သက်လူမျိုး (နောင်အခါ မြန်မာ ဖြစ်သွားသော ပျူ ကမ်းယံ သက် မှ)

preview_player
Показать описание
There might have been the reasons for the Sak or Thet to disperse from the original country of their own in the time in memorial as well as in near recent time of the British colonialist. From the history book of the great learned men as follow. It is also from the history books of native Burman Historans.
“Abhiraja is stated to have founded Tagaung in the ninth century B.C. He was an Aryan Prince from Northern India, but the course of his migration is not set forth. On his death, the crown was bequeathed to Kanrajange, the younger of his two sons; while the elder Kanrajagyi, moved to the Chindwin valley, established his son, Muducitta, as king at kale, and crossing over to Kyaukpadaung, became the first ruler of the Arakanese, who thereby claim to be the elder branch of the race. ဝီကီပီးဒီးယား မှ သက် ခေါ် အစာက်တ် ( ရခိုင်ပြည်နယ် )
ခေတ်ဟောင်း မြန်မာ ရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံအရ အာသမ် မြန်မာ သက် မျိုးနွယ်စု ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းဘွား လူမျိုးတစ်မျိုးဖြစ်သော သက်လူမျိုးသည် တိဗက်·မြန်မာအုပ်စု ကြီး၏ ရခိုင်အုပ်စုခွဲတွင်ပါဝင်သည်။ ရခိုင်တိုင်း၏ တောင်ရိုးနယ်များဖြစ်ကြသောမေယုခရိုင်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့တွင် နေထိုင်ကြသည်။ အနီးအ နားရှိခမီ၊ ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ဟိန္ဒူစသည့်လူမျိုးများနှင့်ရောနှော နေထိုင်ကြသော်လည်းများ သောအားဖြင့်သက်လူမျိုးချည်းသက်သက် သီးခြားရွာတည်၍ လည်း နေထိုင်လေ့ရှိကြသည်။
သက်လူမျိုးတို့၏ပုံပန်းသဏ္ဌာန်မှာ မြန်မာတို့နှင့် ဆင်ဆင်တူ၍ မျက်လုံးမျက်ခုံး၊ နှာတံတို့သည်ထင်ရှား ပေါ်လွင်ခြင်းမရှိလှချေ။ ဆံပင်နက်၍ အသားလတ်သည်။ အရပ်အမောင်းငါးပေနီးပါးရှိ၍ ကိုယ်ခန္ဓာအချိုးအဆက် ကြည့်ကောင်းရုံမျှဖြစ်လေသည်။ အမျိုးသားများသည် ဆံပင်ရှည်ထား၍ နားပေါက် ဖောက်လေ့ရှိသည်။ တဘက်ပုဝါပေါင်းလေ့ရှိသည်။ အခြား ဝတ်စားဆင်ယင်မှုမှာ မြန်မာအမျိုးသားတို့နည်းတူဖြစ်လေသည်။ အမျိုးသမီးများသည် အင်္ကျီရင်စေ့ဝတ်လေ့ရှိသည်မှအပ မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်စားဆင်ယင်၍ မြန်မာအမျိုး သမီးများကဲ့သို့ပင်ပုတီး၊ လည်ဆွဲ၊ နာတောင်း၊ လက်ကောက် စသော လက်ဝတ်တန်ဆာများကိုဆင်ယင်ကြသည်။
အင်္ဂလိပ်တို့မသိမ်းပိုက်မီအခါက ရခိုင်ဘုရင်စိုး မင်းများ၏ အအုပ်အချုပ်ကိုခံယူခဲ့သောလူ မျိုးဖြစ်လေသည်။ သက်တို့နေထိုင်ရာဒေသသည် တောတောင်ထူထပ်၍ မိုးများသည်။ မြေညီလွင်ပြင်နည်းပါးသဖြင့် တောင်ယာ စံနစ်ဖြင့်သာစိုက်ပျိုးသော အသီးအနှံများမှာ စပါးအပြင်ငရုတ်၊ ခရမ်းစသော ဟင်းသီး ဟင်းရွက်များဖြစ်ကြ၍ စားလောက်ရုံ မျှသာ စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးလုပ်ငန်းမှလွဲလျှင် ရက်ကန်းရက်ခြင်း ကိုလုပ်ကိုင်ကြသည်။ သက်တို့ဒေသမှာ ပြောပလောက်အောင်ထွက်ကုန်ပစ္စည်းမရရှိချေ။ သက်လူမျိုးတွင် သက်ဘာသာစကားရှိသော်လည်း သက်စာပေဟူ၍ကားမရှိချေ။ ယခုအခါ ဗြဟ္မီအက္ခရာပွားတစ်မျိုးကို တီထွင်အသုံးပြုလျက် ရှိသည်။ မြန်မာစာပေကို အသုံးပြုကြ၍ မြန်မာစကားကိုနားလည်ပြောဆိုနိုင်သူများသည်။ အများစုသည် ဗုဒ္ဓဝါဒီများဖြစ်ကြသည်။ သက်လူမျိုးတူရိယာဟူ၍လည်း သီးခြားမရှိ၍ မြန်မာတူရိယာတို့ကိုပင်အသုံးပြုကြလေသည်။ လက်နက်အဖြစ် ဓား၊လှံ၊ လေးမြားတို့ကိုသုံးသည်။ သက်တို့၏အသုံးအဆောင်ပစ္စည်းများတွင် ဝါးခြင်းတောင်း၊ ဗန်းစသည်တို့အပြင် သစ်သားခွက် မြေအိုးစသည်တို့လည်း ပါဝင်ပေသည်။
သက်တို့၏ ဓလေ့ထုံးစံများအနက် အမည်ပေးပုံမှာ မြန်မာနည်းအတိုင်းပင်ဖြစ်သည်။ လူကြီးမိဘများကအမည် ပေးလေ့ရှိ၍ ဗေဒင်တွက်ချက်ပြီးလျှင် မြန်မာရက်နှင့်အက္ခရာစဉ် အတိုင်းစနေသားဖြစ်လျှင်မောင်တင်၊ မောင်နိုးစသည်ဖြင့် နာမည်မှည့်ကြလေသည်။ မိန်းခလေးများကို ယော်၊ ပေ၊ မို၊ မေး ဟူသည့် အမည်တစ်ခုခုပေးတတ်သည်။ သက်လူမျိုးတွင် အဓိကမျိုးနွယ်စု အုပ်စု ၂ စုရှိသည်။ ဆမာက်အုပ်စု နှင့် ဘောက်အုပ်စုဖြစ်သည်။ ယင်းတို့၏အောက်တွင် အစဉ်ငယ်များ ၉ မျိုးခန့်ရှိသည်။ တစ်လင်တစ်မယား စံနစ်ကိုလိုက်နာကျင့်သုံးကြ၍ အမျိုးအုပ်စု မတူသူအချင်းချင်းသာ လက်ထပ်လေ့ရှိကြသည်။ မောင်၏သမီးနှင့် အစ်မ၏သား လက်ထပ်သည်ကို အားပေးသည်။ သမီးမျောက်သားတော်စပ်မှ လက်ထပ်နိုင်သည်။ လက်ထပ်သည့်အခါလူကြီး မိဘများရှေ့တွင် ကြက်သားဟင်းနှင့် ထမင်းပွဲတည်ခင်းပြီးလျှင် သတို့သားက သတို့သမီးအား လက်ထပ်ခြင်းကို သဘောတူပါ၏လောဟုမေးသည်။ သတို့သမီးကသဘောတူပါကြောင်းပြောလျှင် အရက်တစ်ခွက်စီ သောက်ကြ၍ ထမင်းဟင်းကိုနှိုက်စားပြခြင်းဖြင့် လက်ထပ် မင်္ဂလာကိစ္စကိုပြီးမြောက်စေသည်။ လက်ထပ်ပွဲကို နံနက်၊ ညနေနှစ်သက်ရာအချိန်၌ သတို့သားအိမ်၌သာလျှင် ကျင်းပကြ ရ၍ လက်ထပ်ပြီးသည်နှင့် မိန်းကလေးသည် ယောက်ျားကလေးအိမ်၌ နေရစ်ရလေသည်။
လူသေလျှင် မြေမြုပ်သင်္ဂြိုဟ်လေ့ရှိရာ မြေမြုပ်သည့်အခါ သေသူအသက်ထွက်ချိန်တွင်ဝတ် ဆင်ထားသော အဝတ်အစား ကိုပင်အလောင်း၌ ဝတ်ဆင်ပေးသည့်အပြင် အပိုတစ်စုံကိုပါ အလောင်းနှင့်အတူထည့်သွင်းမြုပ်နှံလိုက်ကြသည်။ အမွေပစ္စည်းခန်း၌ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိချေ။ အိမ်ထောင်ရှင် ယောက်ျားသေဆုံးခဲ့သော်သားယောက်ျားသာလျှင် အမွေကို ဆက်ခံရ၍ ဇနီးမိန်းမသည် လည်းကောင်း၊ သမီးသည် လည်းကောင်း အမွေကိုမခံစားကြရချေ။ သားယောက်ျားမရှိလျှင် သေသူ၏ မိဘများက အမွေပစ္စည်းကို သိမ်းပိုက်လိုက် ကြလေသည်။
သက်လူမျိုးတို့သည် မြန်မာတို့ကဲ့သို့ပင် ဆန်ထမင်းနှင့်အသားဟင်း၊ ဟင်းသီးဟင်းရွက်တို့ကိုစား သောက်သည်။ တစ်နေ့ထမင်းသုံးကြိမ် (နံနက်စောစော၊ နေ့လယ်၊ညနေ)စားလေ့ရှိကြသည်။ ယင်းတို့၏ မုန့်ပဲသွားရည်စာ တို့မှာလည်းမြန်မာတို့ကဲ့သို့ပင် ကောက်ညှင်းထုပ်၊ မုန့်ဆီကြော်၊ စသည်တို့ဖြစ်လေသည်။ သက်အမျိုးသားများသည် ထိုးကွင်းမှင်ကြောင်မထိုးကြ သော်လည်း ကြက်ရုပ်၊ ငှက်ရုပ်များကို လက်မောင်းတွင်ထိုး လေ့ရှိကြသည်။
သက်လူမျိုးများသည်မြန်မာနိုင်ငံကေတုမတီ၊ ဟံသာဝတီစသည်တို့မှ စစ်မက်ရေးကြောင့် တိမ်းရှောင်လာသူများ၏ အဆက်အနွယ်များဖြစ်သည်ဟု ဆိုကြလေသည်။