ပွဲကြိုက်မောင်နဲ့ လူမလေး ခွေးမခန့် စစ်တပ် (ရုပ်/သံ)

preview_player
Показать описание
ပွဲကြိုက်မောင်နဲ့ လူမလေး ခွေးမခန့် စစ်တပ် (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ပွဲကြိုက်ပြီး ပွဲတက်ချင်လွန်းတာအပြင် စစ်ရေးအရ ရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တည်ငြိမ်နေပါတယ်လို့ လိမ်ညာပြဖို့အတွက် ပွဲလမ်းပေါင်းစုံပြုလုပ်၊ တက်ရောက်နေတာကို တွေ့ရပါတယ်။ ပွဲကြိုက်မောင် မင်းအောင်လှိုင်က ပြောလည်းပြောစရာပဲ။

ပွဲတက်တာမှ ခေတ်အဆက်ဆက် ပြန်ကြားရေးဝန်ကြီးလောက်ပဲ တက်တဲ့ အမျိုးသားစာပေဆုပေးပွဲတို့၊ ရုပ်ရှင်အကယ်ဒမီပေးပွဲတို့ပါ တက်နေတာ တွေ့ရပါတယ်။ ပွဲကြိုက်မောင် သာမက သူရဲ့မိန်းမဖြစ်တဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များပိုင်ရှင်လည်း တက်ပါတယ်။ တသက်တာ ရုပ်ရှင်အကယ်ဒမီဆု ပေးခံရတဲ့ မင်းသမီးကြီးတွေကို ပွဲကြိုက်မောင်ရဲ့မိန်းမက ဆုပေးပါတယ်။

သူ့မိန်းမ ဆုပေးတဲ့အခါ လက်ခုပ်သံ ထွက်မလာလို့ ပွဲကြိုက်မောင်ကိုယ်တိုင် လက်ခုပ်တီး အားပေးတာ တွေ့ရပါတယ်။ ပွဲကြိုက်မောင် လက်ခုပ်တီးတော့ သူ့အနားရပ်နေတဲ့ ပြန်ကြား‌ရေးဝန်ကြီးကလည်း နောက်ကနေလိုက်ပြီး လက်ခုပ်တီးရပါတယ်။ လက်ခုပ်တီးတာ နောက်ကျလို့ လူကွယ်ရင် ပြန်ဝန် အဆဲခံရနိုင်ပါသေးတယ်။

ပွဲကြိုက်မောင်ဟာ အာဏာသိမ်းထားပေမဲ့ သူ့အရင် အာဏာရှင်တွေဖြစ်ကြတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လို့ နောက်ကွယ်က အာဏာချုပ်ကိုင်ထား၊ ရှေ့ထွက်ရမယ့် လူတွေအသုံးပြုပြီး တိုင်းပြည်အုပ်ချုပ်တဲ့သူ မဟုတ်ဘူး။ ဗိုလ်ခင်ညွန့်လို တီဗီမင်းသားကြီးလုပ်ပြီး လူလုံးအရမ်းပြချင်တဲ့သူဆိုတော့ ရှေ့တန်းစစ်မျက်နှာမှာ အတုံးအရုံး အထိနာနေတဲ့အချိန်မှာတော့ စစ်မှုထမ်းဟောင်းတွေ၊ စစ်တပ်ထောက်ခံသူတွေရဲ့ ပြန်အဆဲခံရတော့တာပေါ့။

ပွဲကြိုက်မောင်က ပွဲလမ်းပေါင်းစုံ တက်ပြ‌နေချိန် ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်သားတွေ သေကြကြေကြ၊ ဒဏ်ရာတွေရကြ၊ လက်နက်ချကြ၊ စခန်းတွေ၊ မြို့တွေ စွန့်ရတဲ့ဖြစ်စဉ်တွေဟာ အင်တာနက်ခေတ်ကြီးမှာ ဖုံးမရ ဖိမရ ‌ထွက်ပေါ်နေတာကို အများ တွေ့မြင်‌နေရပါတယ်။

အဲဒီလိုဖြစ်လေလေ နွေဦးတော်လှန်ရေး ထောက်ခံသူတွေက ရယ်ပွဲဖွဲ့ကြသလို စစ်တပ်ထောက်ခံသူတွေကတော့ ပွဲကြိုက်မောင်အပေါ် ဒေါသအလိပ်လိုက် ထွက်ပြီး ဆဲလို့နေကြပါတော့တယ်။

