🌼 ဓမ္မစကြာ တရားတော် 🌼

preview_player
Показать описание
🌼မြတ်သောဆရာ ဆရာဦးမောင်မောင်(ပျဥ်းမနား)က
🌼ဓမ္မစကြာတရားတော်အားဆွေးနွေးပြောကြားခြင်း

💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢

🌼 Wimoteti Tayar Channelပရိသတ်ကြီးခင်ဗျာ

🌼 ယနေ့သည် သာသနာတော်သက္ကရာဇ် ၂၅၆၆ ခုနှစ်
ကော ဇာ သ က္က ရာ ဇ် ၁၃၈၄ ခုနှစ် ဝါ ဆို လပြည့်နေ့
ခ ရစ် သ က္က ရာ ဇ် ၂၀၂၂ခုနှစ် ဇူ လိုင် လ (၁၂ )ရက် (အင်္ဂါနေ့) ဓမ္မစကြာအခါတော် နေ့ထူးနေ့မြတ် ရက်
ဖြစ် ပါ သည် ခင် ဗျာ ။

🌼 ထို နေ့ ထူး နေ့ မြတ် တွင် WTC မိသားစု အနေဖြင့်
မြတ်သောဆရာ ဆရာ ဦးမောင်မောင် (ပျဥ်းမနား)
၏ ဓမ္မစကြာတရားတော် အသံဖိုင် သွင်းယူခဲ့သော
သမိုင်း မှတ်တမ်းလေးတစ်ခုဖြစ်ပေါ်လာပုံကို တင်ပြခွင့်ပြုပါခင်ဗျာ။

🌼 ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက် နေ့သည် ရန်ကုန် တိုင်း
လွ စ္စ လမ်း အောက် ဆုံး ဘ လောက် မြေ ညီ ထပ် ရှိ
♥ချစ်သူတေးသံသွင်း♥ဆိုင်၌ ဆရာဦးမောင်မောင်(ပျဥ်းမနား)က ဓမ္မစကြာတရားတော်အား အသံစတင်သွင်းယူသောနေ့ဖြစ်ပါသည်။

🌼 ထိုသို့ မြတ် ဆ ရာ အ သံ သွင်း ခြင်း ဖြစ် မြောက် ရေးအတွက် ဦးဆောင် လှုပ်ရှားသူ များမှာ Capt ဦးတင်စိုးMaster Mariner ဗိုလ် မှူး (​ ငြိမ်း၊ တပ်မတော်ရေ ) နှင့် ဦးစိုးမြင့်(ခရေ) တို့ဖြစ်ပါသည်။

🌼 ဗိုလ်မှူးတင်စိုး(ငြိမ်း) မှအသံသွင်းရက်(၂၇.၃.၂၀၁၀
မှ ၂၉.၃.၂၀၁၀ )ထိ ၃ရက်တာကာလအတွင်း အသံ
သွင်းခ နှင့်* ချစ် သူ တေး သံ သွင်း ဆိုင် *သို့ လိုက်
ပါ အား ပေး​ ကြသော မြတ် ဆ ရာ ၏ တ ပည့် ၁ ၀
ယောက် ခန့် အား ဧည့်ခံ ကျွေးမွေး စရိတ်များ အ ပါ
အ ဝင် ထိုခေတ်အခါက ကုန်ကျငွေ ငွေကျပ် တစ်သိန်း အား မတည် လှူဒါန်းပေး ခဲ့ ကြောင်း သိ ရှိ ရ ပါ သည် ခင် ဗျာ။

🌼 လိုက်ပါအားပေးကြသော မြတ်ဆရာ၏ တ ပည့် များမှာ ဦးချစ်ကို ၊ ဒေါ်ခင်စောနွဲ့(ပင်စင်ဦးစီး)၊ ဒေါ်ခင်မေသန်း၊ ဒေါ်သီတာ၊ဒေါ်ရီရီဝင်း၊လေးလေး ( ဒေါ်ခင်ထွေး) စသူတို့ပါဝင်ကြပြီး(ကျန်ခဲ့သူများ အမည် ဖြည့်စွက်ပေးပါခင်ဗျာ) နေ့လည်စာထမင်းကို ဦးစိုးမြင့်(ခရေ)အိမ်၌ တပျော်တပါးစားသောက်ကြကြောင်း သိရပါသည် ခင်ဗျာ။

