filmov
tv
ကိုစည်သူ ထောင်တွင်းကျဆုံးမှု ၁၃နှစ်ပြည့်ပေမယ့် တရားမျှတမှုက ဘယ်မှာလဲ
Показать описание
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့လို့ မြန်မာစစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီထောင်ထဲမှာ ကျဆုံးခဲ့ရတဲ့ ကိုစည်သူ ကွယ်လွန်တာ ၁၃နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ တရားမျှတမှုကင်းမဲ့ခြင်းဟာ ထောင်နံရံတွေကို ရိုက်ခတ်တုန်ခါနေဆဲလား။
အသက် ၂ဝအရွယ်မှာ မြန်မာစစ်ထောက်လှမ်းရေးတွေရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ရပြီး အသက် ၃၅နှစ်မှာ ကွယ်လွန်ခဲ့ရတဲ့ ကိုစည်သူအတွက် နှစ်ပတ်လည်ဆွမ်းသွပ်မှုကို ဇူလိုင် ၁၂ရက်နေ့က စမ်းချောင်း ကိုးထပ်ကြီးဘုရားဘေးက ရွှေတောင်ကျောင်းတိုက်မှာ ကျင်းပခဲ့ပြီး သူ့ကို မြှုပ်နှံခဲ့ရာ သာယာဝတီသချိုင်းကို သွားရောက် ဂုဏ်ပြုခဲ့ကြပါတယ်။