filmov
tv
ရွှေခါးပတ်ချန်ပီယံသက်ပိုင်အောင် နှင့် ခွန်ဖစ်(မွေထိုင်း)

Показать описание
ဒီပွဲမှာတော့ မွေထိုင်းခွန်ဖစ်ဟာ ပေါ့ပါးကျစ်လျစ်တဲ့ကိုယ်ခန္ဓာတည်ဆောက်မှုနှင့်အတူ လျင်မြန်တဲ့တားခြေတွေပိုင်ဆိုင်ထားပြီး အပီအပြင်ဝင်ထိုးမယ့် လက်ဝှေ့ကျော် သက်ပိုင်အောင်ရဲ့ တွဲလုံးအထိုးတွေကို ဆိုင်မထိုးဘဲ ပါးနပ်နေပြန်ပါတယ်။ အဟိတ်အဟန့်များစွာနဲ့ ပရိယာယ်ကြွယ်ပြီး နင်းထည့်ကန်ထည့်ထိုးထည့်လိုက် ခါးဆွဲနောက်ဆုတ်သွားလိုက် ကစားနေပါတယ်။ အဲ့ကညောသက်ပိုင်အောင်မှာလည်း လက်သီးအရောက်အထိထိုးဖို့ ခက်ခဲတဲ့အနေအထားနဲ့ အနာခံဝင်တိုးဖို့သာ နည်းလမ်းရှိတာပါ။ ဒီပုံစံက ရိုးရာပရိသတ်များအတွက် မြင်နေကျမြင်ကွင်းဖြစ်မှာပါ။ မွေထိုင်းအမြင့်ခတ်တွေကို သက်ပိုင်အောင်ခံပြ နိုင်သလို သက်ပိုင်အောင် အောက်ဒေါက်ရှင်းကန်ချက်ကိုလည်း ခွန်ဖစ်က မမှုဘဲ ပွဲကြမ်းနေပါတော့တယ်။ လုပ်ထည့်ရှောင်ထွက် အသွက်ကစားတဲ့ မွေထိုင်းခွန်ဖစ်ဟာ အမြဲတော့ မသွက်နေနိုင်ပါဘူး။ အလှုပ်ကစားသူပီပီ မောလို့နားမယ်ကြံတဲ့အခါ သက်ပိုင်အောင်ရဲ့ အကျစောင့် ဘယ်ညာလက်သီးတွေ ချန်ပီယံပီသကြောင်းကိုလည်း ဘယ်တလုံးညာတလုံး အပီအပြင်ဝုန်းထည့်တာ ခံရပြန်ပါတယ် သက်ပိုင်အောင်အလဲထိုးနိုင်မလား ခွန်ဖစ် ဘယ်လောက်ကြံ့ခိုင်နိုင်မလဲ အားပေးကြပါဦး
Комментарии