filmov
tv
'မင်းတပ်မြို့ မှာ အာဏာသိမ်း စစ်ခေါင်းဆောင်း မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖြုတ်ချခဲ့'

Показать описание
"မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ဆွဲထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်း မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖြုတ်ချခဲ့"
PEN47 / ဒီဇင်ဘာ ၂၃
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ဆွဲထားတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖြုတ်ချခဲ့ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က ဒီကနေ့ သတင်းထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အပြီးတိုင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ကင်းစင်တဲ့ မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့က မနေ့က ထုတ်ပြန်လိုက်သည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ် ထုတ်ပေးနိုင်ခဲ့ကြောင်း ဆိုပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံ ဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ကြောင်း သိရပါတယ်။
ထိုစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့ Yaw Defense Force (YDF) Yaw Army (YA) နဲ့ မုံရွာခရိုင်တပ် ရင်း ၃ တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်း စစ်ဆင် ရေးအတွင်း အသက်ပေးသွားကြတဲ့ အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်များနဲ့ အောင်ပွဲရတဲ့အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူးများ၊ တပ်သားများရဲ့ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစား ဂုဏ်ပြုကြောင်းနဲ့ ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များမှာ ကျန်ရှိနေသေးတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
ရုပ်သံ - CDF-Mindat (သ.ပ.မ ဌာန)
#PEN47 #ချင်းပြည်နယ် #မင်းတပ်မြို့နယ် #ခလရ၂၇၄ #မင်းအောင်လှိုင်