filmov
tv
COVID - 19 ကာလမှာသွေးလှူဘဏ်ကိုလာရောက်သွေးလှူသူထက်ဝက်ကျော်ကျဆင်းသွား

Показать описание
COVID - 19 ကာလမှာသွေးလှူဘဏ်ကိုလာရောက်သွေးလှူသူထက်ဝက်ကျော်ကျဆင်းသွား
ဧပြီ - ၄ ၊၂၀၂၀
အမျိုးသားသွေးဌာနမှာ သွေးရရှိမှုဟာ ယခင်ကထက် လက်ရှိ COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလမှာ ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ အမျိုးသားသွေးဌာန ရန်ကုန် တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ပြောပါတယ်။
ယခင်ကတော့ တစ်ပတ်ကို သွေးယူနစ် နှစ်ထောင်ကျော်လောက်ရရှိပြီး လက်ရှိမှတော့ ၈၀၀ နီးပါးလောက်သာ ရရှိတော့တယ်လို့ ဆိုပါတယ်။
အမျိုးသားသွေးဌာန သွေးရရှိမှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ စနေ၊ တနင်္ဂနွေမှာ လာရောက်လှူဒါန်းကြတာဖြစ်ပြီး နောက်ထပ် တစ်ခုဖြစ်တဲ့ ရွှေတိဂုံဘုရား အနောက်ဘက်စောင်းတန်းက သွေးလှူဌာနမှာလည်း လာရောက်လှူဒါန်းမှုတွေကနေရရှိနေတာပါ။
ဒါပေမယ့် လက်ရှိဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလမှာတော့ လူစုလူဝေးရှောင်ရှားကြတာဖြစ်လို့ အမျိုးသားသွေးဌာနကို လာရောက်လှူဒါန်းတာတွေလည်း နည်းပါးသွားပြီး ရွှေတိဂုံဘုရားကသွေးလှူတာကိုလည်း ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။
အမျိုးသားသွေးဌာနဟာ ရန်ကုန်မှာရှိတဲ့ ဆေးရုံ ၁၆ ရုံထဲက ၁၄ ရုံကို သွေးထောက်ပံ့ပေးနေပြီး သွေးလိုအပ်ချက်မှာ တစ်လကို သွေးယူနစ် တစ်သောင်းကျော်အထိ ရှိနေတာပါ။
ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဆေးရုံတွေမှာရှိတဲ့ ပညာရှင်တွေကို သွေးအသုံးပြုရာမှာ အရေးပေါ်ကိစ္စ၊ ကင်ဆာရောဂါဝေဒနာရှင်တွေနဲ့ သွေးရောဂါရှိသူတွေမှာပဲ သုံးဖို့ အကြောင်းကြားထားတယ်လို့ ဒေါက်တာသီတာအောင်က ပြောပါတယ်။
လက်ရှိမှာ သွေးလှူလိုသူတွေ အနေနဲ့ အမျိုးသားသွေးဌာနမှာ ပိတ်ရက်မရှိ နေ့စဉ် နံနက် ၈နာရီမှ ည ၇နာရီအထိ သွားရောက်လှူဒါန်းနိုင်ပါတယ်။
ဒီလို လာရောက်လှူဒါန်းတဲ့ သွေးလှူရှင်တွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ အတတ်နိုင်ဆုံးပြင် ဆင်ဆောင်ရွက် ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သွေးလှူဒါန်းလိုသူတွေအနေနဲ့ အမျိုးသားသွေးဌာနကို လာရောက်ဖို့ အဆင်မပြေပါက ၁၀ ယောက်အထိရှိရင် လာခေါ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သွေးလှူရာမှာ လိုအပ်တဲ့ အကူအညီတွေနဲ့ သိချင်တဲ့ အချက်တွေကိုလည်း အမျိုးသားသွေးဌာန ဝက်ဆိုက်ဒ်ကိုလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
သတင်း- အောင်ကျော်ထွန်း
ရုပ်သံ - အိမ့်မြတ်နိုးဇော်
Connect with us at our social media handles: