ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းပေးမယ်ဆိုတဲ့ သတင်းအမှား လိုက်ဖြန့်နေ (ရုပ်/သံ)

preview_player
Показать описание
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းပေးမယ်ဆိုတဲ့ သတင်းအမှား လိုက်ဖြန့်နေ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစောင် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညကလူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။

ဒီ ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အမိန့်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်လို့ဆိုထားပြီး ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းရာမှာ အထောက်အပံ့ဖြစ်စေဖို့နဲ့ နိုင်ငံလုံးလက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကိုရှေးရှုဖို့ ဆိုတဲ့ အသုံးအနှုန်းတွေကိုတွေ့ရပါတယ်။

အာဏာသိမ်းအစပိုင်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာလည်းလူထု ခေါင်းဆောင် ပြန်လည်လွတ်မြောက်လာမယ်ဆိုတဲ့ သတင်းအမှားတွေပျံ့နှံခဲ့ပြီး ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာသွားရောက် စောင့်ဆိုင်းခဲ့မှုတွေလည်း ရှိခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်နေရာမှာဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ပြန်တာမျိုးမရှိသလို သူနဲ့ပတ်သက်တဲ့ သတင်းတွေကိုလဲ အမှောင်ချ ထားတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရဖို့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုချက်တွေရှိနေပေမယ့်စစ်ကောင်စီကတော့ အကြိမ်ကြိမ် ငြင်းပယ်ထားဆဲဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #ဗိုလ်ချုပ်မွေးနေ့ #ဖေဖော်ဝါရီ၁၃ #သတင်းအမှား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

အမေစုလွတ်သည်ဖြစ်စေ မလွတ်သည်ဖြစ်စေ မြန်မာပြည်ကနေ အမေစုကျန်းမာပါစေဗျ ❤❤❤

elon-yi
Автор

ဘာမှမျှော်လင့်မနေနဲ့ မအလ ရဲ့ သားသမီးမြေးမြစ်တွေကို ဖမ်းနှိုင်ဖို့ပဲလိုတယ် ပီးရင် ငါတို့ခေါင်းဆောင်တွေနဲ့ နိုင်ကျင်းတွေကို ကယ်နှိုင်ဖို့ ဒီတနည်းပဲရှိတယ်

mosephmyinthlaing
Автор

လိုင်းမကောင်းတဲ့ အခြေအနေမို့ အမြဲ မကြည့်ဖြစ်ဘူး ၊မနက်ဖြန် မနက် ရှေ့တန်းသွားရမယ်၊ငါနဲ့ ငါ့ကောင်တွေ အန္တရယ်ကင်းဖို့ မကျေနပ်ဘူးနော် (ရဲဘော် ဒဏ်ရာ)

Donate-zw
Автор

အမေ စုတို့ကို အာဃာတနဲ့ အခုလဲ(စစ်ပွဲမှာ)အရှက်တကွဲ ထပ်မံရှုံးနိမ့်နေရပြန်ပြီ။

hlaminkhant
Автор

ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။
သူတို့ကတော့အကောင့်အတုမို့လို့ လန်ကြုတ်ကိုတင်တာပေါ့၊

minnaingmin
Автор

မအလ. ခွေးရှူး လွတ်ဖို့နေနေသာသာ အမေစုအသံကြားရင်တောင် မအလ.

kotun-ce
Автор

သတင်း အတုအစစ် ခုထိ မခွဲတတ်သ၍ ဆက်ပြီးညံ့နေကြတုံးလား...

thethtutkoe
Автор

လော်ဘီ(သို့) စာသားလဲပုံစံမကျတာတွေ့ရပါတယ်။

OoThanWin-zs
Автор

၂၁ရာစု သတင်းမီဒီယာခေတ်ကြီးမှာ ဂျင်းထဲ့ချင်ကြသေးတယ်နော် တော်တော်ဉာဏ်နည်းကြတာဘဲ😂😂😂

kyawsoenaing-ysrj
Автор

မအလ ဆိုတဲ့အကာင်က မေစုကို မျက်နှာချင်းဆိုင်ရဲလို့လားဟ ဒီအကောင်က ကြောက်နေပီး မေစုကို

AungThu-qet
Автор

သတင်အတုပါဗျာ စစ်ခွေဒွေ ဘဲတော်မှာလွတ်မှာမဟုတ်ပါဖူဗျာ ပြည်သူတော်လှန်ရေအနိုင်ရမှာ

NaingwinMobile-flud
Автор

ဘယ်လွှတ်ရဲမှာလည်း
မျက်နှာချင်းမဆိုင်ရဲတာနဲ့တင်

kyawwin
Автор

လွတ်မပေးရဲပါဘူး
လက်နက်နဲ့ ယောကျာ်းဖာသယ်တွေက ဘာမျှမရှိသူ ဖွားဖွာစုကို ကြောက်ကြတယ်

coffeesuper-xg
Автор

ဗိုလ်ချုပ်ဓာတ်ပုံတောင် ဖြုတ်ချပစ်တဲ့ကောင်တွေ ဂါရဝတရားမရှိတဲ့ လူဗာလတွေက ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတယ်တဲ့လား ဘယ်ပါးစပ်ကထွက်ရဲတာလဲ ချီးစားပြီးပြောရင်တောင် ချီးကြိုက်လို့ပဲဖြစ်မှာ

UWinZaw-cl
Автор

အမြဲလိမ်နေကြတာ။ မူ၀ါဒကိုး။ အစကတဲ့ကမယုံတာ

khinownmyint
Автор

ဒေါ်စုကို ဒေါ်စုအဖွဲ့ဖြစ်တဲ့ NUGက ဒေါ်စုကိုဖမ်းဖို့ ICCမှာလျှောက်ထားဒါဆိုတော့ အခုလွတ်လို့ရပြီလေ 😮😮

Maungphyu-zu
Автор

ထိုင်းမာတောင်သတင်းပြတ်နေတာ
မယုံဘူး😂😂😂😂😂မအလသေမလွတ်မာ

vivocsc
Автор

အတော်ယုတ်မာတဲ့လူတွေ ကိုယ်အလှဲ့လာလိမ့်မယ်

ThanTNge
Автор

ဧရာဝတီ မီဒီယာသ္မားတွေရေ, ...
နှင်တို့သိထားဖို့ရန် အစွန်းရောက် အာဏာရူး စစ်ကျွန်လော်ဘီ ဘောစို့ ဘောမ သ္မားတွေရဲ့အခွင့် ကောင်းယူ၍ ဝါဒဖြန့်ဖို့ရန် ,
အမေစုကိစ္စနဲ့ပတ်သက်လို့ မဟုတ်မမှန် သတင်းအမှားတွေကို အမျှထုတ်၍ မကြာခဏ အမြဲတိုင်းလိုလို ထုတ်သုံး
နေတာကို ,
အထူးသတိထာ၍ အာရုံမလွဲမှားဖို့ စင်ခြင်ခြင့်ချိန် သုံးသဖို့ တော့လိုအပ်
ပါတယ်နော် ။❤🎉

PheeNim-uv