James Webb တယ်လီစကုပ်ရဲ့ နောက်ဆုံး တွေ့ရှိချက်များ

preview_player
Показать описание
ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီးဟာ လွှတ်တင်ချိန်က စလို့ အသစ် တွေ့ရှိချက်တွေကို ဆက်တိုက် ဆိုသလို ရှာဖွေ တွေ့ရှိ နေခဲ့ပါတယ်။ အခု ဗီဒီယိုမှာ ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ လအတွင်း နာဆာကနေ ထုတ်ပြန် ကြေငြာခဲ့တဲ့ အသစ် တွေ့ရှိ မှုတွေကို စုစည်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီ တွေ့ရှိမှု တွေကတော့
- အမြှီးပါတဲ့ ကြယ်တစင်း ရှာဖွေ တွေ့ရှိမှု
- ရှေးဦးဂလက်ဆီ တွေရဲ့ ပုံသဏ္ဍာန်များ
- habitable zone အတွင်းမှာ ရှိတဲ့ ဂြိုဟ်ကြီးတစ်စင်း ရှာတွေ့မှု နဲ့
- အိမ်နီးချင်း ဂလက်ဆီ တွေရဲ့ အသေးစိတ် ဓါတ်ပုံတွေ ပဲ ဖြစ်ပါတယ်။

အသေးစိတ် High resolution ဓါတ်ပုံတွေကို အောက်က လင့်မှာ ဒေါင်းနိုင် ကြပါတယ်။

---------------------

ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေကို အောက်ပါ website မှာလဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Комментарии
Автор

ဓူ၀ံကြယ်ဆိုတာ ဘယ်လိုပုံသဏန်လဲဗျ ပြောပြပါအုံး

zawkolatt-cq
Автор

အစအဆုံး သေချာနားထောင် သေချာကြည့်ပါတယ်
ကျေးဇူးပါ
ဆရာကျန်းမာပါစေ
မြန်မာပြည်သားတိုင်း မိမိစိတ်ရှိသလို ကြည့်ရှုလေ့လာနိုင်ချိန် အမြန်ရောက်ရပါစေ

hnitthit
Автор

James Webbကြီးက တကယ့်ကို လူသားအကျိုးပြုပါဗျာ❤❤❤

yinminhtet
Автор

ဆရာရေ ကျနော တစ်ခုမေးချင်လို့ပါ အခုတင်ထားတာနဲ အရမ်းကြီးတော့ မပတ်သက်ပေမဲ့ သိချင်မိလို့။ စကြာဝဋာက ပြန့်ကားနေတယ်လို့ ပြောကြတယ်နော်။ ပြန့်ကားတာမှ အရှိန်အဟုန်မြင့်မြင့် ပိုမိုကျယ်ပြန့်လာနေတာ။ ဒါဆိုရင် စကြာဝဋာထဲက mass တွေကိုမစုသွားအောင် တွန်းကန်နေတဲ့ အားတစ်မျိုးရှိတယ်ပေါ့၊ စကြာဝဋာကို ပြန့်ကားအောင် ကူညီပေးတဲ့အား။ ဆိုပါစို့ anti-gravity။ gravity ရဲ့ ပြောင်းပြန်ဖြစ်နေတဲ့ အဲအားက special reality theory အရဆိုရင် space time ကိုခုံးသွားစေလိမ့်မယ် ဒါဆိုရင် အချိန်က ပြောင်းပြန်ဖြစ်ပြီ။ galaxy တွေကိုတစ်ခုနဲ့တစ်ခု ဝေးသွားအောင်တွန်နေတဲ့ အဲအားသာ galaxy ပြင်ပမှာရှိရင် အချိန်တွေက ပြောင်းပြန်ဖြစ်ကုန်လိမ့်မယ်။ ဒါဆိုရင် ကျနောတို့ရရှိတဲ့ galaxy ပြင်ပက အလင်းဟာ မမှန်တော့ဘူး။ ဒါဟာ ပြောင်ပြန်အချိန်ကလာတဲ့ အလင်း။ ပြောင်ပြန်အချိန်ကလာတဲ့ အလင်းဆို စကြာဝဋာက မပြန်ကားဘူးပေါ့ ပြောင်းပြန်အနေနဲ့။ မပြန့်ကားရင် anti-gravity မရှိဘူး။ anti-gravity မရှိရင် ကျနောတို့ရတဲ့ အလင်းဆီက information ကမှန်နေလိမ့်မယ်။ အဲလိုမှန်ရင် စကြာဝဋာပြန့်ကားနေပြန်ရော်။ ဒီတော့ အဲဒီ paradox ကိုဖြေပေးလို့ရမလားခင်ဗျာ။ ဒါမှ ကျနောတို့က တခြား galaxy ကလာတဲ့ အလင်းရဲ့ information တွေက မှန်တယ်လို့ ယူဆလို့ရမှာပါ။

wargod
Автор

အဲ့ ဂလက်ဆီတွေကရော ဘလိုစတင်ဖြစ်လာတာလည်းအကို

soethiha
Автор

ကြိုးစားပေးပါဗျာ အခုလိုသိခွင့်ရတာ အတိုင်းမသိကျေးဇူးတင်ပါတယ်

zawminoo
Автор

အခုတလောခတ်စားနေတဲ့ နာဆာက 1994 လောက်ကတွေ့ရှိတဲ့ ဂလတ်ဆီထဲကိုရိုက်ထဲ photo ထဲမှာ မြို့ကြီးလိုလို ကောင်းကင်ဘုံလိုလို ဓာတ်ပုံတွေအကြောင်းကို ရှင်းပြပေးပါလား bro

phoelapyae
Автор

Jupiter အကြောင်းလေးလုပ်ပါအုံးလို့ ဆရာရေ။

HeinHtet-infg
Автор

စိတ်ဝင်စားလို့ နားထောင်ချင်ပေမဲ့ ဥပမာနိုင်း​ပြောတာ တစ်ဝက်လှောက်ရှော့ပြောပါလား ရှည်နေသလားလို့

soatmayekyaw
Автор

အပြိုင်ကမ္ဘာရှိနိုင်လားဆရာ သိပ္ပံနည်းအရ သွားမယ်ဆိုရင်ကော ဘယ်တော့လောက်ဖစ်နိုင်မလဲဗျ

harry
Автор

အာကာသ channelထဲမှာ ဆရာကိုအလေးစားဆုံးပါဆရာ

degqdkq
Автор

အခြားsocialမှာ pageဘာညာမရှိဘူးလားဗျာ နားထောင်ရတာ အားမရလို့😭

diwonn
Автор

အားပေးလျက်ပါ
စောင့်မျှော်နေတာကြာပီ အသစ်တွေတင်တာပို

kaungmyatmin
Автор

ဆရာခင်ဗျား၊ Video အသစ်ကို မျှော်ရတာ မောတောင်မောနေပြီဆရာရေ၊ အဟောင်းတွေကို ထပ်တလဲလဲနားထောင်နေတာမို့ ဆရာနှင့်တကွ မိသားစုဝင်အားလုံး ကျန်းမာချမ်းသာပြီး

Yoeyarlay