filmov
tv
ရန်ကုန်တွင်လုံခြုံရေးတင်းကြပ်စစ်ဆေးနေသည့်ကြားမှလူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ ပြည်သူများပူးပေါင်းပါဝင်

Показать описание
ရန်ကုန်တွင် စစ်ကောင်စီကလုံခြုံရေးတင်းကြပ်စစ်ဆေးနေသည့်ကြားမှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ ပြည်သူများ ပူးပေါင်းပါဝင်
==============
ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကြပ်စစ်ဆေးနေသည့်ကြားမှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုအနေဖြင့် ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို မိမိတို့ စုဝေးရန်အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင်စုဝေးကြပြီး သစ္စာအဓိဋ္ဌာန်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြ ခြင်း ဖြစ်သည်။
ထိုသို့ ပြည်သူလူထု၏ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်မည့်အတွက်ကြောင့် ရန်ကုန်မြို့အတွင်းရှိ အထင် ကရနေရာများ၊ ကုန်တိုက်များ၊ လမ်းဆုံများနှင့် စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်က အင်အား အများအပြားချကာ လုံခြုံရေးတင်းကျပ်ခဲ့သည်။
“စမ်းချောင်း မြေနီကုန်းတဝိုက်မှာတော့ မနက် ၇ နာရီလောက်ကစပြီး တံတားပေါ်တွေမှာရော လမ်းတစ် လျောက်မှာ စစ်ကောင်စီတပ်တွေ ရဲတွေက အင်အားတွေချပြီး လုံခြုံရေးတွေတင်းကျပ်ထားတယ်။ မှတ်တိုင်တစ်မှတ်တိုင်ကို စစ်သားငါးယောက်လောက်ရှိတယ်။ ၁၀ နာရီ ၃၇ မိနစ်မှာ ကားဟွန်းတီးတာ တွေတော့ရှိတယ်။ မြေနီကုန်းဈေးလမ်းမှာတော့ လူငယ်နှစ်ယောက် ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး ကြား တယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက မဇ္စျ်ိမကို ပြောသည်။
လက်ရှိအချိန်အထိ မြေနီကုန်းမဟာမြိုင်ဆေးရုံအနီးတွင် စစ်ကောင်စီတပ်ကားတစ်စီးနှင့် အချုပ်ကား တစ်စီးရပ်တန့်ထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင်လည်း စစ်ကောင်စီတပ်က စစ်ကားများ၊ အိမ်စီးကားများ၊ အချုပ် ကားများအပြင် အရပ်ဝတ်ဖြင့်အသွင်ယူကာ ယနေ့ပြုလုပ်မည့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပါဝင်မည့် ပြည်သူများကို ဖမ်းဆီးမှုများလုပ်ဆောင်ရန် ပြင်ဆင်ထားသည်။
ထိုသို့ စစ်ကောင်စီတပ်လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို တာမွေ၊ ကြည့် မြင်တိုင်၊ အလုံနှင့် အချို့သောမြို့နယ်များမှပြည်သူများက အမျိုးမျိုးသောနည်းလမ်းများဖြင့် ပူးပေါင်းကာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီဘက်မှာတော့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ သံပုံးတီးတာတွေ ရှိတယ်။ လုံခြုံရေးချထားတဲ့ စစ်ကောင်စီ တပ်ကတော့ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်ပြီး လိုက်စစ်ဆေးတာမျိုးတွေတော့ ရှိတယ်။ ဖမ်းတာဆီးတာ မျိုးတော့ ဒီဘက်မှာ မကြားသေးဘူး” ဟု တာမွေမြို့နယ်တွင်နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည့် ပြည်သူအချို့လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံလိုက်ရမှုများရှိခဲ့ကြောင်းသိရပြီး အရေအတွက်အတိအကျသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်း လျက်ရှိသည်။
ယင်းအပြင် လူမှုကွန်ရက်သုံးစွဲသူများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့်ပတ်သက်သည့် စာသားများ ရေးသားခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများ ရေးသားခြင်းဖြင့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ယုံကြည်ရာတရားအလိုက် တိုင်တည် သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို နိုင်ငံအနှံ့ ပြုလုပ်သွားကြရန် NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် “တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီး ပေးဆပ်ခဲ့ကြသူ အပေါင်း တို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်၊ တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက် ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်၊ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသတည်း၊ တရားတဲ့သူသာ နိုင်ကြေးဟေ့” စသည့် ကြွေးကြော်သံများကို အဓိဋ္ဌာန်ပြု ရွတ်ဆိုရန် တိုက်တွန်းထားသည်။
ပြည်သူများအနေဖြင့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန်နှင့် စုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက် အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းတို့ဖြင့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင် ကြောင်း နိုးဆော်ထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ပြည်သူလူထု၏ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ မအောင်မြင်စေရန် အင်အားများစွာဖြင့် လုံခြုံရေးတင်းကျပ်ကာ ပိတ်ဆို့မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများမှ မိမိတို့ တတ်နိုင်သည့် နည်းလမ်း များဖြင့် ပူးပေါင်းကာလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။
------------------------
နောက်ဆုံးရ သတင်းနှင့် အခြားစိတ်၀င်စားစရာအစီအစဥ်တွေ ကြည့်ရှုနိုင်ဖို့ subscribe လုပ်ပြီး
All Notification ဖွင့်ထားဖို့ တိုက်တွန်းလိုက်ပါရစေ.
Follow us on other platforms :
Website :
...............................................
About Us :
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
......................................................

Комментарии