စစ်ကောင်စီဘက် ရပ်တည်သမျှ ကျဆုံးမှာပဲ (ရုပ်/သံ)

preview_player
Показать описание
ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၄

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်တယ်လို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် လုပ်ဆောင်ချက်တွေကို တရုတ်နိုင်ငံဘက်က အစဉ်အမြဲထောက်ခံအားပေးနေကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်အာဏာရှင်ဘက်ကို ရပ်တည်မယ် ဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ကျဆုံးမှာဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော် က ပြောပါတယ်။

တရုတ်ဟာ မြန်မာပြည်သူ ၆၀၀၀ နီးပါးကို သတ်ဖြတ်ထားပြီး လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီဘက်က ရပ်တည်နေသလို စစ်တပ်ကို ခုခံတွန်းလှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ်နိုင်ငံ #စစ်ခေါင်းဆောင် #နယ်မြေပိုင်ဆိုင်မှု #မြန်မာနိုင်ငံ #ပြည်တွင်းငြိမ်းချမ်းရေး
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

အမှန်ပါဘဲ တရုပ် အရှက်ရမှာပါ လူသတ်အကြမ်းဖက် ဘယ်ပြည်သူကမှာ
အားပေးဖို့မရှိ့ဘူ
❤❤ပြည်သူ ညီဖို့ဘဲ လိုတယ်❤❤

UMaung-iovr
Автор

မြန်မာပြည်သူ ၆၀၀၀ ကျော်သေဆုံးခဲ့ကြရတာ ကိုဗစ်ဖြစ်လို့လဲမဟုတ်ဖူး နှာစေးချောင်းဆိုး ခလုတ်တိုက်မိလို့ ဆုံးပါးခဲ့ကြရတာမဟုတ်ဖူး လူမဆန်စွာ အသတ်ခံခဲ့ကြရတာ ဖြသ်စဉ်တိုင်းမှာ အဖြစ်ဆိုးတွေချဉ်းပဲ

sankyawsan
Автор

" လူထုအားကို...
ဘယ် Ma A Loe မှ...
တားဆီးလို့ မရဘူး "...
" စုတ်တယောက် " သိစေဖို့ ။

MarTin-ps
Автор

တရုတ်ဆိုတာ ကမ်ဘာ့ချီးထုပ်

တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနဲမွှေတာ
သိက်ခါမရှိသောနိုင်ငံ

khinrose
Автор

ကံကြီးထိုက်ထားတာပါ အချိန်မရောက်သေးလို ့ပါ ... အခုမှ ဇတ်လမ်းစတာပါ ဘယ်လို သေနေကြလဲ စောင့်ကြည့်ပေးရမှာ ပြည်သူ့တာဝန်ပါ ပြောလို့မရပါ အကြာင်းရှိလို ့ အကျိုးဖြစ်တာ စဉ်းစားပေါ့ ခင်ပွန်းကြီးဆယ်ပါး (ပြစ်မှားထား)

MaharZaw
Автор

တရုတ်အားကိုးနှင့် မအလ ပြည်ဖျက်သူခိုးစစ်တပ် အမြစ်ပြတ်အောင် တတ်နိုင်ရာက ကူညီကြ။ ဆန့်ကြင်ကြ။

sandaw
Автор

နိုင်ငံရေးနဲ့ပါတ်သက်လာရင် တရုတ်က နိုင်ငံတကာ ကျဆုံးနေပြီးသား၊

angrengcapa
Автор

ညချမ်းလေးပါ
The Irrawaddy News
❤❤❤❤❤

ukalargyi
Автор

မှန်တယ်။ ငါ့နိုင်ငံကို လာမကျူးကျော်နဲ့ ။ မျိုဆို့ထားတာ များနေပြီ

BoHtut-mz
Автор

တရားသောရပ်တည်ချက်မဟုတ်သော တရားမဝင်ရပ်တည်မှုအတွက် တရုတ်ပြည်နှင့်တရုတ်အစိုးရသည် ထိထိရောက်ရောက် ကမ္ဘာလောကကြီး၏ တုန့်ပြန်မှုကို ခံယူရပါလိမ့်မည်...မတရား

