filmov
tv
ကန်ရေအရည်အသွေးနှင့်ငါးရောဂါ

Показать описание
ကန်ရေအရည်အသွေး အနည်းနှင့်အများပြောင်းလဲခြင်းသည် ငါးများကိုဒဏ်သင့်စေပြီးလွယ်ကူစွာ ရောဂါကူး စက်ဖြစ်ပွားစေနိုင်ပါသည်(ပုံ ၅)။ မြေဩဇာလွန်ကဲခြင်းကြောင့်လည်း ရေထုညစ်ညမ်းလာပြီး ရေအ ရည် အ သွေး ကျဆင်းသဖြင့်မွေးမြူထားသောငါးများ၏ ရောဂါခံနိုင်ရည်ရှိမှုကိုနိမ့်ကျစေပါသည်။ ဒဏ်သင့်သောငါးများသည် အစား အစာမှရရှိထားသောစွမ်းအင်များကိုအသက်ရှင်ရန်နှင့်ပုံမှန်လှုပ်ရှားမှုအတွက် အသုံးပြုရသဖြင့် ကြီးထွား မှုနှောင့်နှေး ပါ မည်။ ထို့ကြောင့် ရေအရည်အသွေးမကောင်းလျင် အစာသည် ကြီးထွားမှုကိုအထောက် အပံ့ မ ဖြစ် နိုင်ပါ။ ငါးအစာစားနှုန်းမှာလည်းကျ ဆင်းလာပြီးကန်ရေတွင် ဩဇာဓါတ် (Nutrient) ဖြစ်ပေါ်မှုများလာခြင်း ကန်ရေ ညစ်ညမ်းခြင်းစသည်များဖြစ်လာပါမည်။ ကန်ရေညစ်ညမ်းစေသော ပစ္စည်းများသည် ငါးများကို လည်း အဆိပ်သင့်နိုင်ပါသည်၊ ထိုပစ္စည်းများပါဝင် မှုသည်ငါးများ၏ခံနိုင်ရည်ရှိမှု အထက်ကျော်လွန် လျင်ငါးများ ရုတ် တ ရက်သေ နိုင်ပါသည်။
၄ ငါးမွေးမြူရန် အရည်အသွေးကောင်းသောရေ
ငါးကန်တွင် ရူပ ဓါတု ဇီဝ ဖြစ်စဉ်များပေါင်းစု၍ ရေအရည်အသွေးပြောင်းလဲမှုဖြစ်စေပါသည်။ ရေအရည် အ သွေးတိုင်းတာရန် အညွှန်းပြုအကြောင်းအရာများစွာရှိပါသည်။ သို့ရာတွင်အဓိကအားဖြင့်အောက်ပါ ရူပဓါတု အ ခြေအနေများကိုပုံမှန် (နာရီပိုင်း နေ့စဉ် အပါတ်စဉ်) တိုင်းတာခြင်းဖြင့် ငါးကန်ရေအရည်အသွေးပြောင်းလဲမှု လက္ခဏာ နှင့်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းသိရှိနိုင်ပါမည်။
က၊ ရေတွင်ပျော်ဝင်လျက်ရှိသောအောက်ဆီဂျင်ပမာဏ (Dissolved Oxygen-DO)
ခ၊ ရေ၏ချဉ် ဖန်ဓါတ် (pH)
ဂ၊ ရေကြည်ခြင်း / ရေနောက်ခြင်း (Turbidity)
င၊ ရေအပူချိန် (Water temperature)
ထို့အပြင် ရာသီ၍တုအခြေအနေများဖြစ်သော မိုးတိမ်ထူထပ်ခြင်း၊ နေရောင်ခြည်ရရှိမှု ၊ လေတိုက်ခတ်မှုနှင့် လေ တိုက်ခတ်ရာလမ်းကြောင်း၊ မိုးရွာသွန်းမှု စသည်များကို နေ့စဉ်မှတ်တမ်းတင်ထားခြင်းဖြင့် ငါးကန်ရေအရည် အ သွေး ထိမ်းသိမ်းရာတွင်အထောက်အကူရရှိမည်ဖြစ်ပါသည်။