စစ်တပ် ရက်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မှတ်တမ်းရုပ်ရှင်ပညာရှင်

preview_player
Показать описание
စစ်တပ် ရက်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မှတ်တမ်းရုပ်ရှင်ပညာရှင်
……………
မြန်မာမှတ်တမ်းရုပ်ရှင် ရိုက်ကူး၊ ဖန်တီးသူတွေကြားထဲ လူသိများထင်ရှားသူတစ်ဦးဖြစ်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ၊ တည်းဖြတ်သူနဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုဖေမောင်စိမ်းဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ စစ်ကြောရေးဒဏ်ကြောင့် ထောင်ကလွတ် လာပြီး ၃ရက်အကြာ ဩဂုတ်လ ၁၉ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။

အခုနှစ် ဧပြီလအတွင်းမှာတော့ ကိုဖေမောင်စိမ်းဟာ လွိုင်ကျော်အကျဉ်းထောင်မှာ အရိုးတီဘီရောဂါနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သေသွားခဲ့ပါတယ်။ လွိုင်ကော်မြို့ စစ်ဆေးရုံမှာ ပြောင်းရွှေ့ကုသခွင့်ရခဲ့ပေမယ့် ကျန်းမာရေးအခြေအနေက ပိုမိုးဆိုးရွားလာခဲ့ပါတယ်။

သူရဲ့ကျန်းမာရေးအခြေအနေကြောင့် လွိုင်ကော်ထောင်ကနေ ရန်ကုန်အင်းစိန်ထောင်ကို ဇူလိုင်လထဲမှာ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး၊ အင်းစိန်ပြည်သူ့ဆေးရုံမှာ ခြေထောက်ကို သံကြိုးခတ်ပြီး၊ ရဲလုံခြုံရေးနဲ့ ဆေးကုသခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွှတ်ခဲ့ပြီး ရန်ကုန်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ မိသားစုက ပြောင်းရွှေ့ကုသပေးခဲ့ပေမယ့် ဩဂုတ်လ ၁၉ရက်နေ့မှာတော့ အရိုးတီဘီ၊ အဆုတ်ကင်ဆာ စတဲ့ ရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းသေပြီး၊ ရောဂါဝေဒနာခံစားနေရပေမယ့် ကိုဖေမောင်စိမ်းဟာ ‘ဆေးရုံကဆင်းရင် အိမ်ပြန်မယ့်အကြောင်း’ ကွန်လွန်ခါနီးအချိန်ထိ ပြောသွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပြပါတယ်။

သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေထဲ လွန်ခဲ့တဲ့ ၁၆နှစ်ကျော်က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ လူတစ်သိန်းကျော်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းအကြောင်းနဲ့ မြန်မာနိုင်ငံမှာ အရှည်ဆုံးသော ဧရာဝတီမြစ်ရဲ့ အရေးပါပုံအကြောင်း မှတ်တမ်းရုပ်ရှင်တွေဟာ ထင်ရှားအောင်မြင်ခဲ့ပြီး နိုင်ငံတကာဆုတွေလည်း ရရှိခဲ့ပါတယ်။

လူမှုပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးဖို့ အရူးအမူးစိတ်အားထက်သန်သူ ကိုဖေမောင်စိမ်းဟာ လွိုင်ကော်ထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လှုပ်ရှားခဲ့ကြတဲ့ စာပေ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲတွေ ဦးဆောင်ကျင်းပခဲ့သူတွေထဲမှာ တစ်ဦးပါဝင်ပါတယ်။

ကိုဖေမောင်စိမ်းက သူကိုယ်တိုင်လည်း ထောင်ထဲကနေ အက်ဆေးတစ်ပုဒ်ရေးခဲ့ပါတယ်။
သူရေးခဲ့တဲ့ အက်ဆေးအကြောင်းအရာကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးမပြုတဲ့ 'မြန်မာပေါကားရုပ်ရှင်' တွေအကြောင်းဖြစ်တယ်လို့ သူနဲ့အတူ နှစ်နှစ်နီးပါး လွိုင်ကော်ထောင်ထဲအတူဖြတ်သန်းခဲ့သူက ပြန်ပြောပြပါတယ်။

သတင်း၊ တင်ဆက် - အောင်ခမ်း၊ စထွန်းအောင်
Комментарии
Автор

အဖေကလည်း ပညာတတ်အကျိုးပြုကာတွန်းဆရာ သားကလည်း ပြည်သူအကျိုးပြု မှတ်တမ်းရုပ်ရှင်ဖန်တီးဆရာ ဪ လူသေလည်းနာမည်မသေ သမိုင်းလှတဲ့ လူသားတွေ

Mrxyz-cxqd
Автор

ကောင်းရာသုဂတိ ရောက်ပါစေ

စစ်ခွေးတိရစ္ဆာန် များအားလုံး

အမြန်ဆုံး မျိုးပြုတ်ပါစေ

chesealvely
Автор

လူယုတ်မာတွေ အာဏာရကြီးစိုးတဲ့အခါ
လူတော် လူကောင်း ပညာရှင်တွေ ဆုံးရှူံးရတယ်😢
မြင့်မြတ်ရာဘုံဘဝ ရောက်ရှိပါစေ
😢

jbmo
Автор

😢😢😢 ကိုဖေမောင်စိမ်း အတွက် များစွာစိတ်မကောင်းပါ။
ဆရာကြီး ကာတွန်း ဦဖေသိန်း ရဲ့သားဆိုတာ သိရတော့ မျိုးရိုးဂုဏ် ထိမ်းသူမို့လေးစားရပါတယ်။
ကောင်းရာသုဂတိ လားပါစေ။😢😢😢

