COVID -19 တိုက်ဖျက်ရေးအတွက် ရန်ကုန်ရဲ့ ၁၇ ခုမြောက် ရှေ့တန်းစခန်း

preview_player
Показать описание
COVID -19 တိုက်ဖျက်ရေးအတွက် ရန်ကုန်ရဲ့ ၁၇ ခုမြောက် ရှေ့တန်းစခန်း

မေ − ၆ ၊၂၀၂၀

တစ်နိုင်ငံလုံးမှာ တွေ့ရတဲ့ COVID -19 လူနာတွေရဲ့ သုံးပုံနှစ်ပုံနီးပါးရှိနေ တဲ့ ရန်ကုန်တိုင်းမှာ ၁၇ ခုမြောက် လူထုအခြေပြု အဖျားရောဂါကုသတဲ့ ဆေးခန်း ကို မြောက်ဒဂုံမှာ ဒီတစ်ပတ်ထဲ ဖွင့်လှစ်တော့မှာပါ။

ဆေးခန်းကိုတော့ မြောက်ဒဂုံမြို့နယ် အ. ထ. က ( ၄ ) စာသင်ကျောင်းမှာ မေလ ၉ ရက်မှာဖွင့်လှစ်တော့မှာပါ။

လူထုအခြေပြု အဖျားကုသဆေးခန်းတွေဟာ အခုလို ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့ အချိန်မှာ သံသယလူနာတွေကို ရှာဖွေရာမှာ အထောက်အကူပြုနေပါတယ်။

ဒါအပြင် COVID -19 ဆိုတဲ့ ကပ်ရောဂါကြီးတွေကို တိုက်ဖျက်ရာမှာ ရှေ့တန်းစခန်းတွေလိုလည်းဖြစ်နေပါတယ်။

ဆေးခန်းအချို့ပိတ်ထားချိန်မှာ ဖျားနာသူတွေ ၊ ပိုးတွေ့လူနာနဲ့ထိတွေ့မိတယ်လို့ ယူဆသူတွေက လူထုအခြေပြု အဖျားကုသဆေးခန်းတွေကို လာရောက်ပြသလေ့ရှိတာကြောင့်လည်းဖြစ်ပါတယ်။

လူထုအခြေပြု အဖျားကုသဆေးခန်းတွေဖွင့်လှစ်ရတာကို တော့ မြောက်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က အခုလိုပြောပါတယ်။

ဖျားနာလူနာကုဆေးခန်းတွေကို တစ်ပတ်ကို သုံးရက်အနည်းဆုံးဖွင့်လှစ်ပေးတယ်လို့သိရပါတယ်။

တစ်ရက်ကိုတော့ အနည်းဆုံး သုံးနာရီကနေလေးနာရီကျော်လောက်ဖွင့်လှစ်ပေးထာတာဖြစ်လို့ ပုံမှန်ဆေးခန်းပြလိုသူ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူတွေလာရောက်နိုင်တယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက်-ယဉ်မွန်၊ မိုးညို

Connect with us at our social media handles: