filmov
tv
ပုသိမ်ထီးပေါ် ရေးထားတဲ့ ပန်းချီကားတွေ ဘာလို့ရောင်းတာလဲ
Показать описание
ပန်းချီဆရာ ၂၇ယောက်က ပုသိမ်ထီး ၉၁လက်ပေါ်မှာ မေတ္တာနဲ့ရေးဆွဲထားတဲ့ ပုသိမ်ထီးတွေကို ရန်ပုံငွေအဖြစ် Pansodan Scene မှာ စက်တင်ဘာ ၁၃ရက်နေ့ကစပြီး ပြသရောင်းချနေပါတယ်။ ထီးတစ်လက်ကို အနည်းဆုံး ဒေါ်လာ ၂ဝဝနဲ့စရောင်းတဲ့ ရန်ပုံငွေတွေ ဘယ်မှာ သုံးမလို့လဲ။
ပုံမှန်ဆေးခန်း ၂ခုနဲ့ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ၅ခု ထူထောင်ထားတဲ့ Better Burmese Healthcare ဖောင်ဒေးရှေးမှာ ဆေးဝါးစားရိတ် အခက်အခဲတွေ ရင်ဆိုင်လာရတာကြောင့် ရန်ပုံငွေရှာပြီး ရောင်းချတာဖြစ်တယ်လို့ ဒေါက်တာရဲထွေးလှိုင်က ရှင်းပြပါတယ်။ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေရဖို့ အနည်းဆုံး ဒေါ်လာ ၂၅တိုးပြီး လေလံဆွဲဝယ်ယူနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။