#မြန်မာ #ဧရာဝတီ #ပွဲကြိုက်မောင် #မင်းအောင်လှိုင် #စစ်တပ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Комментарии
Автор

ဧရာဝတီ သတင်းဌာန ရဲ့
ပြောပုံ ဆိုပုံ သတင်း တင်ဆက်ပုံတွေက နားထောင်နေတဲ့ ပြည်သူတယောက်အနေနဲ့ သိပ်ကိုယ် အားရ ကျေနပ်တယ်❤

SiThuKyaw-ej
Автор

ဗီဇ မမှန်တာ နိုင်ငံရဲ့ ကာကွယ်ရေးဝန်ထမ်းက နိုင်ငံကိုကာကွယ်ရမယ့် အစား မိသားစုစီးပွားရေးလုပ်နေကြတော့ ဒီစစ်တပ် ခွေးဖြစ်ပြီပေါ့ ငါတို့ပြည်သူတွေ 1/2/21ကိုကျေးဇူးတင်ရမယ် 21 မှာအာဏာမသိမ်းခဲ့ဘူဆိုရင် ဒီစစ်တပ် ဒီလောက်စုပ်ပြတ်သတ်နေမှန်း ငါတို့ပြည်သူတွေမသိရဘူ ကမ္ဘာ့အဆင့် ၃၀ ကျော်မှာရပ်တည်နေတဲ့စစ်တပ်
အဟုတ်မှတ်နေခဲ့တာ လီးပဲ အခုတော့ ပြုသမျှနုနေရတာ
တော်ပါသေးတယ် ပြည်ပနိုင်ငံတွေက မကျူးကျော်လာခင် 1/2/21 ခွေးပု ပလင်လုလို့ မြန်မာ့စစ်တပ် ရဲ့ သောက်အရည်အချင်းကိုသိရတာ မဟုတ်ရင် ငါတို့ပြည်သူတွေ သိရသလောက်ပြောရရင်လည် အဖိုးဗိုလ်ချုပ်နဲ့ ၁၀နှစ် ဝန်းကျင်သာ ရှိခဲ့တာ 1962ကစပြီး အခုချိန်ထိ စစ်ခွေးတွေပဲ အုပ်ချုပ်ခဲ့တာ 2010မှာ ဦးသိန်းစိန် သမ္မတ စစ်တပ်ကပဲ 2015မှာ သမ္မတကြီး ဦးထင်ကျော် +သမ္မတကြီးဦးဝင်းမြင့် ခြေဥနဲ့ ချုပ်ပြီး သမ္မတလုပ်ခွင့်မရတဲ့ ပြည်သူ့အချစ်တော် တစ်ကယ်တမ်းကိုယ်ကျိုးစွန့်တဲ့ အမေဒေါ်အောင်ဆန်းဆုကြည်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ
ဒါပေမဲ့ လုပ်ပိုင်ခွင့် အများစုက
စစ်တပ် စစ်ခွေးတွေကပဲ ထိမ်းချုပ်ထားတာ ဆက်ရေးရရင် နှစ်ပေါက်သွားမှာမို့ ဒီလောက်ပါပဲ

KoMyoNaing-jz
Автор

သတင်းကြေငြာသူအားလေးစားပါတယ်၊ မင်းအောင်လိူင်မိသားစု

umyothu
Автор

Yess
အရမ်းတိကျ တယ်
နားထောင် ရ...
အားရ ကျေနပ် ပါသည်
ခု ဧရာ သတင်း က
သတင်း ဆောင်းပါး က
အရမ်း တိကျ ပြေားပြ
မျက်စိ ထည်း ဝယ်
ကွင်း ကွင်း ကွက် ကွက်
ကြီး နော်
ကြား ဖြန့် ခေါ် ...
တနည်း တရုတ် ၏
လုပ် စား ကွက် က
အသိ မကြွယ် တဲ့့ ...
မိသိန်း ကြွယ် ဘဝ. က
ရေ စုန် တော့ ...😮😮😮
မြေား ရ မည် ..
ထင်
သြော် လူ တွေ ...
သိ ကြ လော့ .
ထင် ရာ ဆိုင်း သေား
ခွေး ခင်း ပွဲး မှာ 😅😅😅
လူ ဆို သေား အသိ
အသိ တရား ဖြငိ့

FreeThanks-erfh
Автор

ဒီလိုအရှူး က တိုင်းပြည်အုပ်ချုပ် တာ ! တိုင်ပြည် နာတယ် !

sunitabasnet
Автор

မဂ်လာညချမ်းလေး ပါ ဧရာဝတီရေ ဆရာ ရေ မျှဝေတာ ကျေးဇူးပါနော် အဖွဲ့သား များနဲ့ မြန်မာပြည်ဖွားများ အားလုံးနေကောင်းကျန်မာ စိတ်ချမ်းသာ လို့ရာဆန္ဒပြည့်ပါစေ 🙏🙏🙏🤘🤘⭐⭐♥♥🌹🌹

AyeThin-cv
Автор

သတင်းကြေညာတဲ့ ဦးလေးနာမည် ဘယ်လိုခေါ်လဲ အသံဩဇာ ‌ကြိုက်လို့ပါ အားပေးနေပါတယ်

Scarlett-K
Автор

ချက်ကြော နဲ့ ရှက်ကြော မှားဖြတ်လာတဲ့ သောင်းလှိုင်သား ဝရပ

phyu
Автор

အမွန္ငတြပါ100% ငက်းဇူပါ information 🙏🏼❤

lindakhaing
Автор

တီးလုံးသံကြီးက ကျယ်လွန်းတယ်ခင်ဗျ
လန့်လန့်ပြီး နားတွေ အူအူသွားတာပဲ ကျေးဇူးပြုပြီး တီးလုံးသံတိုးပေးပါ

KyawZin-dx
Автор

ဆင်ဖြူ​တော်ရုတ်တရက်​သေ မင်း​အောင်လှိုင်ပုပ်အက်​ကြေ

thihazaw
Автор

ဧရာဝတီအဖွဲ့သားများအားလုံး ဘေးကင်းကျန်းမာကြပါစေ ခင်ဗျာ လေးစားရတဲ့ သတင်းမီဒီယာ

YeLay-
Автор

ကိုယ့်မြေးအရွယ်ကိုယ်မြစ်အရွယ် ကိုယ့်တူ ကိုယ့်သား အရွယ်တွေက နာမည်တပ်အဆဲခံရတဲ့ဝရမ်းပြေး ဘဝ

UThuuKha
Автор

လာမဲ့ မတ်လ ၂၇ စစ်တပ်အခန်းအနားမှာ paramotor ပြပွဲတွေနဲ့လုပ်မှာတဲ့ 😂😂

Ahphye
Автор

ဆောင်းပါးတွေများများ နားထောင်ဖြစ်တယ် ကြိုက်တယ်❤❤❤

HaHa-xff
Автор

မီကုန် ယန်းကုန် ရိခါကုန် တပ်တွင်းသူပုန်ထလိမ့်မည်👍👍👍

KoPhyo-ljgx
Автор

ပြောတက်လိုက်တာဗျာ ဘာတဲ့ ဆုတက်ယူမဲ့သူတွေမှာ မုဆိုးမတွေ ဖြစ်နေလို့ပါ😂😂😂

YeLin-vkzw
Автор

အရေထူနေပြီလေ၊ ရှုံးနေတာကိုပြောတာပါ။ ဒီတော့ နောက်ဆုံးအကြိမ်ထိ အစွမ်းကုန်ညစ်ပတ်ပြနေအုံးမှာ သေချာတယ်။ ဒီလူက လူရူးဗျ၊ အတော်တတ်ပုံရတယ်။ ဘယ်လိုစောက်ဆင့်နဲ့ ဒီကာချုပ်ရာထူးကို ရယူထားသလဲမသိဘူး။ ပေးတဲ့သူကလည်း အရည်အချင်း လုံး၀မရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဘယ်လောက်တောင် အလိမ်ကောင်းသလဲဆိုရင် ‌ကာချုပ်ရာထူးပေးတဲ့သူတောင် စောက်ရူးဖြစ်သွားတယ်။ တတ်လည်းတတ်နိုင်ပါပေ။ အရှက်တရားလည်း လုံး၀မရှိကြဘူး။ မင်းသားယောင်ဆောင်ထားတဲ့ ဘီလူးတွေဆိုတာ'ပြည်သူတွေ ကောင်းကောင်းသဘောပေါက် နားလည်သွားကြပြီ။

ThayaPhiAung-hh
Автор

ယောကျာ်းဖြင့်ပြီးတော့ မိန်းမဘောလီဝတ်နေတယ့် ပွဲကြိုက်မောင်မဟုတ်ဘူး ပွဲကြိုက် ခင်

အဲ့ထူး-ဈ၉ခ