DVB - (ပြည်ထောင်စုကိုဘယ်လိုတည်ဆောက်မလဲ) စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ Debate Academy

preview_player
Показать описание
“နိုင်ငံရေးရလဒ်ရဖို့ တော့ အဓိကထားပြီးဆောင်ရွက်နေရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရလဒ် ကိစ္စမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ချဉ်းကပ်မှုနဲ့ တပ်မတော်ရဲ့ ချဉ်းကပ်မှုကမတူဘူး။ တပ်မတော် ကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေပြီးတော့ ရလဒ်အသစ်အထူးအဆန်းကို မလိုတော့ပါဘူး။ သူတို့ လို ချင်တဲ့ နိုင်ငံရေးစနစ်၊ သူတို့ လိုချင်တဲ့ ပြည်ထောင်စုစနစ်၊ သူတို့ လိုချင်တာအားလုံးကို၂၀၀၈ ထဲမှာ ထည့်ဆွဲထားတာဖြစ်တယ်။ သူတို့ မှာ ထပ်ရစရာမရှိတော့ဘူး။ဒါပေမယ့် ကျနော်တို့ ကျတော့ ရစရာတွေ ရှိတယ်။”
ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါင် (ဒု ဥက္ကဌ ၊ ချင်းအမျိုးသားတပ်ဦး)

“ ပြည်ထောင်စုကိုဘယ်လိုတည်ဆောက်မလဲဆိုတာထက် ပြည်ထောင်စုကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာကို ပြန်ပြီးတွေးရမယ်ထင်တယ်။ ငြိမ်းချမ်းရေးပြီးမှ တိုးတက်အောင်လုပ်မှာလား။ ဒါမှ မဟုတ် ငြိမ်းချမ်းရေးရပြီးမှ တိုးတက်ရေးကိုလုပ်မယ်ဆိုရင် ကျနော်တို့ အတော်ကျန်ခဲ့မယ် လို့ ထင် ပါတယ်”
ပြည့်စုံမောင်မောင် (တတိယနှစ်ဥပေဒေကျောင်းသား)

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ၊ စကားဝိုင်းတွေမှာ အဓိကအကြီးမားဆုံး Deadlock(ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေ) ကဘာပါလဲ။ အဲဒီ Deadlock က ဖွဲ့ စည်းပုံထဲမှာပါတဲ့ မခွဲထွက်ခွင့်ကို ထည့်ခြင်း မထည့်ခြင်းကသာ အဓိကဖြစ်နေမယ် ဆိုခဲ့ရင် အဲဒါတွေကို မဆွေးနွေးဘဲနဲ့  ဘေးနားမှာ ခဏထားပြီးတော့ ရှေ့ကိုဆက်သွားခြင်းက ရှေ့ကို ဆက်သွားနိုင်မယ့်လမ်းကြောင်းတစ်ခုဖြစ်နေမလား ဆိုတာဆရာ့အမြင်ကို သိချင်ပါတယ်။ “
ပရိသတ် ။ ဒုတိယနှစ် (မဟာတန်း) ကျောင်းသူ (IR ဌာန)
DVB TV - 24.02.2019
Комментарии
Автор

ခုနကကျောင်းသားဆိုလိုတာ
ကသူကသာပြန်မဖြေရှင်းလို့
သူပြောနေတာကတိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့တွေ
ထဲကအခြေခံတပ်သားတွေ
ကိုရည်ညွှန်းပြောတာပါ
သူပြောတာမှန်နေပါတယ်
ထိပ်တန်းသူတွေကတော့
ဟုတ်မှာပေါ့ ချမ်းသာတဲ့
ဘဝကနေအချို့ကလာ
တာ ကျောင်းကောင်းတွေ
မှာဘွဲ့ရတာ ဘာညာက။

KoKo-vuye
Автор

ဗမာက ဗမာစာကို ဖတ်လို့ရအောင်မရေးတတ်တော့ အင်း မဖေါ်ပြ အမှိုက်ပုံ ကိုယ်ပြန်ပြန်ဖတ်ပြီးမှ ပေါ့

LalZaHmung-ef