အာဏာသိမ်းစစ်တပ် အလွယ်တကူ မပြိုကွဲတာ ဘာကြောင့်လဲ

preview_player
Показать описание
အာဏာသိမ်းစစ်တပ် အလွယ်တကူ မပြိုကွဲတာ ဘာကြောင့်လဲ
ကိုရီးယားရောက် CDM ဗိုလ်ကြီး လင်းထက်အောင်နှင့် ဆက်သွယ်မေးမြန်းချက်
--------------
ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူခဲ့တဲ့ အကျိုးဆက်အနေနဲ့ စစ်တပ်ဟာ ပျက်စီး၊ ပြိုကွဲတော့မယ့် အခြေအနေတစ်ခုကို ၄နှစ်ကျော်အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ် အလွယ်တကူ မပြိုကွဲသေးတဲ့ အကြောင်းအရင်းတချို့လည်း ရှိနေတယ်လို့ သူကပြောပါတယ်။ ရပိုင်ခွင့်၊ အကျိုးစီးပွားအတွက် စစ်တပ်ကို ယုံယုံကြည်ကြည်နဲ့ လက်ရှိချိန်ထိ အလုပ်လုပ်ပေးနေသူတွေ တပ်ထဲမှာ အများအပြား ရှိနေသေးပြီး၊ ဒါဟာ စစ်တပ် အလွယ်တကူ မပြိုကွဲသေးတဲ့ အကြောင်းရင်းတွေထဲကတစ်ခုလို့ ဆိုပါတယ်။

အာဏာသိမ်းပြီး လပိုင်းအကြာမှာ စစ်တပ်ကို အစောဆုံးစွန့်ခွာလာတဲ့ CDM တပ်အရာရှိတွေထဲမှာ စစ်တက္ကသိုလ်အပတ်စဉ် ၅၄က ဗိုလ်ကြီးလင်းထက်အောင်လည်း ပါဝင်ပါတယ်။ စစ်တပ်ကိုစွန့်ခွာမယ့် စစ်သားတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ 'ပြည်သူ့ရင်ခွင်အဖွဲ့' မှာလည်း ဦးဆောင်ပါဝင်နေပြီး လက်ရှိမှာ ရှေ့တန်းမသွားလိုတဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်ထဲမှာ ပိုများလာတယ်လို့ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အခုဆိုရင်တော့ ဗိုလ်ကြီးလင်းထက်အောင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိခိုလှုံနေတာ တစ်နှစ်ခွဲလောက် ရှိပါပြီ။

တောင်ကိုရီးယားရောက် မြန်မာတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေမှာ အသက် ၃၃နှစ်အရွယ် ကိုလင်းထက်အောင် တက်တက်ကြွကြွ ပါဝင်နေပြီး တောင်ကိုရီးယားလွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲတွေမှာလည်း ပါဝင်နေပါတယ်။

မတူညီတဲ့ ဘာသာစကားနဲ့ လူမှုပတ်ဝန်းကျင်အသစ်မှာ ရှင်သန်ရပ်တည်ရတာ အခက်အခဲတချို့ရှိပေမယ့် မြန်မာပြည်သူတွေထက်စာရင်တော့ သူ့အတွက် အများကြီးသက်သာပါတယ်လို့ ကိုလင်းထက်အောင်က ပြောပါတယ်။

အာဏာသိမ်းကာလ ၄နှစ်အတွင်း စစ်တပ်ရဲ့ပြောင်းလဲသွားတဲ့ အခြေအနေတွေ အပါအဝင် သူသိထားတဲ့ လက်ရှိတပ်ထဲက အကြောင်းအရာတွေနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီး လင်းအောင်အောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း - မြတ်ကြီး
Комментарии
Автор

စကစကို ဒီထက်အချိန်တွေ အများကြီးပေးလို့မရတော့ပါဘူး ပြည်သူကို လူသားဒိုင်းအဖြစ် လုပ်နေလို့ပါ

OoLay-dh
Автор

စစ်တပ်မှာ အကျိုးစီးပွားတွေ နွယ်ယှက်နေလို့ပါ သူတို့ကျရှုံးရင် စစ်ဗိုလ်ချုပ်တွေ အကုန်မွဲမှာလေ

