filmov
tv
COVID -19 အတွက် ညွှန်ကြားချက်တွေရဲ့သက်ရောက်ကာလကို တိုးမြှင့်သတ်မှတ်

Показать описание
COVID -19 အတွက် ညွှန်ကြားချက်တွေရဲ့သက်ရောက်ကာလကို တိုးမြှင့်သတ်မှတ်
ဧပြီ − ၂၃ ၊၂၀၂၀
COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျည်းနဲ့ ညွှန်ကြားချက်တွေအတွက် သက်ရောက်မှုကာလကို မေလ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။
ကနဦးက စည်းမျည်း နဲ့ညွှန်ကြားချက်တွေရဲ့ သက်ရောက်မှုကာလဟာ ဧပြီလ ၃၀ ရက်ဖြစ်ပြီး အခုတော့ မေလ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေးသားချက်အရ သိရ ပါတယ်။
ဒါပေမယ့် တိုင်းနဲ့ ပြည်နယ်အချို့မှာ ညမထွက်ရ ထုတ်ပြန်တဲ့အမိန့်ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် တာဝန်ယူတဲ့ ဗဟိုကော်မတီကိုတင်ပြရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ညွှန်ကြားတဲ့အထဲပါတယ်လို့ သိရပါတယ်။
ဒါအပြင် နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြည်တွင်းကိုဆိုက်ရောက်တာကို ဧပြီလ ၃၀ ရက်အထိ တိုးမြှင့်လိုက်တာဟာလည်း ကော်မတီရဲ့ခွင့်ပြုချက်နဲ့ ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသေးတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရေးသားချက်မှာတော့ မြန်မာနိုင်ငံမှာ COVID -19 ပထမလှိုင်းဟာ မပြီးပြတ်သေးတဲ့အကြောင်း ၊ ဒီလှိုင်းဟာ ဘယ်လောက်မြင့်လာနိုင်ပြီး ဘယ်အချိန်ပြန်ကျမယ်ဆိုတာကိုလည်း မသိနိုင်သေးဘူးလို့ဆိုထားပါတယ်။
ဒါပေမယ့် ဧပြီ ၃၀ ရက်နေ့အထိ စောင့်ဖို့ပန်ကြားထားတဲ့ နယ်စပ်မှာစောင့်နေကြတဲ့ အလုပ်သမားတွေများစွာ ပြန်လာဖို့ရှိပြီး အဲ့ဒီအလုပ်သမားတွေနေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့အတွက် အစီအစဉ်တွေ ချမှတ်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီအစီအစဉ်တွေထဲမှာ ကျန်းမာရေးအစီအစဉ်တွေ၊ Quarantine အစီအစဉ်တွေနဲ့ ပို့ဆောင်ရေးအစီအစဉ်တွေဖြစ်တာပါ။
Cobid-19 တိုက်ပွဲကြီးမှာ အရေးပါတဲ့ ကဏ္ဍကနေပါဝင်နေတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အင်အားတွေကိုလည်း နိုင်ငံအတွက် စနစ်တကျသုံးနိုင်အောင် ဖွဲ့ဖို့စီစဉ်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် − စောအောင်မင်းဦး
Connect with us at our social media handles:

Комментарии