🌼 ဓမ္မစကြာတရားတော်ကို *ချစ်သူတေးသံသွင်းဆိုင်*
၌ အ ပိုင်း(၇) ပိုင်း ​​ဖြင့် (၃)ရက်ကြာ အသံသွင်းယူ ခဲ့ ကြောင်း သိ ရှိ ရ ပါ သည် ခင် ဗျာ။ ၎င်း ဆိုင် မှာ နိုင်ငံ​ကျာ် အဆို​တော်တေးသံရှင် များ ၏ တေးသီချင်း စီးရီး များ၊ စ တီရီယို ကက်ဆက် ဇာတ်လမ်းခွေများ ၊နိုင်ငံခြားတေး စီးရီးများကိုသာ စီးပွားဖြစ် လုပ်ကိုင်သော်လည်း၊ ယခုလို ဓ မ္မ တေး သံ သွင်းလုပ်ငန်း တစ်ကြိမ်တစ်ခါမျှ လုပ်ကိုင်ခဲ့ဘူးခြင်း မ ရှိကြောင်း လည်း သိရှိ လိုက် ရ ပါ သည် ခင် ဗျာ။

🌼 ဓ မ္မ စ​ ကြာ ပ ညာ ဝိ မု တ္တိ ၏ စီး ဆင်း ရစ် ခဲ့ သော၊
ဖြစ် တည် ပြီး ခဲ့ သော ♥ဓမ္မစကြာတရားတော်♥
အသံသွင်းဖိုင် မှတ်တမ်းများပါ အထောက်အထား
တစ်ခု အဖြစ် ဆက်လက်သယ်ဆောင်ရမည့် သမိုင်း
မှတ်တမ်းကို သိရှိနိုင်ကြပါစေရန် WTC မှ ဂုဏ် ယူ စွာ ဖြင့် တင် ဆက် လိုက် ရ ပါ သည် ခင်ဗျာ။

🌼 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။
Комментарии
Автор

တန်ဘိုးကြီးလှပါသည်ဘုရား။
တကယ့်ဒုက္ခသစ္စာက ရုပ်နာမ်မှာရှာနေမိတာကနေ ခုတော့ တကယ့်ဒုက္ခသစ္စာသည် ဥပါဒါနခန္ဓာမှာသည်သာ ဒုက္ခသစ္စာ ဖြစ်နေတာမို့ တရားကိုတွေ့နိုက်ရပါပြီ။
ကျေးဇူးကြီးလှပါသည်ဘုရား။
သာဓုသာဓုသာဓုပါဘုရား

NiHtwe-lv
Автор

ဒီတပုဒ်ကိုသာ တကယ်နားလည်လိုက်ရင် ဘယ်တရားမှ နာစရာမလိုအောင်ပါဘဲ။
ဒီတရားတပုဒ်ကို တကယ်နားလည်လိုက်ရင် ဘယ်တရားစခန်းမှ လိုက်စရာမလိုတော့ ပါဘူး။
သာဓုသာဓုသာဓုပါဘုရား
တကယ့်သဗ္ပူရိသ ပါဘဲ

NiHtwe-lv
Автор

သာဓု သာဓု သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်
🙏🙏🙏

thelmat
Автор

သာဓု သာဓု သာဓုပါရှင့်
ဆရာကြီးနှင့် WTC ကို ကျေးဇူးအထူးတင်ပါသည်ရှင့်

dawkhinmawthat
Автор

မှန်ပါ၏
များများနာယူလေသိမြင်လာလေပါ
အားလုံးကျေးဇူးကြီးလှပါသည်

theinwin
Автор

ဆရာအစောကြီးထွက်သွားတာ အကြီးမားဆုံးဆုံးရှုံးမှူ့ပါ။

mati
Автор

နာယူလေရှင်းလေ
သဘောပေါက်လာလေ
လွတ်မြောက်လေပါဆရာ🙏🙏🙏

ThuThu-usyj
Автор

ခန္ဓာမရှိတာသိတာ ဝိပဿနာ သမ္မာဒိဋ္ဌိ ။
သတိရှိုသည်ဖြစ်စေ မရှိသည်ဖြစ်စေ အစဉ်မရှိသိမှ
အနတ္တသာသနာ ။
အနိစ္စမြင်ပညာ ဒုက္ခမြင်ရင် နိဗ္ဗိန္ဒ အနတ္တမြင်ရင် မဂ္ဂင်ရှစ်ပါး ၊ အနိစ္စနဲ့ ဒုက္ခ တထပ်ထဲမြင် အဓိပတေယျ မဂ်ဉာဏ် ။

utinhlautinhla