ပိုင်ဖြိုးသု အကယ်ဒမီရုပ် ကမ်ပိန်း

preview_player
Показать описание
✨️ ပိုင်ဖြိုးသု "အကယ်ဒမီရုပ်" ကမ်ပိန်း ✨️

ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းကို ​ဖေ​ဖော်ဝါရီလ ( ၁ ) ရက်​နေ့က​နေ ​ဖေ​ဖော်ဝါရီလ ( ၂၀ ) ရက်​နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီကမ်ပိန်းမှာ နိုင်ငံအလိုက် တာဝန်ယူထားတဲ့ သက်ဆိုင်ရာ Fundraiser ​တွေဆီက​တဆင့် မိမိ စိတ်တိုင်းကျ ​ငွေ​ကြေးပမာဏကို ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး၊ ပါဝင်မှု တကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်း တ​စောင်စီ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီကမ်ပိန်းမှာ ပါဝင်လှူဒါန်းကြမယ့် ပရိသတ်ပြည်သူ​တွေအတွက် ပြန်လည်​ပေးအပ်သွားမယ့် အမှတ်တရ ဆုလက်​ဆောင်​တွေက​တော့...
💫 ပထမဆု 💫
✨️ ​ရွှေ ၁ ကျပ်သား ​ရွှေကြယ် ပါဝင်မယ့် ရုပ်ရှင်သရုပ်​ဆောင် ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီ" ရုပ်တု
💫 ဒုတိယဆု 💫
✨️ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ လက်မှတ်ပါ ​ရွှေဆွဲကြိုး ၁ ကုံး
💫 တတိယဆု 💫
✨️ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ​ရွှေနားကပ် ၃ ရံ တို့ကို ​ဖေဖော်ဝါရီလ ( ၂၁ ) ရက် - ​သောကြာ​နေ့မှာ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ကိုယ်တိုင် ကံထူးရှင်ကို မဲနှိုက်​ရွေးချယ်ပြီး ​ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပရိသတ်ပြည်သူတွေအ​နေနဲ့ ဒီ "အကယ်ဒမီရုပ်" ကမ်ပိန်း​မှာ ပါဝင်ပြီး စစ်​ဘေး​ရှောင် ပြည်သူ​တွေ၊ စစ်​ဘေး​ရှောင် မိသားစု​တွေကို သရုပ်​ဆောင် ပိုင်ဖြိုးသု နဲ့အတူ ဝိုင်းဝန်းကူညီကြဖို့ ဖိတ်​ခေါ်လိုက်ပါတယ်။

#PaingPhyoeThu
#ArtistsShelter
#OFPFundraisers
#အကယ်ဒမီရုပ်ကမ်ပိန်း
Комментарии
Автор

အဲလိုစိတ်ထားမျိူးလေးကို ချစ်တာ။ ဒီလိုစိတ်ထားမျိူးရှိတဲ့ အနုပညာရှင်တွေဆိုတာကလည်း တလရ နယ်ပယ်ထဲမှာဘဲရှိတာ ❤️❤️❤️

ထီးမူ
Автор

တကယ်နော် ကိုယ့်နှလုံးသဲခြေကိုတောင် ကမ်ပိန်းလုပ်ပစ်တယ်နော်။ မှန်းထားတာထက်ပိုလို့ကိုရမှာပါ 😊🙏🏿🙏🏿🙏🏿🙏🏿

ywaryoekoepout
Автор

တကယ်ကိုလေးစားထိုက်တဲ့ မင်းသမီးလေး သုသု 😍😘

zuezue
Автор

လေးစားဂုဏ်ယူထိုက်တဲ့ မြင်မြတ်တဲ့စိတ်ထားလေးပါ။ ကျေးဇူးပါ

NoNo
Автор

ချစ်ခင်လေးစားရသော ပြည်သူနဲ့တစ်သားတည်း တော်လှန်ပေးနေတဲ့ အနုပညာ ရှင်များ အန္တာရယ်ကင်းဘေးကင်းပါစေ🙏💖

haymarnoo
Автор

လူစိတ်မရှိတဲ့ဟာတွေက အကောင်းကိုမပြောကြဘူး မသုရေ...။❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

SetNweAung
Автор

ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်း ထံမှရရှိမဲ့
အလှူငွေများ အားလုံး တကယ်အလုပ်လုပ်တဲ့ မြေပြင်မှ
PDF လူငယ်များ ထံသို့ အလေအလွင့်မရှိပဲ အားလုံး ရောက်ရှိပါစေ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Loyalty
Автор

ပြောမ ပြတတ့်အောင် ပီတိ့ဖြစ်ရပါတယ့် Right

kaungmyat
Автор

ဒီလိုနဲ့ မိုးကြီးချုပ်တော့မည် 😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂

လရိပ်ကန့်ဘလူ
Автор

အပိုတွေလျှောက်ပြော ရောင်းစားရင်ရောင်းစားတယ်ပေါ့ ထောင်မြင်လို့ရာစွန့်တာဆန်းလား

kaungsuthar
Автор

လူသားဆန်လိုက်တာ သုသုရေ
တကယိဂုဏ်ယူမဆုံးပါဘူး
သုသု ဟိုးအရင် VCDတွေခေတ်တည်းက အရမ်းချစ်ပီးအားပေးခဲ့ရတာ တန်လိုကိတာ ❤❤❤🎉🎉🎉🎉

日本の自然
Автор

ဒါမှပြည်သူနဲ့တစ်သားထဲရှိနေတဲ့ အနုပညာရှင်အစစ်❤❤🎉

Tychonn