ဘယ်သူသမ္မတတက်တက် မြန်မာ့အရေး မြန်မာတွေပဲ လုပ်ရမယ် (ရုပ်/သံ)

preview_player
Показать описание
ဘယ်သူသမ္မတတက်တက် မြန်မာ့အရေး မြန်မာတွေပဲ လုပ်ရမယ် (ရုပ်/သံ)

ဧရာဝတီ ၊ အောက်တိုဘာ ၂၉ ၊ ၂၀၂၄

အမေရိကန်နိုင်ငံရဲ့ ၂၀၂၄ ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှု အရှိန်မြင့်တက်နေပြီး သမ္မတလောင်း ၂ ဦး ဖြစ်တဲ့ ကင်မလာဟဲရစ် နဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ ထောက်ခံမဲတွေဟာ မတိမ်းမယိမ်းအခြေအနေမှာ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

အမျိုးသမီးတဦးဖြစ်တဲ့ ဒီမိုကရစ်တစ် သမ္မတလောင်း ကင်မလာဟဲရစ်က အမျိုးသမီးတွေ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ၊ အလုပ်လုပ်တဲ့ လူလတ်တန်းစားတိုင်း စီးပွားရေး ဖွံ့ဖြိုးလာဖို့ စီးပွားရေးဆိုင်ရာ တိကျတဲ့ အစီအစဉ်တွေကိုချပြ မဲဆွယ်ထားပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် ကတော့ ၂၀၂၅ ခုနှစ် စီမံကိန်းမှာ လူချမ်းသာတွေကို ဦးစားပေးရေး၊ အမေရိကန်နိုင်ငံကို တရားမဝင်ဝင်ရောက် သူတွေကို အစုလိုက် အပြုံလိုက် ပြန်ပို့ မယ်ဆိုတာ တွေကို ပြောဆို စည်းရုံးနေပါတယ်။

ရီပတ်ဘလစ်ကန်တွေက ဘိုင်ဒန်အစိုးရ လက်ထက်မှာ ရွှေ့ပြောင်းဝင်ရောက်သူတွေ အမေရိကန် ပြည်ထောင်စုထဲ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တဲ့ မှတ်တမ်းတွေကိုထောက်ပြီး ကင်မလာဟဲရစ် ကို အကြီးအကျယ် ထိုးနှက်တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ဒေါ်နယ်ထရန့် သမ္မတဖြစ်လာရင်တော့ အမေရိကန်ကို တရားမဝင် ဝင်ရောက်ပြီး တရားဝင်ဖြစ်ဖို့ ကြိုးစားနေသူတွေ ဒုက္ခရောက်နိုင်ပေမယ့် သမ္မတလောင်းတွေရဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်နဲ့ မူဝါဒကတော့ အတူတူပဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံရေးသမား ဦးဘိုလှတင့်က ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #ရွေးကောက်ပွဲ #ကင်မလာဟဲရစ် #ဒေါ်နယ်ထရန့် #မြန်မာ့နိုင်ငံရေး
----------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

ဉီးဘိုတင်လှ ခနိ့မှန်းတာ ဘယ်တုန်းက မှန်ဖူးလို့လည်း😂😂 Aya သတင်းဌာနရယ်

htaik
Автор

Kamala ‌ကြောင့်မဟုတ်ပါဘူး သူရဲ့ပါတီကြောင့်ပါ သူမကစပ်ဖီးဖီးရယ်နေတာကလွဲလို့

Monday
Автор

ကြည့်ကြသေးပေါ့ နင့်ဟာ နင်ပဲ အားပေးမှု များတယ်ထင် ဟိုဟာက ပြတ်သတ်သာနေပါတယ် Trump က😂😂😂🎉

htaik
Автор

No No No လုံးဝ မှားနေတယ်။ တဖက်စောင်းပြီးပြောနေတယ်။

peterbayram
Автор

တခြား channels တေရဲ့ ဒီ ဆရာရဲ့သုံးသပ်ချက်တေက dataတိကျပြီး လက်တွေဆန်တယ် ❤❤❤

KNJune
Автор

လုံးဝရမှာမဟုတ်ဘူးကာမလားက
မဲလဲအဲလောက်မရပါဘူး
Donal Trump

KiKii
Автор

ခင်ဗျားတို့ကလည်း သုံးသပ်လိုက်ရင် တလွဲတွေပဲ ဖြစ်နေတယ်

dukopiredamwang
Автор

အသက်သာကြီးတာ မျက်မမြင်နားမကြားဘဝ လား 😂😂

TpVanLS
Автор

2016 to 2020

2021 to 2024 ကမ္ဘာဘာဖြစ်နေလည်း စစ်ပွဲတွေဘယ်ချိန်ကစလည်း ခုလိုများနေတာ စဉ်းစားပြည့်ပါဟ😊

htaik
Автор

မှန်တာပေါ့ဗျာ...
မြန်မာ့အရေး ( စစ်အာဏာရှင်
စနစ် ပျက်သုဥ်းရေး ) မြန်မာ...
တွေပဲ လုပ်ရမယ်...။