zawhtun
Автор

ကို ေဖ ေမာင် စီမ်း ေရ ေကာင်း ရာသုဂတိ လား ပါ ေစဗျာ။
အစ်ကို ရဲ့ဖန်တီး မူ ေတွကို အရမ်း ေလးစားပါတယ်။

zawlin
Автор

လူယုတ်မာတွေကြီးစိုးနေသမျှ ဒါမျိုးတွေ ကြုံတွေ့နေရဦးမယ် ။
ကောင်းရာ သုဂတိဘုံဘဝကိုရောက်ရှိပါစေ။

naynyo
Автор

တိုင်းပြည် မှာ အဖိုးတန် တဲ့ လူသား အရင်းအမြစ်တွေ အသက်ဆုံးရှံးရတာ ပြည်သူတစ်ယောက်အနေနဲ့ တကယ်ကို ခံစားရတယ် 😢

yupawadi
Автор

စစ်တပ်ရဲ့ ယုတ်မာမှူ့ကြောင့် တန်ဘိုးရှိတဲ့ အနုပညာဖန်တီးရှင်တယောက် ဆုံးရှူံးလိုက်ရတာ မတန်လိုက်တာ..၊ ကောင်းမွန်ရာ ရောက်ပါစေ ကိုဖေမောင်စိမ်း..
မိသားစုနဲ့ ထပ်တူညီမျှ ဝမ်းနည်းကြေကွဲရပါတယ် ဗျာ..😢

aungmaung
Автор

မကောင်းတဲ့တစုတဖွဲ့ကြောင့် ဘာနဲ့မှလဲမရဘူး😢😢😢😢😢😢

kunglay-dr
Автор

ဦးညွှတ်အ​လေးပြုပါတယ်ဗျာ ​ကောင်းရာသုကတိလားပါ​စေ

pokhokhanhto
Автор

ကိုယ်တွေ ငယ်ငယ်က
အမြဲဖတ်ခဲ့တဲ့ ကာတွန်း
ဆရာကြီးဦးဖေသိန်းရဲ့..
သားပေါ့...
ကောင်းရာသုဂတိလား
ပါစေ...။

MarTin-ps
Автор

တိုင်းပြည်ကိုမချစ် ပြည်သူအ​ပေါ်မငဲ့ကြတဲ့ ကိုယ်တိုင်လဲ လူလိုမ​တွေး​ခေါ်တတ်ကြ သင့်မသင့် မတန်မရာ တတ်သိနားလည်ကြသူ အသိပညာရှင် အတတ်ပညာရှင်​တွေ ပညာတတ်လူငယ်​တွေ အနုပညာရှင်အစစ်အမှန်​တွေဆိုရင် သူတို့က ဖိနှိပ်​နေချင်​နေကြတာ ဒီနိုင်ငံမှာ ​သေ​ကြေပျက်ဆီးကြရတဲ့ အသိပညာရှင် အတတ်ပညာရှင် အနုပညာရှင် အ​တွေးအ​ခေါ်ရှင် နိုင်ငံ​ရေးသမား ဒီလိုအဖိုးတန်လူသား​တွေကို မ​မြှောက်စားကြတဲ့အပြင် အမြဲဖိနှိပ်ဖျက်ဆီး​နေကြ​တော့

thannaingoo
Автор

ထောင်ကပြန်လွှတ်ခဲ့တာတောင် ဘယ်နှရက်မှ အတူတူပါပဲ့😢

TarYar-es
Автор

😢လူယုတ်မာတွေကြောင့် လူတော် တွေဆုံးရူံးရတယ်😢 ကောင်းရာသုဂတိလားပါစေ ကိုစိမ်း

BlueSky-bypt
Автор

မင်္ဂလာပါ Myanmar Now
နိုင်ငံရေးကြောင့် ကျရှုံးသွာသော ဒါရိုက်တာ ကောင်းရာရောက်ရှိပါစေဗျာ 😢😢😢

zawzaw-ptsq
Автор

ကျုပ်တို့နိုင်ငံက လူတော်လူတတ်တွေ မနေနိုင်တဲနိုင်ငံပါဗျာ ။

WinNaing-fm
Автор

ကိုဖေမောင်စိမ်းကို မြင်ရတာ ရေမွန်ကိုပါ ပိုသတိရသွားတာအမှန်။
ရုပ်ချင်းဆင်သလို ခံစားမိလို့😢😢😢😢😢

leoleo
Автор

ရင်နာစရာ နောက်ဘဝတွေအေးချမ်းတဲ့ဘုံရပါစေ

WonTha-ms
Автор

အရမ်းလေးစားမိပါတယ်။
မြင့်မြတ်သောဘုံဘဝကို ‌ရောက်ရှိပါစေ🙏🙏🙏

khinsawwin
Автор

အဲ့လိုတွေ မြင်ရတွေ့ရတဲ့အခါ ဝဋ်ကြွေးတို့ တူညီသောအကျိုးခံစားရတယ်တို့. ဆိုတဲ့စကားတွေကို မေးကြည့်ခြင်လာတယ် စစ်အာဏာရူးအဆက်ဆက်အတွက် ဝဋ်ကြွေးက ဘယ်မှာလဲ တူညီစွာတန်ပြန်ခံစားရမှု့က ဘယ်မှာလဲ နောင်ဘဝလို့ ဆိုလျင်တော့ ဖျင်သာခံလိုက်ပါတော့

ThanHtikeSaan