minaung
Автор

စစ်တပ်က အလွယ်မပျိုကွဲရခြင်းအကြောင်းက သရံဇာတကအခြေပြုပါတယ်

kyawsoe
Автор

စစ်တပ်မြန်မြန်မပြိုကွဲတာက

ဘာလဲဆိုတော့

မတိုက်ခိုက်သေးလို့ပါ။
စစ်တပ်မှာအင်အားမရှိပါဘူး

Jeancloudsmith-dodc
Автор

မျိုးချစ်သူရဲကောင်း နဲ့ ပညာတတ်တွေ ပြည့်စုံနေလို့

minyeanayar
Автор

သူတို့ရဲ့ ယုတ်မာမှုတွေက မိစ်ဆာတွေလိုဖြစ်ပြီး အကုသိုလ်ဆိုးတွေကြောင့်

ပြိုကွဲတာထက်
ကျဆုံးပျက်သုဥ်းမှာ
အဆုံးသတ် တိုက်ပွဲဖြစ်သွားပြီ

TreasureWin
Автор

စကစရဲ့လက်ဝေခံနဲ့ ရပ်ထဲရွာထဲမှာဆိုရင်လဲး ဥပမာ ပျူတွေပေါ့ အချောင်သမားများ တေားမီးလောင် တေားကြောင်တွေလက်ခမောင်းခတ် ဘယ်သူသေသေ ငတေမာရင်ပြီးရေားဆိုတဲ့ ကြာရှည်နေတာ

ChoChoAung-ry
Автор

အကျိုးစိပွားကြောင့် မပြိုးကွဲဘဲ တွယ်ကပ်နေတာရယ် စည်းလုံးညိညတ်မူ နဲတာကြောင့်ရယ် ရုံကြည်မူနဲချင်းကြောင့်ရယ်ပါ

UHanWin-jm
Автор

စကားပြောကြတယ် ဒါပေမဲ့ ကျနော်တို့ဖြစ်စေချင်တာက ပြည်တွင်းမှာ

BoBo-jw
Автор

သူတို့နဲ့ပေါင်းစားနေတဲ့ တကိုယ်ကောင်းသမားတွေ များနေသေးတာရယ် သူတို့ကိုမကြိုက်ပေမယ့် ဘာမှဝင်မလုပ်ဘဲ အချောင်ခိုနေတဲ့
ခြုံကြည့်လိုက်ရင် အချောင်သမားတွေ များနေလို့ပါ။

AungOo-ji
Автор

Thank you so much Myanmar Now News Channel Congratulations NUG EAOS PDF EROS KIA KIO AA 🎉🎉🎉🎉🎉🎉❤❤❤❤❤❤❤

UChitKo-ohtc
Автор

ဆောက်ပိုတွေပြောမနေနဲ့ ဒီနေ့လေယဉ်မရှိရင် ဒီနေ့ပြီးတယ်

Koko-uvc
Автор

စစ်ခွေးတပ်ရဲ့ဘာသာရေး ၊လူမျိုးရေး နိုင်ငံရေး ဝါဒမှိုင်းမိနေတဲ့ လောက်ကောင်တွေရယ် အကူအညီပေးနေတဲ့ အာဏာရှင် နိုင်ငံတချို့ကြောင့် ခွေးပု နဲ့ ခရိုနီ တစ်စု အသက်ရှုလို့ရနေတာပါ

sulay
Автор

မြန်မာနောင် အဖွဲ့သားများဘေကင်၍
သတင်းဌာနကြီးအနောက်ရှက်ကင်၍

ThinAumgSoe
Автор

သူတို့စစ်သားတွေက စားဝတ်နေရေး Free ရနေလို့ မှိန်းပြီးနေနေတာလို့ထင်ပါတယ်။

rajagautam
Автор

စစ်မှုထမ်းပြသနာတွေ က ပြည်သူတွေ အရမ်းဒုက္ခရောက်နေကြတယ် စကစ ထောက်ခံတဲ့ လူတွေ ဝင်တိုက်ကြပါလား ပြည်သူတွေ ကို ဘာလို့လိုက်ဖမ်းနေတာလဲ

SABAIOO-bouc
Автор

ဗမက level ရောက်ရင်
အရမ်းချမ်းသာကုန်ကြပြီ
ဒင်းတို့က စကစ ကိုသစ္စာ
ခံနေမှာပဲ

KhinmaungLwin-qbcl
Автор

အခုချိန်မှာ ဒါမှတော်လှန်ရေး လက်နက်ကိုင်အလုံးမဖိနိုင်ရင် စစ်တပ်ကပြန်ပြီး ပြည်သူကလက်ခံလာမယ် ပြည်ပနိုင်ငံကလည်း လက်ခံမယ် ဒါအဖြေပဲ

HvvSamsib
Автор

😂စီးပွားရေးပါ။
ဗိုလ်ချုပ်တွေ, အခြင်းခြင်းစီးပွားရေးရှယ်ယာပတ်သက်မူ့❤❤❤သားပေးသမီးယူအမျိုးတော်ရှယ်ယာပတ်သက်မူ့။🎉🎉🎉မကောင်းမူ့အဂတိလိုက်စားမူ့တွေနဲ့တစ်ယောက်အားနဲချက်ကိုတစ်ယောက်က, အပိုင်ကိုင်ထားမူ့တွေနဲ့ချုပ်ကိုင်ထားပါတယ်။

TheinWin-sq
Автор

Very good and valuable questions and answers!

thomasloo