ဒီအပစ်အခတ်ရပ်စဲရေးက ရေရှည်ခံမယ်မမြင်ဘူး

preview_player
Показать описание
ဒီအပစ်အခတ်ရပ်စဲရေးက ရေရှည်ခံမယ်မမြင်ဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၈၊ ၂၀၂၃

တရုတ်ဖိအားနဲ့ သဘောတူခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင် ၃ ဖွဲ့နဲ့စစ်ကောင်စီရဲ့ အပစ်ရပ်ရေးဟာ ရေရှည်ခံမှာ မဟုတ်ဘူးလို့ စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုလိုက်ပါတယ်။

ဒီအပစ်ရပ်မှုဟာ စစ်ကောင်စီက သူ့ရဲ့ စစ်ရေးရှုံးနိမ့်မှုကိုလက်ခံလိုက်ရတဲ့ သဘောဖြစ်ပေမယ့် သိမ်းထားတဲ့မြို့တွေမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ကိုတော့ အနှောင့်အယှက်ပေးလာမှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ရှမ်းမြောက်မှာတော့ အပစ်ရပ်ထားတဲ့ အခြေအနေကြောင့် မြို့သိမ်း စခန်းသိမ်းတွေ ထပ်ဖြစ်မလာနိုင် ပေမယ့် TNLA နဲ့ပူးပေါင်းတိုက်နေတဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့အတူ ပူးပေါင်းကာ စစ်ဆင်ရေးတွေဟာ ပြင်ဦးလွင်နဲ့ မန္တလေးဖက်ကို ပြောင်းသွားနိုင်ပြီး ရခိုင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
Комментарии
Автор

မြို့နယ်တိုင်း၊တိုင်းနှင့် ပြည်နယ်တိုင်းက စကစ ထောက်ခံသူ အဖွဲ့အစည်းတိုင်းကို နှိမ်နင်း နှိပ်ကွပ်ဖို့ လိုပါတယ်၊

atzb
Автор

ညိနောင်သုံးဖော် ပြန်တိုက်မဲ့ရက်ကိုမျှော်နေမယ် မန်းလေးမှပြည်သူတစ်ဥိး

HtateHtar-ym
Автор

ဘာဘဲပြောပြောပါဗျာ စစ်အာဏာသိမ်းတာဟာ ပြည်သူတွေမာ ကိုဗစ်ထက်ကိုစိုးပါတယ်

Thone
Автор

ရေရှည်မခံတော့လည်း
တိုင်ပြည် ပျက်အောင်
ချပေါ့ကွာ

theinhan
Автор

သတင်း ဌာန တွေ ကို ကျ တော် 1988မီ တဲ့ လူ ဆို တော ဘယိ လူ မျိုး ပဲ ဖြစ် ဖြစ် ဟော် တွေး ပီး စကား ပဲ ပြော ပြော ငါ က တော ဘာ စကား မှ နား မ ထောင် ဘူး ကွာ ဘာ ဖြစ် လဲ ဆိုတော အာနာရှင် ဆို တာ သစ်စာ မထား တော ဘူး လူဒု ကို ကုန် စေ ချင် နေ တာ အာနာရှင် က. တိုင်းရင်းသား တိုင်း ကို ကုန် စေ ချင် နေ တာ ဘာ အပစ် ရပ် စဲ ရေး ဆို တာ မရှိ ဘူး မယုံရင် အပီး ခံ ပါ

qilongzhang
Автор

အိပ်လို့ တောင်မပျော်ပါဘူး ငတ်ပြီးသေတာရယ် ရောဂါဖြစ်ပြီးသေတာရယ် ထက်တော့ မြတ်တယ်လို့ တောင်ထင်ပါတယ်
ရမ်းတမ်းပြီး အဝေးပစ် လက်နက်ကြီးတွေ ဘယ်ချိန်ဘယ်ခါ ကို့အိမ်မှာ ကျမှာလဲ မသိတော့ဘူး ဧရာဝတီရေ

yanxiangli
Автор

ကုလားကားကြည့်တာများသွားလို့ ပစ်တာနဲနဲ စကားပြောတာများများ ဒုက္ခသည် တွေ

mgmgchit
Автор

တရုတ်လက်အောက်ခံ စစ်အစီုးရနှင့်
တရုတ်လက်အောက်ခံ EAO တွေနှင့်
ဖြစ်နေတဲ့ မြန်မာနိုင်ငံ

kothanaung