filmov
tv
စစ်တပ်က ကြီးစိုးနေသရွေ့ သမ္မတဖြစ်လည်း ကြက်ကလေးငှက်ကလေးလို ဖမ်းခံရနိုင်တယ် (ရုပ်/သံ)

Показать описание
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၄
စတင်တည်ထောင်ကတည်းက ဖျက်သိမ်းမယ်လို့ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်ချိန်မှာ ပိုပြီးအရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိသွားပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအပေါ် စစ်အာဏာရှင်တွေက ဘယ်လောက်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်နေသလဲဆိုတဲ့ မြင်သာတဲ့အရာတခုဖြစ်ပါတယ်။
AAPP တည်ထောင်ခဲ့တာ ၂၄ နှစ်ရှိခဲ့ပါပြီ။ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖမ်းဆီးထောင်ချမှု၊ သတ်ဖြတ်မှုတွေဟာ AAPP ရဲ့ သက်တမ်းတလျှောက်မှာ အများဆုံးကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပြပါတယ်။
AAPP ဟာ နိုင်ငံရေးယုံကြည်ချက်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကြောင့် ဖမ်းဆီးအကျဉ်းကျခံနေရသူတို့ရဲ့ အကျဉ်းထောင်တွေအတွင်းကအခြေအနေတွေ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ၊ ဥပဒေကြောင်းအရဆောင်ရွက်မှုတွေနဲ့ ထောင်ကလွတ်လာပြီနောက် ရပ်တည်နိုင်ဖို့အတွက် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ပါ။
AAPP ကပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ အထိ စစ်ကောင်စီသတ်ဖြတ်ခဲ့တဲ့ ပြည်သူ စုစုပေါင်း ၅၇၃၂ ဦးရှိထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့သူ စုစုပေါင်း ၂၇၅၀၇ ရှိပြီး အဲဒီအထဲကမှ သေဒဏ်ချမှတ်ခံထားရတဲ့သူ ၁၆၇ ဦး ရှိထားပါတယ်။ ဒါဟာ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ ဒီထက်များနိုင်ပါတယ်။
AAPP ကနေ့စဉ်ထုတ်ပြန်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို ပြည်တွင်းပြည်ပသတင်းဌာနတွေ၊ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သုတေသနအဖွဲ့တွေက အသုံးပြုနေကြတာဖြစ်ပါတယ်။
AAPP ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ဆောင်ရွက်ခဲ့လို့ Sean MacBride ငြိမ်းချမ်းရေးဆုနဲ့ ၂၀၂၃ ခုနှစ်မှာတော့ နယ်သာနိုင်ငံ နိုင်ငံခြားရေးဌာနကနေ လူ့အခွင့်အရေးဆိုင်ရာ Tulip ဆုတွေကိုချီးမြှင့်ခံခဲ့ရပါတယ်။
၂၄ နှစ်တာကလအတွင်း စစ်အာဏာရှင်ခေတ်၊ အရပ်သားတပိုင်းစစ်တပ်တပိုင်းအစိုးရခေတ်၊ အရပ်သားအစိုးရခေတ်နဲ့ တကျော့ပြန်အာဏာသိမ်းမှုကို AAPP ကိုဦးဆောင်တဲ့သူတွေကကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားတွေ အရေး ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုတွေရရှိခဲ့သလို အတွေ့အကြုံကောင်းတွေ မှတ်တမ်းကောင်းတွေလည်း ရှိနေပါတယ်။
ဒီလိုအတွေ့အကြုံတွေ၊ ခေတ်အဆက်ဆက်မြန်မာဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ အကျဉ်းထောင်အတွင်း ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို ပိုမိုမြင်တွေ့နိုင်ဖို့အတွက် AAPP က ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ပြခန်းငယ်တခု ဖွင့်လှစ်ထားပါတယ်။ အဲဒီထဲမှာ အင်းစိန်ထောင်ပုံစံငယ်၊ မှတ်တမ်းတွေအပြင် ဒီမိုကရေစီလှုပ်ရှားမှု နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဓါတ်ပုံတွေကို နိုင်ငံတကာနဲ့ စိတ်ပါဝင်စားသူတွေ ကြည့်ရှုနိုင်ဖို့ခင်းကျင်း ပြသထားတာပါ။
ဒီပြခန်းနဲ့ ပတ်သက်ပြီး AAPP ကတော့ "ထောင်တွင်း၌ ခက်ခဲကြမ်းတမ်းမှုများစွာကို ခံစားခဲ့ရပြီး ရင်ဆိုင်ကျော်လွှားကာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုတာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
ပြခန်းထဲမှာ ၁၉၆၂ ကစလို့ ၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်ထိ ခေတ်အဆက်ဆက်ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ၊ စစ်တပ်ရဲ့ ရက်ရက်စက်စက်ဖြိုခွင်းမှုတွေ၊ သေဆုံးသွားခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ရုပ်ပုံလွှာတွေကို တစုတစည်းတည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းမှာရှိနေသ၍ မြန်မာနိုင်ငံမလွတ်လပ်ဘူးလို့ AAPP ကယူဆထားပြီး ဒီအကျဉ်းသားတွေက မြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီအရေး၊ လူ အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်ခြင်းတွေ အတွက် ရုန်းကန်လှုပ်ရှားမှုတွေကို ကိုယ်စားပြုနေတယ်လို့ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ဦးဘိုကြည် #နိုင်ငံရေးအကျဉ်းသား #ထောင် #AAPP

Комментарии