Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

preview_player
Показать описание
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်ပြီးတဲ့နောက် လားရှိုးမြို့ အုပ်ချုပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေး နဲ့ ပြန်လည် တည်ဆောက်ရေးကို ဆောင်ရွက်သွားမယ်လို့ MNDAA က တရားဝင် ကြေညာလိုက်ပါတယ်။

- လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ လက်ကျက်စခန်းငယ်တွေကိုက ရှင်း လင်းဖို့နဲ့ မြို့ထဲမှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးဖို့ ကျန်နေ သေး တယ်လို့ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ BPLA တပ်ဖွဲ့ရဲ့ ခေါင်းဆောင် မောင်ဆောင်းခ က လူမှုကွန်ယက်ကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။

- ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးလက်နက် နဲ့ ၁၂၀ မမ အမြောက်တွေ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် နဲ့ ခဲယမ်းတွေကို သေတ္တာလိုက် သိမ်းဆည်းရရှိထားတဲ့အပြင် စစ်သုံ့ပန်း အယောက် ၃၀ ကျော်ပါ ဖမ်းဆီးရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Комментарии
Автор

ကျေးဇူးအထူးပါ MNDAA TNLA &PDF ညီအကိုမောင်နှမများ

JjjdSjsjjs
Автор

မန္တလေးမှာလည်း အဲ့လိုမျိုးမြင်ချင်လိုက်တာ 😍😍

mandalayther
Автор

ဖက်ဆစ် စစ်တပ်ကို ပြတ်ပြတ်သားသား ခြေမှုန်း ကြ။

sandaw
Автор

တိုင်းပြည်ကို လက်နက်အားကိုးပြီးအာဏာသိမ်းတဲ့ စစ်တပ်ဆီက မြို့နယ်တွေကို လက်နက်နဲ့ပြန်တိုက်ယူတာ သဘာဝကျတယ်

BoBo-qyv
Автор

အားရလိုက်တာဗျာ မကြာခင် စစ်ခွေးမျိုးပြုတ်တော့မှာပါ

NaingLinn-fgyj
Автор

ဒါအစဘဲရှိသေးတယ်၊ ဒီထက်မကတဲ့ အောင်ပွဲတွေ အပြစ်မဲ့မြန်မာပြည်သူ/သား (တိုင်းရင်းသားညီနောင်များ တစ်ဦး တစ်ယောက်ပါမကျန်) များထံ ဆက်တိုက်ရရှိလာရပါတော့မယ်။
နှစ် ၇၀ ကျော်တောင် ဒုက္ခမျိုးစုံနဲ့ရင်းထားရတာ။
မရည်တွက်နိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကစလို့ ဟိုးအသက်
ရင်းထားရတာ။
အတော်များများသော စီဒီအမ်(မ်)ဝန်ထမ်းတွေ အလုပ်မရှိ အကိုင်မရှိတာ ၃ နှစ်ကျော်အချိန်တွေနဲ့ ရင်းထားရတာ၊
ရေးချလို့ ကုန်မှာမဟုတ်ဘူး။
အပြစ်မဲ့ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ 🙏🙏🙏

bsdbhmdfawp
Автор

မြန်မာ့အရေးဆွေးနွေးဖို့ မြန်မာ အားလုံးပါဝင်သင့်သော်လည်း အဓမ္မအာဏာသိမ်း စကစ စစ်ခွေး တော့ မပါသင့် လုံးဝ မပါသင့်ပါ ၊စစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်းမှ မြန်မာ့အရေး အေးရမှာပါ အာစီယံခင်ဗျား။

soetintshwekyon
Автор

အားရလိုက်တာပျော်လိုက်တာ ဘေးမသီရန်မခပဲ တိုက်ပွဲတိုင်းအနိုင်ရပါစေ

NickName-cnff
Автор

တော်လှန်တပ်ဖွဲ့များ လေယဥ်ပစ်လက်နက်ပါ တပ်ဆင်ထားစေချင်တယ် တပ်ဖွဲဝင်တွေ ဘေးကင်းကြပါစေ

ThueDanue
Автор

မင်းအောင်လှိုင်အာဏာရူးက
ထောက့်ပို့အကြီးစားပါ❤❤❤❤❤

KhinThu-cf
Автор

ကျေးဇူးပါ MNDAA, TNLA, & PDF ညီကိုမောင်နှမများ

SandarWin-nl
Автор

အာဆီယံ
အာချောင်အဖွဲ့အစည်း
ရေပေါ်ဆီအဖွဲ့အစည်း
အပေါ်ယံအဖွဲ့အစည်း 😂😂😂

Lantern-cx
Автор

Wow, Congratulation MNDAA and လားရှိူးမြို့နဲ့ လားပြည်သူများ🎉🎉🎉🎉🎉🎉🎉🎉💃💃💃💃💃💃💃💃

steelrose
Автор

ကြောင်စိုးဥ ကလားရိူးကျရင်
သူ့ကိုယ်သူသတ်သေမယ်တဲ့
ကြောင်စိုးဥသေပြီလား😂

KoToeGyi-ki
Автор

မင်္ဂလာပါ ကိုနုငယ် ရေ
သတင်းတွေကတော့ တနေ့ တခြားကို
မင်္ဂလာရှိတာပကာဗျာ အမြန်ဆုံးအောင်ပါစေ

myasabal
Автор

အာဆီယံဘုံသဘောတူညီချက်။ 5။ ချက်ကမှိုတက်သွားပြီ

MyoeNine
Автор

မဂ်လာညပိုင်းပါ ကျေးဇူးတင်ပါ၏
ခေတ်သစ်

dpmtdpmt
Автор

မင်္ဂလာပါ
ကျေးဇူးပါ
အရေးတော်ပုံအောင်ကိုအောင်ရမည်

equineports