အလောင်းမင်းတရားကြီးဦးအောင်ဇေယျဝတ္ထုတော်ကြီး

preview_player
Показать описание
အလောင်းမင်းတရားကြီးဦးအောင်ဇေယျ ဝတ္ထုတော်ကြီး
စာရေးသူ - စစ်ကိုင်းဦးဘိုးသင်း
စာဖတ်သူ - ဝေယံ
ကြာချိန် - ၅နာရီ ၅၀ မိနစ်

အချီး
အို....ကိုယ်တို အချိန်... ကမ္ဘာလောကကြီးသည် ပွင့်လျက် နေမင်းသည် လောကသားတိုအား အချိန်ကို ပေးဝေနေပါသော်လည်း၊ ကိုယ်တိုတစ်စုမှာ ကိုယ်တိုအတွက်အချိန်ကောင်း အချိန်မွန်ကို ရနိုင်ပါဦးမည်လော။ မည်သည့်အခါသိုရောက်မှ ကိုယ်တို၏အချိန်သည် ဖြစ်နိုင်ပါမည်နည်း။ တိုခေတ် ဟူ၍ ပြောရပါဦးမည်လော။သဘာဝဓမ္မအားဖြင့် မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆိုသော စကားအတိုင်းထင်းဖြစ်နေရသော ကိုယ်တိုတစ်စုသည် ကြာမြင့်နေလှလေပြီ။ ကောင်းစားအံ့သောသားငယ်များအတွက် လယ်ယာမြေကောင်းတိုသည် အဘယ်မှာနည်း။ မျိုးစေ့နှင့်တူသောလူငယ်များနှင့်ကျောင်းသားများတိုသည် မည်သည့် လယ်ယာမြေကောင်းတိုတွင်စိုက်ပျိုးခြင်းခံရ၍၊ ရင့်မာထွားကျိုင်း ဖွံဖြိုးသော ကောက်ပဲသီးနှံတိုအဖြစ်နှင့် တည်ရပါအံ့နည်း။ ကိုယ်တိုတိုင်းပြည်၌ တိုင်းပြည်နှင့် အမျိုးသားတို၏ ဂုဏ်သတင်းကိုဆောင်၍ မြန်မာတို၏ လောက ကြီးကို ကောင်းစားစေလျက်၊ ဖြစ်ပါရ၏။ အချိန်ကို ထွန်းတောက်ထိန်လင်းစေခြင်းဖြစ်ပေါ်ခြင်းအပေါ် ကျော်ကြား၍ ကမ္ဘာကြီးတွင် နေမင်းမျိုးဟု သရေပြောင်ခဲ့စေသည့်ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သော၊ အလောင်းမင်း တရားကြီးဘွဲခံ ဦးအောင်ဇေယျဝတ္ထုတော်ကြီးကို ဖတ်ကြည့်သိရှိရခြင်းဖြင့် တိုင်းပြည်အမျိုးသား ပျက်စီးခြင်းသည် အသိုနည်း၊ကောင်းစားခြင်းသည်လည်း အသိုနည်း။ တန်ခိုးကြီးသော တိုင်းပြည် အမျိုးသားဆိုသည်ကားအသိုနည်း။ စစ်ကြီးဆင်၍ လူကိုသတ်ခြင်းလော။ မည်သည်ကို ဆိုလိုသနည်း။...အစိုးရဆိုသည်ကား မည်သည်နည်း။ မည်သည်လျှင် တိုင်းပြည်၏ ဘုရင်ပါနည်း သရဖူဆောင်းသော သူသည် ဘုရင်ပါလော။ မြန်မာ တိုင်းပြည်ကြီးသည် အဘယ်ကြောင့်ဘယ်ကဲ့သို ပျက်စီးလေ၍၊ အဘယ်ကြောင့် ဘယ်ကဲ့သို ကောင်းစားလာပြန်သနည်း။ဦးအောင်ဇေယျသည် မွန်တိုကိုနှိမ်နင်းသည်မှာ သူသည် ဘုရင်ပြုလုပ်လို၍လော၊အဘယ်ကြောင့်နည်း။ ကျွန်တော်တိုသည် စဉ်းစား၍ ဤဝတ္ထုကို ဖတ်ကြပါစို ။

[ယခု စာအုပ်များ ကို ကြော်ငြာ မပါဘဲ .mp3 နဲ့ လိုချင်ရင် အဖွဲဝင်ပြီး ရယူနိုင်ပါတယ်။]
အဖွဲဝင်လိုပါက အခု link မှတစ်ဆင့် (သိုမဟုတ် ) facebook messenger မှတစ်ဆင့် စာပိုထားပေးပါ။

✅ link
(သို) viberlink
Комментарии
Автор

ဦးအောင်ဇေယျကျိန်စာကို သိလိုပါသည် ဘယ်မှာရှာဖတ်ရမည်နည်း ကျေးဇူးပြု၍ ပြောပြပါလော

myothu
Автор

ကျေးဇူးများစွာ တစ်ဘဝပမာ ကျန်ရစ်၍နေမည်ထင်၏။

aungphonekhant
Автор

စာရေးသူစာဖတ်သူ ကျေးဇူးအထူးတင်ပါတယ်ရှင်

celineceline
Автор

အစပိုင်း က စိတ်ဝင်စားအောင် မတင်ပြထားတော့ ထပ်နားထောင်ဖို့ပျင်းလာတယ်

UWinNaing-tdwo
Автор

ဗမာ့သမိုင်းဆိုတာမရှိတော့ဘူး စာအုပ်ထဲမှာပဲရှိတော့သည် ဘယ်သူသေသေ ငသေမာရင်ပီးရော😂😂😂

alwanalwan-gf