filmov
tv
FDI အတွက် မြန်မာပြည်က စည်းကမ်းတွေ တင်းကြပ်နေသလား
Показать описание
တံခါးဖွင့်လိုက်တဲ့ မြန်မာနိုင်ငံဟာ မထိမတို့ရသေးတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDIရဲ့ အကောင်းဆုံး စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် မြန်မာပြည်ဥပဒေဟာ အဆင်ပြေစေရဲ့လား။ မြန်မာပြည်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ များလွန်းနေပြီး အဟန့်အတားဖြစ်နေတယ်လို့ The Bank of Tokyo က အရာရှိတစ်ယောက်က ပြောလိုက်ပါပြီ။
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းလို ကောင်းမွန်ပြီး ရိုးရှင်းတဲ့ပုံစံမျိုးကသာ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် ကောင်းပြီး တကယ်လုပ်ငန်းခွင်မှာ ရှုပ်ထွေးမှုမရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဂျပန်ရဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာပြည်မှာ ဒီထက်ပိုကြီးမားလာမယ်လို့ ပြောခဲ့ပါတယ်။
ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာမှာ စက်တင်ဘာ ၈ရက်နေ့က ကျင်းပခဲ့တဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၆ဝပြည့် အထိမ်းအမှတ်ပွဲ မှာ ဂျပန်အပြင် ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတွေပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ ၂ရက်ကြာ ကျင်းပနေပါတယ်။