သမ္မတ ပူတင်ကို ဗျာဒိတ်တော်လာ မဟာမိတ်လို့ စစ်ခေါင်းဆောင်ပြော (ရုပ်/သံ)

preview_player
Показать описание
ဧရာဝတီ၊ မတ် ၅၊ ၂၀၂၅

စစ်ခေါင်းဆောင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဗုဒ္ဓမြတ်စွာဘုရား ဗျာဒိတ်တော်လာ မဟာမိတ်လို့ ဆိုလိုက်ပြီး ဘုရားဟောထဲက ကြွက်မင်းနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့က ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတ နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မတ်လ ၄ ရက်နေ့က တွေ့ဆုံပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော် (၁၉၃၈ ခုနှစ်)က မြန်မာဘာသာနဲ့ ပုံနှိပ်ခဲ့တဲ့ ဦးအောင်ဇေယျ အတ္ထုပတ္တိစာအုပ်က ရေးသားချက်ကို အခုလို ကိုးကား ပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီစာအုပ်ကိုလည်း ရုရှားသမ္မတကို လက်ဆောင်ပေးခဲ့ပါသေးတယ်။

ဒါ့အပြင် ရုရှား၊ ယူကရိန်းတိုက်ပွဲမှာ ရုရှားကိုထောက်ခံအားပေးကြောင်းနဲ့ တရားသောစစ် အောင်ရမယ် လို့လည်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ရုရှားသမ္မတက နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံ တဦးနဲ့တဦးအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်က ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ ရှိခဲ့တယ်လို့ ဆိုလိုက်ပြီး ဆင် ၆ ကောင် လက်ဆောင် ပေးခဲ့တာကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်ကနေ ရုရှားအကူအညီနဲ့ အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ မြန်မာနိုင်ငံမှာ ဆောက်လုပ်ဖို့ အပါအဝင် နှစ်နိုင်ငံသဘောတူညီချက် ၁၀ ခုကို စာချုပ်လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ထုတ်ပြန်ကြေညာထားပါတယ်။

#မြန်မာ #ဧရာဝတီ #ရုရှား #ဗလာဒီမာပူတင် #ဘုရားဟောဗျာဒိတ် #ကြွက်မင်း #မင်းအောင်လှိုင် #တရားသောစစ် #နျူကလီးယားစက်ရုံ
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

ပူတင်ကြည့်ရတာ ရီချင်နေပုံရတယ်
ပူတင်မပြောနဲ့ ငါတောင်ကြည့်ပြီးရီနေတာ
မြန်မာပြည် မှာ ဟာသ ပြောရတာ အားမရလို့ ရရှားသွားပြီးဟာသ သွားပြောတာ ခေါင်းဆောင် ၂ ယောက် တွေ့လို့ တိုင်းပြု ဟာသတွေ ပြောနေတာကိုး
ဘုရားက အဲဒီလိုမပြောခဲ့တာတော့သေချာတယ်
အမှန်တော့ ပူတင်ကို

khinrose
Автор

ဦးပူတင် တောင် လိုက်လာပြီး ရွှေတိဂုံမှာ

AungMyatKyaw-qd
Автор

စောက်ရှက်က စိတ်ဝင်စားတဲ့ပုံမပြတာ ကို မငိုရုံတမယ်ပြောနေတာ စောက်ရှက်လေးတောင်မရှိ😂😂

aomine-daki
Автор

ဘုရားကို ခုတုံးလုပ်
မအလ စောက်ရှူး
မြေမျိုတော့မှာ မကြာတော့ဘူး😮😮😮

Successmen.
Автор

အရာမဝင်သင့်တဲ့သူ အရာဝင်ချင်လွန်းတော့ စောက်ရှက်ကိုမရှိတော့တာိ

HaythiNwayOo
Автор

ဗုဒ္ဓရဲ့အနှစ်က သံဃာ့ရတနာ ခြောက်ကြိမ်တင်ပြီးမှ

usawwin
Автор

နောက်ဆုံးစကားပဲကြိုက်တယ် တရားတောစစ်အောင်ရမယ် ပြန်လာရင်

soenyunt
Автор

အားပေးဖြစ်တဲ့ သတင်းဌာန တွေ you Tube ဝင်ငွေ ရအောင်ဖွင့်ထားရတာ ဒင်း အသံကြားတာ နဲ့ ကို ရွံတာ

nllp
Автор

ငါသာ ပူတင်ဆို ကြွက်မင်းဖြစ်ခဲ့တယ်ဆိုတာ မင်းယုံလို့လား မေးမှာ

TharHtooAung-jq
Автор

ပူတင်ကို မြန်မာလိုပြောပြီး ဂျင်းထည့်နေတာ 😆😆😆

PyaeSoe-qx
Автор

ဟာသ ဇာတ်ကား ကြည့်နေရတလို့ ရယ်နေရတယ် 😂😂😂

shwesoe-lg
Автор

စောက်ရှက်လေးလည်း နည်းနည်း ရှိပါအုံး စောက်ပုရယ်..
လူ ရီ ( ရယ်) စရာကြီးဖြစ်နေတယ်..ငပူတင်းက ဗျာဒိတ်တော်လာတဲ့ လား..🤣🤣🤣...
ကိုယ်တိုင်ကရော ဗျာဒိတ်တော်လာ ဖွတ်မင်းရော တိုင်းပြည်လည်း မွဲပီ..😠

aungmaung
Автор

ရှက်ဖို့ကောင်းလိုက်တာကွာ ကြည့်တဲ့သူတောင်ရှက်တာ ဒီကောင်က မရှက်တတ်ဘူးနဲ့တူတယ်

nyanlinnko
Автор

ပူတင် ကတော့ ဟာ ဒီကောင်ဘာတွေ လာပြောနေတာလဲ ထင်နေဘီ😂😂😂

nyeinthu
Автор

အဆွေတော် ကျနော် အာဆပ် နဲ့ အိမ်နီးချင်းနေချင်ပါတယ် စီစဉ်ပေးပါနော် 😅

MyaRoss-jshc
Автор

မတရားကျူးကျော်စစ် ပြုနေတဲ့ ရုရှားကို "တရားသောစစ်အောင်ရမည်" တဲ့။ ရှက်လိုက်တာကွာ။
ပြီတော့ "တရားသောစစ်အောင်ရမည်" ကို "မြန်မာစကားပုံ" တဲ့။

mma-jmyb
Автор

ငလျှင်တွေကလဲလှုတ် သူကလဲစာအုပ်ရောင်းနေတော့ သေချာတယ်😂😂😂

kokyizay
Автор

ဝရမ်းပြေးနှစ်ကောင် ကမ္ဘာကျော် ဟာသအပြောဆုံး နှစ်ကောင်

coffeesuper-xg
Автор

လူယုတ်မာ နှစ်ယောက် ကမ္ဘာ့ပျက်အောင် လုပ်နေတာ ဝရမ်းပြေးနှစ်ယောက် လူယုတ်မာ 😂😢😅

UMin-yqgb
Автор

မအလ ပြောတာ တစ်ချက်မှန်သွားပြီး "တရားသော စစ်အောင်ရမည်" ဘယ်သူကတရားတယ် မတရားဘူးဆိုတာ ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံအများသိကြတယ်

RichardSwe-uf