MarTin-ps
Автор

ကလေးဖျက်ချခွင့်ရှိတယ်ဆိုတဲ့ ကမ်မလာ ရဲ့အယူအဆကိုလက်ခံလို့မရဘူး ပြောတော့ဒီမိုကရေစီ ထရန့်ကိုပဲနိုင်စေချင်တယ်

SaiSai-zzgc
Автор

ခေါင်းဝါကြီးပဲကြိုက်တယ်
သူကတရုတ်ကိုဆော်တယ်လေ
တရုတ်ကိုဘယ်သူဆော်ဆော် အဲ့ဒီလူကိုကြိုက်ပါတယ်

WaiyanMaung-oryc
Автор

အသိက အရေးကြီးတာက china ကို ဘယ်သူက ကိုင်နိုင်သလဲက ပိုအရေးကြီးပါတယ်။ Democratic တွေ ၄ နှစ်ရှိပြီ ဒီ ၄နှစ်ထဲမှာ တရုတ်က ပိုအင်အားကြီးလာပြီ မြန်မာပြည်ကိုတောင် သူ့အိမ်သာတစ်ခုလို ထင်နေပြီ။ USA election မှာ democratic သာနိုင်ခဲ့ရင် တရုတ်ကြီးက တလောကလုံးဝကို မြိုချတော့မှာပါ။
Trump will Win.🥇

peterbayram
Автор

မငိးအောင်လှိုင် အုပ်စု
အပြတ်သာ ရှင်း ။

daaung
Автор

နိုင်ငံတော်သမ္မတဟာ မင်းကျင့်တရား (၁၀) ပါး ပြည့်စုံမှ ဖြစ်သင့်ပါတယ်

royalkanaungmin
Автор

ဒေါ်ဒေါ်ထရမ့်ကြီးကတော့ တကိုယ်ကောင်းသမားပါ တကယ်ဆို အမေရိကန်ဆိုတာ အဲလိုလုပ်ရင် အကျိုးမဖြစ်နိူင်ဘဲ ဂုဏ်သိက္ခာတွေကျဆင်းပီး ယုံကြည်မှုတွေလျော့ကျပီး တယုတ်ကပဲ ကြားက အမြတ်ထုတ်သွားနိူင်တယ် ဒါကြောင့် ကာမလာ ပဲ အနိူင်ရသင့်တယ်

Rammer
Автор

နိုဝင်ဘာ ၁၅ရက်နောက်ပိုင်းမှအဖြေမှန် ထွက် မှာ သိပ်လည်း အထင်မကြီးနဲ့ အဖိုးကြီး ၃ နှစ်ခွဲလုံးလုံး ဘာမှမလုပ် ခဲ့တာ နောက်လေးနှစ်ဆို ခများလည်း မြေကြီးအောက်ရောက် ပြီး ခံရမှာ ငါတို့လူငယ်တောွပဲ

ehplaw
Автор

Of course he’s the president of United States willl put America first but for the maintaining the peace and stability willl need strong guy in the WH!

winnaung
Автор

ဘယ်သူ နိုင်နိုင် မြန်မာ့အရေးအတွက်က အပြောင်းအလဲ ဖြစ်မလာနိုင်ပါဘူး ငါတို့ပြည်သူတွေကပဲ ကိုယ့်အားကိုယ်ကိုး ရုန်းကြရမှာပါ ငါတို့မှာ အင်အားကအပြည့် ရှိနေပြီးသားပါ စည်းလုံးညီညွတ်ဖို့ပဲ လိုနေတာပါ ငါတို့တွေ ဒီနေ့စည်းလုံးရင် မနက်ဖြန်ဟာ ကြီးမားတဲ့ အပြောင်းအလဲကို လက်တွေ့မြင်ကြရမှာပါပဲ ပြည်သူတွေ စည်းလုံးညီညွတ်ကြရင် စစ်တပ်ဆိုတာ လက်တစ်ဆုပ်စာပဲ ဖြစ်သွားလိုက်မယ် ငါတို့ပြည်သူတွေက စည်းလုံးမှု အားနည်းနေတော့ စစ်တပ်ကို အင်အားကြီးတဲ့ အဖွဲ့အစည်းလို့ ထင်မှတ်မှားစရာ ဖြစ်နေကြတာပါ ...

ZawMyoMaung-iwvo
Автор

ဘယ်ဟုတ်မလဲ။ ထရန့်တက်ရင်
တ_ရုတ်ကြီးကတိုင်ပတ်မှာ။
အဲ့ဒါဆိုရင်မြန်မာ့အရေးကို
သိပ်ဂရုစိုက်နိုင်မှာမဟုတ်ဘူး။
ထရန့်ပဲနိုင်‌ချင်စေတယ်။

WaiPhyo-hvrp