အာဏာကိုထိရင် ဘယ်သူ့ဖြစ်ဖြစ် စစ်တပ်က ဖမ်းမှာပဲ (ရုပ်/သံ)

preview_player
Показать описание
အာဏာကိုထိရင် ဘယ်သူ့ဖြစ်ဖြစ် စစ်တပ်က ဖမ်းမှာပဲ (ရုပ်/သံ)

ယဉ်မွန်၊ အောက်တိုဘာ ၂၅၊ ၂၀၂၄

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လုပ်ဆောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားတာပါ။

ဒေါက်တာနေစိုးမောင်ဟာ စစ်သားတွေအကြောင်းနဲ့ စစ်တပ်ရဲ့ အမှားတွေအကြောင်းကို လူမှုကွန်ရက်မှာ မကြာခဏရေးသား ဖြန့်ဝေလေ့ရှိပါတယ်။

အဲ့လိုရေးသားချက်တွေကြောင့် စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေကလည်း ဖမ်းဆီးထိန်းသိမ်းပေးဖို့ မကြာခဏ ရေးသားဖော်ပြခံနေရသူတဦးလည်း ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #​ဒေါက်တာ​နေစိုး​မောင် #စစ်​ကောင်စီ #ဖမ်းဆီး #မန္တ​လေး #ပြည်ကြီးတံခွန်
Комментарии
Автор

ဒေါင်တာ နေစိုးမောင် အတွက် စိတ်မကောင်းဖြင့်ရတယ် သူလည်း ပြည်သူတွေကိုအရမ်းချစ်တယ်

စောအဲ့ထူး-ဈ၂လ
Автор

ဆရာ အမြန်လွတ်ပါစေ။ ဖမ်းသွားမှ ဆရာ့အကြောင်းပို သိရပါတယ်။ အမြန်ဆုံးလွတ်ပါစေ။

သံယောဇဉ်-ဗ၅တ
Автор

စစ်ခွေးအုပ်စု
အုပ်ချုပ်ရေးတွေ
ဖျက်ဆီး ပစ်ကြပါ

daaung
Автор

ပွဲကတော့ လှနေပြီ ပြည်သူလူထု အားမရှော့ဖို့တယ် အရေးပုံ အောင်ကို အောင်နေပြီ❤❤❤🎉🎉🎉

youTubemc-yk
Автор

ဒီကောင်တွေက နည်း‌နည်းပြောရင်တောင် ဖမ်းမယ်ဆီးမယ်သတ်မယ်လုပ်နေတာ ဒီအာဏာရှင် စစ်တပ်ပမြစ်ပြတ်မှအေးမှာ

LeoKo-vu
Автор

သူ့အဖေဒေါက်တာကတော့တော်လိုက်တာ လေးစားလာပြီ

ThawZin-tv
Автор

တော်လှန်ရေးထဲကို စပိုင် တစ်ယောက်ထည့်လိုက်ပြီ။🎉🎉

myoaung
Автор

အာဏာဆိုတာဘာလဲ ဘယ်လဲ မသေမချင်းမှတ်ထား ရက်လည်တဲ့ထိမှတ်သွား

KaungHtetKyaw-gp
Автор

လူတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်စေတနာနဲ့ပဲ သက်ဆိုင်ပါတယ်။
စိတ်ဓာတ်ကောင်းတယ်လို့ ယူဆရပါတယ်။

CHITKHING-oe
Автор

စစ်အစိုးရ လက်ထက်မှာ ပညာရှင်ဟာ သူတို့ရန်သူပဲ၊

atzb
Автор

စစ်အာဏာရှင်သက်ဆိုးရှည်နေတာသည် ခရိုနီကြောင့်ဖြစ်သည်ဟု ထင်ပါသည် ခရိုနီတစ်ကောင် လောက် ဖမ်းထိန်းလိုက်လျှင် ပြည်သူသည်ဘာလုပ်လုပ် ခက်ခဲသွားပါသည်။ ငွေသည် ခရိုနီဆီမှာရှိပါသည် ။ပြည်သူ သည်အချိန်တန် ရှာထားငွေကုန်လျှင် အလုပ်ရှာ အလုပ်လုပ်ရပါသည်။ ဒီတော့ ငွေရှိရာ ခရိုနီ များ သူဠေးများဆီသွာရသည် အလုပ်ရသည်။ငွေရသည်။ ခရိုနီကို စကစ ထိန်းလိုက်သည်အဖြေသည်။ အဖြေသည် ခရိုနီ။ kpay ကြောင့် ။ထို့ကြောင့် အဖြေသည်ခရိုနီ။

nyanlin
Автор

ခုထိ လိမ်စင်တွေကို ယုံနေကြတုံးကိုး တတုံးစားချီးမှန်ူးမသိကြဘူး ဆက်စားကြ

UAungPhyu