ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ)

preview_player
Показать описание
ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၄

မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စတာ ကျောက်လိကျန်း က အောက်တိုဘာ ၂၁ ရက်နေ့က ပေကျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ တောင်းဆို လိုက်ပါတယ်။

ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို သေချာစုံစမ်းပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့နဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်ကောင်စစ် အရာရှိတွေ၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို မြှင့်တင်ပေးဖို့ လည်း ပြောသွားပါတယ်။

တရုတ် ကောင်စစ်ဝန်ရုံးဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဆောက်အဦးအတွင်း ထိခိုက်၊ ပျက်စီးမှု အချို့ ရှိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှု ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ လတ်တလောအထိ ထုတ်ပြန်ထားတာမျိူး မရှိသေးပေမယ့် စစ်ကောင်စီရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကပါ ဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူတွေကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံရေး ကစားကွက် လည်း ဖြစ်နိုင်ပြီး မြောက်ပိုင်း မဟာမိတ် အင်အားစုတွေနဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် တရုတ်အနေနဲ့ အထင်အမြင်လွဲအောင် စစ်ကောင်စီကိုယ်တိုင် ဒီဖြစ်စဉ်ကို ဖန်တီးတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

#မြန်မာ #ဧရာဝတီ #ကောင်စစ်ဝန်ရုံး #မန္တလေး #တရုတ် #NUG
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

Awwတရုတ်သံရုံးရှေ့မှာ cctvမရှိတာလား တရုတ်သံရုံးကcctv record ကိုချပြပေးပါလေ
ဟဟဟရီးစရာကြီးလုပ်ကြံဇာတ်ကြီးက

AungMin-if
Автор

မလုပ်ရဲတာဘာမှမရှိသူ Sပု ကတော့ အကြံကုန် ဂဠုန်ဆားချက်ပြီ။

MikeMike-qf
Автор

တာဝန်အရှိဆုံးဖြစ်တဲ့ စစ်ကောင်စီကို ဖမ်းပါ

SwanPyae-qsce
Автор

သူမွေးထားတဲ့ခွေးဆိုး သူ့ပြန်ကိုက်တော့ အော်တယ်ဟ

HMUEKHANT-opps
Автор

အဖမ်းပြပြီး PDF.ကိုလွဲမချနဲ့ အကွကိတွေကရိုးတယ်

NayLnn
Автор

ဝင်း‌နိမ္မိတာရုံဆရာတော်ကို စကစ က သတ်ဖြတ်ပြီး PDF လုပ်တာလို့ ပေါ်တင်လိမ်ညာခဲ့ပြီး အရှက်ကွဲခဲ့တာမှတ်မိလား။
ခုလည်း စကစ လုပ်ပြီး PDF လက်ချက်လို့ ပေါ်တင်လိမ်နေတာမို့ ချီးနား ရေ အဟမ့်

lwanlay-ng
Автор

မြန်မာပြည်ကို ခြိမ်းခြောက်ဖိအားပေးစာ စကားပြောတဲ့အယုတ်တမာကိုရော အရေးမယူဘူးလား အဲဒါပိုအပြစ်ကြီးတယ်

MinMin-ekbh
Автор

မွေးထားတဲ့ခွေးကိုက်တာကို သိသိနဲ့လိုက်ဟောင်နေတာလား

Linnyy-lt
Автор

စစ်ကောင်စီလက်ချက်လေ ဆောက်တရုပ်တေရ စစ်ကောင်စီလက်ဝေခံတွေပဲ မင်းတို့တရုပ်ကိုဆန္ဒပြနေတာ

yehtwe
Автор

ပေါက်ဖော်က ပဲကြီးလှော်ကြား ဆားညှပ်နေတာ...ကိုယ့်ဟာကိုယ် ဘေးထွက်နေလိုက်ရင် အကောင်းဆုံးဖြစ်လိမ့်မယ် ပေါက်ဖော်ရေ

JohnSmith-swuq
Автор

အဲ့အသံထွက်ချင်လို့ အဲ့လိုလုပ်တာ ပထွေးနဲ့ မယားပါသားလုပ်ဇာတ်

me-cqib
Автор

သူများနိုင်ငံသားတွေသတ်ဖို့ကျ အားပေးနေပီး
နင့်အဘပဲပစ်တာ လဒ

日本の自然
Автор

နိုင်ငံရေးမယ် တိုက်ဆိုင်မှုဆိုတာ ဘယ်တော့မှမရှိဘူး

HDD
Автор

မအလ ရဲ့ အကြံကုန် ခွေးရူး လုပ် အကွက်တွေပါ အသိသာကြီး

BalagyiKK
Автор

မင်းအောင်လှိုင် ခွေးအိုကြီးဟာ
လှည့်ပတ်ကိုက်နေတာပါ

ညဏ်နီညဏ်နက်တွေသုံးနေပီး
လုပ်နေတာပါ လုပ်လိုက်တိုင်းလဲ
ယုတ်မာမှု့တွေအပြည့်နဲ့ ပညာမဲ့
လုပ်ရက်တွေပါ

ZawLayZawLay-pomd
Автор

စ ပြီလေးးးစကစ နဲ့ လက်ဝါးချင်းရိုက်လုပ်ပီးးခုကြ တော်လှန်ရေး အဖွဲ့တွေက်ု

KoThuGyi-mq
Автор

တရုတ်ကစစ်ကောင်စီနဲ့ပေါင်းပြီး တရုတ်က မြန်မာပြည်မှာ ဘူစွာလုပ်ချင်နေတာလေ

MiCc-zw
Автор

​တော်​တော်တရားကျတာပဲတရုတ်ရယ် လူ​တ​ယောက်တောင်ဘာမှမဖြစ်ဘူး ကိုယ့်ထိ​တော့နာလိုက်တာ မရှက်ဘူးလားတရုတ်ရဲ့ အ​ရေးယူ​ပေးပါ ဘာညာ​လောင်​ပြနေတယ် 😂😂😂ခများတို့ကျ​တော့ မအလစစ်​ခွေး​ရဲ့နောက်က​နေ ​ထောင်​သောင်း​ချီ​နေပြီ

thannaingoo
Автор

တရုတ်နှင့်ပက်သက်တဲ့ အရာမှန်သမျှ မြန်မာ့မြေပေါ်ကနေ မောင်းထုတ်ရမှာ

K-ljmb
Автор

ရှင်းရှင်းပဲ့ပြောမယ် PDF လုတ်တာမဟုတ်ဘူး ၁၀၀./. သေချာတယ် ဒီလိုလွယ်လွယ်လေးဆို မအလ သေတာကြာပြီပေါ့😅
(စကစ လက်ချက်ပါ)

MsJunnila