မြန်မာပြည်သူများနှင့် ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သင်္ကြန်ဆုတောင်းပေးပို့

preview_player
Показать описание
မြန်မာပြည်သူများနှင့် ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် သံရုံးအကြီးအကဲ သင်္ကြန်ဆုတောင်းပေးပို့
* * * * *

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်တို့က ၂၀၂၅ ခုနှစ် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလ နှစ်သစ်ဆုတောင်းများ ပေးပို့ထားကြသည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ဧပြီလ (၁၃)ရက်နေ့ နေ့စွဲဖြင့် အတာသင်္ကြန် သတင်းထုတ်ပြန်ရာတွင် ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်းနှင့် ဤခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေပါသည်ဟု ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပထမဆုံးအကြိမ်အဖြစ် ၁၉၉၄ ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်သင်္ကြန်ကို ပထမဆုံးကြုံတွေ့ဖူးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က အမေရိကန်ပြည်သူများကိုယ်စား သင်္ကြန်ဆုတောင်းကို ဧပြီလ (၁၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#TachileikNewsAgency
Video: U.S Embassy Rangoon က ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။
▬▬▬Tachileik News Agency▬▬▬
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