ရေဖြူ လဝကရုံးကို PDF ၃ ဖွဲ့ ဝင်ရောက်စီးနင်း မီးရှို့ (ရုပ်သံ)

preview_player
Показать описание
ရေဖြူ လဝကရုံးကို PDF ၃ ဖွဲ့ ဝင်ရောက်စီးနင်း မီးရှို့ (ရုပ်သံ)
===========
မတ် ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့ လဝကရုံးကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဥဩစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒေသတွင်း PDF ၃ ဖွဲ့ ပူးပေါင်းကာ မတ်လ ၁၅ ရက်၊ ည ၇ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲအတွက် ကောက်ခံထားတဲ့ အချက်အ လက်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

“ရုံးထဲမှာ လဝကဝန်ထမ်းအစောင့်တွေပဲရှိတယ်။PDFတွေရဲ့ ကျင့်ဝတ်အတိုင်း သူတို့ကို ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်တယ်။ရုံးပဲမီးရှို့တာ”လို့ ထားဝယ် PDF ရဲဘော်တစ်ဦးကပြောပါတယ်။

လဝကရုံးကို ဝင်ရောက်စီးနင်းစဉ် စစ်တပ်က ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကြားရသလောက် စစ်သားတွေက အပစ်ခံရမှာစိုးပြီး ကြောက်ပြီး အဝေးကနေ အပစ်ပြတာ။ရုံးမီး ရှို့ ခံရတာ အပေါ်ကထောင်းမှာစိုးလို့ သူတို့ တိုက်သေးတယ်ဆိုတာမျိုး ပြောလို့ရအောင် သေနတ်နဲ့ အပစ်ပြ တာလို့ ဝန်ထမ်းတွေပြောကြတယ်”လို့ ရေဖြူမြို့အနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

လဝကရုံး စီးနင်းခြင်းကို ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)၊ ထားဝယ်ပကဖနဲ့ DNLAတပ်ခွဲ(၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ရှည်ကြာစေမယ့် ရွေးကောက်ပွဲကို တော်လှန်ကြဖို့ ဥဩ စစ်ကြောင်းက တိုက်တွန်းထားပါတယ်။
~~~~~
ကိုထက်
#ငွေမောင်းသံ မီဒီယာ
Комментарии
Автор

စစ်သားကစစ်မတိုက်ရဲတော့ဘူးလား?
သြော် အံ့သြဘ။

nyanmyosi