filmov
tv
မြတ်ရွှေတိဂုံ - မန္တလေးသိန်းဇော် | Myat Shwe Dagon - Mandalay Thein Zaw

Показать описание
#မြတ်ရွှေတိဂုံ
_______________________
တေးပြုစာဆို -ပြည်သိမ်းဆွေ
၂၀၁၂ တွင်မြတ်ရွှေတိဂုံသီချင်းကို ကျွန်တော် အသံသွင်းသီဆိုခဲ့ပါသည် ။
ထိုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အနှစ်၂၆၀၀ပြည့်ပွဲကြီးနှင့်လ
ည်းကြုံကြိုက်၍ဂေါပကလူကြီးမင်းများ၏ ဖိတ်ကြားတာဝန်ပေးခဲ့ခြင်းကြောင့်
အခမ်းအနားပွဲကြီးတွင် မိမိပူဇော်မှုဖြင့်ကုသိုလ်ယူ ပါဝင်ခဲ့ပြီး တဆက်တည်း
မြတ်ရွှေတိဂုံပူဇနိယတေးသွားကို သာသနာပြုဓာတ်ပုံပညာရှင်ဦးသန်းဇော်၏
(ယခုရွှေတိဂုံဂေါပကအဖွဲ့ဝင်)အကူအညီဖြင့် သမိုင်းဝင်ဓာတ်ပုံများ..၊ ထပ်မံ
ရိုက်ကူးသောကြည်ညိုဘွယ်ရာလှုပ်ရှားမှုပုံများ..ပေါင်းစပ်၍ ရုပ်မြင်သံကြား
ဌာနများသို့ ပေးပို့လှူဒါန်းခဲ့ပါသည် ။
မန္တလေးသိန်းဇော်အနေဖြင့် လယ်တီဆရာတော်ဘုရားကြီးပြုစုသော
(ခုနစ်နေ့ဘုရားရှိခိုး) ပူဇနိယတေးစုထွက်ရှိခဲ့ပြီးနောက်တေးအယ်လဘမ်များ
ထုတ်လုပ်ဖြန့်ချိမပြုနိုင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာမက ရှိခဲ့ပြီဖြစ်သည် ။
သို့သော် ကျွန်တော်၏ပရိတ်သတ်များနှင့် အဆက်အစပ်လွန်စွာအလှမ်းကွာ
မသွားခဲ့ခြင်းမှာ အဆိုပါမြတ်ရွှေတိဂုံတေးသွား၏ကျေးဇူးပင်ဖြစ်ပါသည် ။
ဆံတော်ရှင်သာသနာပူဇနိယ (မြတ်ဆုမွန်) လယ်တီဆရာတော်ကြီး၏
(ခုနစ်နေ့ဘုရားရှိခိုး) ဆရာပြည်သိမ်းဆွေရေးဖွဲ့ပူဇော်ခဲ့ပြီး မူလဓာတ်ပြားရ
အဆိုတော်ကြီးဦးမင်းနောင်နှင့်ခုချိန်ကျွန်တော်ဆက်ခံသီဆိုတဲ့ (မြတ်ရွှေတိဂုံ)
စသည့် ပူဇနိယတေးများအား မြတ်ဗုဒ္ဓသာသနာတော်ကြီးတည်တန့်ရှည်ကြာ
ကာလပတ်လုံး ကံပါရမီရှိသူအဆက်ဆက်တို့ အလေးအမြတ်ပူဇော်ခွင့်ရနိုင်
ပါစေရန်ရည်မျှော်ရွက်ဆောင်ပါ၏ ။
ယခု M United မှ ဖြန့်ချိသည့်အောင်၏အေး၏ပူဇနိယတေးစု၏
လက်ရွေးစင်သီချင်း (၈) ပုဒ်တွင် မြတ်ရွှေတိဂုံတေးသီချင်းအား မြတ်နိုးစွာ
ထည့်သွင်း၍သီချင်းစာအုပ်+စီဒီနှင့်တကွ ဖြန့်ချိထားပြီးဖြစ်ပါသည် ။
(ပူဇနိယမှတ်တမ်း)
ရွှေတိဂုံစေတီတော်မြတ်ကြီး အနှစ်(၂၆၀၀)ပြည့်ပူဇော်ပွဲအတွက်
မန္တလေးသိန်းဇော် သီဆိုပူဇော်/အသံသွင်းရိုက်ကူးခဲ့ပြီး အဇဋာအနုပညာမှ
ထုတ်လုပ်သော အောင်၏အေး၏တေးအယ်လဘမ်တွင် ပါဝင်သည် ။
ဂီတနှင့်အဖြာဖြာပူဇနိယဒါယကာ #ဇော်သင်္ကန်းတိုက်မိသားစု

Комментарии