်တတ်ရင်လည်း ထိုဘာသာ သာသနာ၏ တရားဟောကထိကတွေ ဆရာတော်ဘုန်းတော်ကြီးတွေရဲ့ တရားဟောပြောမှုအသံဖိုင်တွေ video တွေ Youtube မှာ ဒုနဲ့ဒေးရှိပါတယ်။

belifandlove
Автор

အမမှားနေတယ် ​တန်မတော်ကြီးတမန်တော်လေး ဆိုတာ လုံးဝ လုံးဝ အမှား ကြီးဖြစ် နေတယ်

tinhtweaungtinhtweaung
Автор

အကယ်၍အပြိုင်ကမ္ဘာတွေ ဂြိုလ်သားတွေရှိရင်ရော ဖန်ဆင်းရှင်တွေကို ယုံအုန်းမှာလား သိချင်တာ😕😕

ALSKDJ
Автор

အစ္စလာမ် က ဘာသာ မွစ်လင်က လူမျိုး
တရုတ် အစ္စလာမ်လဲရှိသလို ဗမာအစ္စလာမ်လဲ ရှားရှားပါးပါးတွေ့ဖူးပါတယ် လူမျိုးနဲ့ဘာသာ ကွဲပြားကြစေချင်...

hipshape
Автор

သေချာလေ့လာပြိးပြောပါ
မှားနေလို့ ကျတော်ကဘာသာ၀င်ပါ။

firedragon
Автор

❤❤❤❤ အများကြီးကျေးဇူးတင်ပါတယ် အစ္စလာမ်း

ShaWin-ck