ကိုင်ဇာ - မေတ္တာပို့တေး

preview_player
Показать описание
ကိုင်ဇာ - မေတ္တာပို့တေး
Рекомендации по теме
Комментарии
Автор

နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စဥ်ရှိခိုးမယ်။
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။
မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဥ်မေတ္တာပွားပါ့မယ်။
သစ်ရင်းသစ်ရင်း၊ လျှော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။
တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ပြုပြင်ပြောင်းပါ့မယ်။
ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မဝင်ဣဿာယိုင်တတ်တယ်။
ယိုင်မယ့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်၊
ပြင်ဆင်တိုင်းရ၊ ပြုတိုင်း လှ၊
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။

Lovelymyanmar
Автор

မန္တလေး မဟာဂန္တာရုံဆရာတော် ဘုရားကြီးရဲ့ မေတ္တာပို့လင်္ကာပဲ။ ကောင်းလိုက်တာ ရင်ထဲအေးမြကြည်နုးကြပါစေ။🙏🙏🙏

kohtutmyanmar
Автор

တစ်​လှေတည်း(စီး)၊တစ်ခရီးတည်း(သွား)​ဖော်ချင်း(တစ်ခဏ)​တွေ့ရ(လူ့ဘဝ)မှာ၊(တန်းတူ)အ​ပေါ်(​မေတ္ဆာ)၊နိမ့်သူ(အ​ပေါ်)ကရုဏာ၊မြင့်သူ(အ​ပေါ်)မုဒိတာ၊(ဘယ်သို့မျှ(နှလုံးငွင်းမရနိုင်လျှင်), (ဥ​ပေက္ခာ​ဝေဒနာ)နှလုံးသွင်းပြီး(မိမိ)(သူတစ်ပါး)ငြိမ်း​အေးမှုဖြစ်​စေ​လေပါ။

helpfulstar