filmov
tv
မန္တလေး - ရှမ်းမြောက် နေ့ချင်းပြန် ခရီးပေါက်ပြီလို့ MDY-PDF ထုတ်ပြန်၊
Показать описание
ပြည်သူထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်တွေရဲ့ ကြိုးစားမှုနဲ့ အောင်ပွဲတွေရဟုဆို၊
ဒေါ်လာ/MFP၊ ဩဂုတ် - ၂၈
နွေဦးတော်လှန်ရေးကာလ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုနဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ ကြိုးစား အားထုတ်မှုတွေကြောင်း မန္တလေးနဲ့ ရှမ်းမြောက်ကို နေ့ချင်းပြန် သွားလာလို့ရနေပြီ ဖြစ်ပြီး ရှမ်းခေါက်ဆွဲ တက်စားလို့ ရနေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။
“၂၀၂၁ ခုနှစ်တုန်းက ရှမ်းမြောက်ကနေ မန္တလေးတိုင်းကို နေ့ချင်းပြန် ခရီးသွားနိုင်ဖို့ဆိုတာ အိပ်မက်လား တကယ်လားလို့ မေးရလိမ့်မယ် …။ အခုတော့ဖြင့် မန္တလေးတိုင်းကနေ ရှမ်းမြောက်ကို နေ့ချင်းပြန် တက်ပြီး ရှမ်းခေါက်ဆွဲ စားဖို့ဆိုတာ ဧကန်အမှန်ဖြစ်လာခဲ့ပြီ …။ စစ်သည် ၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု၊ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနှင့်အတူ ရှမ်းမြောက် - မန္တလေး၊ မန္တလေး - ရှမ်းမြောက် ဖြစ်ပြီးရင် …… မန္တလေးမှသည် နေပြည်တော် ဆိုတာလည်း မဝေးတော့ဘူး ဆိုတာ အသေအချာပါပဲ။ မဝေးကွာတော့တဲ့ ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသော စစ်သည် / စစ်မေများနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသော စစ်သည် စစ်မေများကို ဦးညွှတ် ဂုဏ်ပြုလျက် … ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်( မန္တလေး ) အနေဖြင့် ရှေ့သို့ …. ရှေ့သို့ …. ရှေ့သို့ ဆက်လက်ချီတက်လျက်ပါပဲ …” လို့ MDY-PDF က ဆိုပါတယ်။
ဇွန်(၂၅)ရက်မှာ ပြန်လည် စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးကိုလည်း ဖော်ဆောင်နေပြီး လက်ရှိမှာ MDY-PDF နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက မန္တလေးတိုင်း အတွင်းက စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။
MDY-PDF နဲ့ မဟာမိတ်တွေ သိမ်းယူထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေဟာ ရှမ်းမြောက်ဒေသနဲ့ ထိစပ်နေပြီး စဉ့်ကူးကနေ မိုးကုတ်အထိ လမ်းကြောင်းကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ MDY-PDF က ဩဂုတ်(၂၆)ရက်မှာ ထုတ်ပြန်ထားပါတယ်။
#Mandalay_Free_Press_MFP

Комментарии