zawminnaing
Автор

နယ်မြေ မကြွမ်းတဲ့ တရုတ် ဝင်လာယင် မြေသြဖာဖြစ်မယ်

laypyayfool
Автор

တော်လှန်းပြည်သူအပေါင်းတို့ မြန်မာပြည်ကို တရုတ်လုံခြုံရေး ကုမ္မဏီ အမည်ခံ အဖွဲ့ကိစ္စ ကို စောင့်ကြည့်ရလွယ်ပါတယ်... နိုင်ငံခြား လုံခြုံရေးအဖွဲ့ကာ တာဝန်ရှိသည်... ခွင့်ပြုချက်ရလို့ လက်နက်ကိုင်ဆောင်ပါ လိုင်စင်ရပစ္စတိုသာ ကိုင်ဆောင်ခွင့်ရှိပြီး လုံခြုံရေးဝန်ထမ်းများသည် ၉ ဉီးထက်မပိုရ.... နိုင်ငံခြားတိုင်းတစ်ပါးတွင် လုံခြုံရေးအဖွဲ့သည် အင်တာနေရှင်နယ် တရားဝင်ခွင့်ပြု ကုမ္ပဏီလက်မှတ်ရှိရမည်... မြန်မာနိုင်ငံသားတွေ ပြစ်မှုကျူးလွန်မိပါက သက်ဆိုင်ရာ ဉပဒေရဲအဖွဲ့သို့ လွဲပြောင်းရမည်... လူသတ်ခွင့် ပစ်သတ်ခွင့် လုံးဝ လုံးဝ ပစ်သတ်ခွင့်မရှိပါ.... ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်

FreeBurma-uzbo
Автор

ခုတောင်ကျဆုံးနေတာပါ
ကေအိုင်အေ ပြန်ပိတ်နေတာလေ

HvvSamsib
Автор

Remember, to achieve victory in the war, it's crucial to always strategize for offensive maneuvers rather than focusing solely on defense.

MadManVideoGame
Автор

အမှန်ဘဲ ရိးရိုးပြည်သူနဲ့တွေ့ရင်တောင် တယုတ်အတွက်နောင်တရစရာတွေ့ဘဲ ရှိမယ်

YeTunOo-efrv
Автор

ဓာ​တ်ငွေ့ပိုက်လိုင်းကို အသာလေးခေါက်ပြလိုက်ရင် လရုတ်ကြီးငိုတော့မယ် 😂😂😂

mgmyintzaw
Автор

ဒါက ဘေးကဝေဖန်မူအထင် နဲ့ဖြေသိမ့်နေ ကျရှုံးမှုဆီုတာ မညီမ်းချမ်းသရွေ့ ကျရှုံးမှု

ArKaHtetArKaHtet-cm
Автор

Myanmar people fighting 💪! We must unite, shouldn’t tolerate any bullying from China!

NUG, it’s time to wake up and reform! Drop all your Burmesenisation ideology, and unite with all EROs!

Maylin
Автор

တရတ်တွေ ကမ္ဘာ့မြေပေါါ်က ‌ေြပျာက်သွားရမှာ

KoMin-yptp
Автор

ကမ္ဘာ့ နိုင်ငံတွေထဲက ကိုယ်ကျိုးကြည့် ပြည်သူကိုအနိုင်ကျင့်တဲ့ အာဏာရှင်တွေနဲ့ပေါင်း. သယံဇာတ ဓားပြတိုက် ကလိန်ကကျစ်
ယုတ်မာရိုင်းစိုင်း မီးစတဖက် ရေမှုတ်တဖက် တခြားနိုင်ငံရေး ဝင်ပြီး စွက်ဖက်နေတဲ့ နိုင်ငံ ဟာ ဘယ်နိုင်ငံတွေလဲ....ဖြေပါ ဆိုရင်

TayNi-nzxk